ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (01/10/20)

ယူနိုက်တက်ဟာ စနေနေ့တုန်းကပွဲမှာ ဘရိုက်တန်ကို ပင်နယ်တီကြောင့် အနိုင်ရခဲ့ပေမယ့် မနေ့ကပွဲမှာတော့ ဟွမ်မာတာရဲ့ ခြေစွမ်းပြနဲ့အတူ မာတာ၊ ပေါ့ဘာ၊ တော်မီနေးတို့ရဲ့ သွင်းဂိုးတွေကြောင့် ၃-ဝနဲ့ အနိုင်ရခဲ့ပြီး ပြိုင်ပွဲစုံ ၃ပွဲဆက် နိုင်ပွဲမှတ်တမ်း ရရှိခဲ့ပါတယ်။

ယူနိုက်တက်ကို ကာရာဘောင်း ကွာတားဖိုင်နယ် ပို့ဆောင်ပေးခဲ့တဲ့ပွဲမှာ မာတာ က အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ယူနိုက်တက်ရဲ့ တိုက်စစ်ဆင်မှုတွေမှာ အဓိက ကျခဲ့သလို ခံစစ်ပိုင်းမှာလဲ ဂိုးမပေးရအောင် ကူညီပေးခဲ့ပြီး သူ့ရဲ့ အတွေ့အကြုံက လူငယ်တွေများတဲ့ အသင်းအတွက် အရေးပါခဲ့တယ်လို့ ဆိုးလ်ရှားက ချီးမွမ်းခဲ့ပါတယ်။

မန်ချက်စတာ တောင်ပံကစားသမား ဖက်ဒရီကို ချီရယ်ဆာကို အငှားခေါ်ယူဖို့ စုံစမ်းမေးမြန်းမှု လုပ်ခဲ့ပေမယ့်လဲ ဂျူဗင်တပ်က ပေါင်၄၅သန်းနဲ့ ဝယ်ယူဖို့ အလိုရှိနေတာကြောင့် ယူနိုက်တက်ကို ဖီအိုရင်တီးနားက ငြင်းပယ်ခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ ယူနိုက်တက်ရဲ့ တစ်ဦးတည်းသော ကစားသမားသစ်ဖြစ်ပြီး ဆန်ချိုကို မခေါ်နိုင်သေးတာကြောင့် ကလပ်က ဒမ်ဘီလီကို ပြောင်းလဲ ပစ်မှတ်ထားနေပေမယ့် ဒီနွေမှာ သူတို့အနေနဲ့ နောက်ထပ် ခေါ်ယူမှုတွေ မလုပ်နိုင်ရင် ရာသီကုန်မှာ အဆင့် ၄ ဝင်ဖို့ ခက်ခဲလိမ့်မယ်လို့ ဒါရန်း ဖလက်ချာက ဆိုပါတယ်။

ဘရိုက်တန်နဲ့ပွဲမှာ ဟွမ်မာတာဟာ အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပြီး ဂိုးရနိုင်တဲ့အခွင့်အရေးဖန်တီးမှု ၄ကြိမ် လုပ်ခဲ့သလို ပွဲအပြီးမှာ ၁ဂိုးနဲ့ ဖန်တီးမှု ၁ကြိမ် ရရှိခဲ့ပါတယ်။ မာတာရဲ့ ပါးနပ်ပြီး နှစ်သက်စရာကောင်းတဲ့ စွမ်းဆောင်ရည်ကို ဂယ်ရီလိုင်ကာက ချီးကျူးပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဆန်ချိုအတွက် နောက်ဆုံး ကမ်းလှမ်းမှုအဖြစ် ပေါင် ၉၁ သန်း ပေးခဲ့ပေမယ့် ပေါင်၁၀၈သန်း လိုချင်နေတဲ့ ဒေါ့မွန်က ဒီတစ်ပတ်အစောပိုင်းမှာပဲ ငြင်းပယ်ခဲ့တာနဲ့အတူ သူတို့ဟာ နောက်ထပ် ချဉ်းကပ်မှု ထပ်လုပ်မလားဆိုတာ ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။

ဘရိုက်တန်နဲ့ ပွဲမှာ ဒင်းဟန်ဒါဆန်က တည်ငြိမ်တဲ့ လက်စွမ်းကောင်းတွေ ပြသခဲ့ပြီး ယူနိုက်တက်အတွက် ၂ပွဲဆက် clean sheet ရယူပေးခဲ့ပါတယ်။ ၁-၀ အခြေအနေမှာ လီယန်ဒရို ထရော့ဆက်ရဲ့ ကန်ချက်ကို ကျွမ်းကျင်စွာ ကာကွယ်ခဲ့တဲ့ ဟန်ဒါဆန် ရဲ့ အာရုံ စူးစိုက်နိုင်စွမ်းကို ဆိုးလ်ရှားက ချီးကျူးပြောဆိုခဲ့ပါတယ်။

Zawgyi – ယူႏိုက္တက္ဟာ စေနေန႔တုန္းကပြဲမွာ ဘ႐ိုက္တန္ကို ပင္နယ္တီေၾကာင့္ အႏိုင္ရခဲ့ေပမယ့္ မေန႔ကပြဲမွာေတာ့ ဟြမ္မာတာရဲ႕ ေျခစြမ္းျပနဲ႔အတူ မာတာ၊ ေပါ့ဘာ၊ ေတာ္မီေနးတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၃-၀နဲ႔ အႏိုင္ရခဲ့ၿပီး ၿပိဳင္ပြဲစုံ ၃ပြဲဆက္ ႏိုင္ပြဲမွတ္တမ္း ရရွိခဲ့ပါတယ္။

ယူႏိုက္တက္ကို ကာရာေဘာင္း ကြာတားဖိုင္နယ္ ပို႔ေဆာင္ေပးခဲ့တဲ့ပြဲမွာ မာတာ က အေကာင္းဆုံးေျခစြမ္းျပခဲ့ၿပီး ယူႏိုက္တက္ရဲ႕ တိုက္စစ္ဆင္မႈေတြမွာ အဓိက က်ခဲ့သလို ခံစစ္ပိုင္းမွာလဲ ဂိုးမေပးရေအာင္ ကူညီေပးခဲ့ၿပီး သူ႔ရဲ႕ အေတြ႕အႀကဳံက လူငယ္ေတြမ်ားတဲ့ အသင္းအတြက္ အေရးပါခဲ့တယ္လို႔ ဆိုးလ္ရွားက ခ်ီးမြမ္းခဲ့ပါတယ္။

မန္ခ်က္စတာ ေတာင္ပံကစားသမား ဖက္ဒရီကို ခ်ီရယ္ဆာကို အငွားေခၚယူဖို႔ စုံစမ္းေမးျမန္းမႈ လုပ္ခဲ့ေပမယ့္လဲ ဂ်ဴဗင္တပ္က ေပါင္၄၅သန္းနဲ႔ ဝယ္ယူဖို႔ အလိုရွိေနတာေၾကာင့္ ယူႏိုက္တက္ကို ဖီအိုရင္တီးနားက ျငင္းပယ္ခဲ့ပါတယ္။

ဗန္ဒီဘိခ္ဟာ ယူႏိုက္တက္ရဲ႕ တစ္ဦးတည္းေသာ ကစားသမားသစ္ျဖစ္ၿပီး ဆန္ခ်ိဳကို မေခၚႏိုင္ေသးတာေၾကာင့္ ကလပ္က ဒမ္ဘီလီကို ေျပာင္းလဲ ပစ္မွတ္ထားေနေပမယ့္ ဒီေႏြမွာ သူတို႔အေနနဲ႔ ေနာက္ထပ္ ေခၚယူမႈေတြ မလုပ္ႏိုင္ရင္ ရာသီကုန္မွာ အဆင့္ ၄ ဝင္ဖို႔ ခက္ခဲလိမ့္မယ္လို႔ ဒါရန္း ဖလက္ခ်ာက ဆိုပါတယ္။

ဘ႐ိုက္တန္နဲ႔ပြဲမွာ ဟြမ္မာတာဟာ အေကာင္းဆုံး ကစားသမားျဖစ္ခဲ့ၿပီး ဂိုးရႏိုင္တဲ့အခြင့္အေရးဖန္တီးမႈ ၄ႀကိမ္ လုပ္ခဲ့သလို ပြဲအၿပီးမွာ ၁ဂိုးနဲ႔ ဖန္တီးမႈ ၁ႀကိမ္ ရရွိခဲ့ပါတယ္။ မာတာရဲ႕ ပါးနပ္ၿပီး ႏွစ္သက္စရာေကာင္းတဲ့ စြမ္းေဆာင္ရည္ကို ဂယ္ရီလိုင္ကာက ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ဆန္ခ်ိဳအတြက္ ေနာက္ဆုံး ကမ္းလွမ္းမႈအျဖစ္ ေပါင္ ၉၁ သန္း ေပးခဲ့ေပမယ့္ ေပါင္၁၀၈သန္း လိုခ်င္ေနတဲ့ ေဒါ့မြန္က ဒီတစ္ပတ္အေစာပိုင္းမွာပဲ ျငင္းပယ္ခဲ့တာနဲ႔အတူ သူတို႔ဟာ ေနာက္ထပ္ ခ်ဥ္းကပ္မႈ ထပ္လုပ္မလားဆိုတာ ဆုံးျဖတ္ရေတာ့မွာ ျဖစ္ပါတယ္။

ဘ႐ိုက္တန္နဲ႔ ပြဲမွာ ဒင္းဟန္ဒါဆန္က တည္ၿငိမ္တဲ့ လက္စြမ္းေကာင္းေတြ ျပသခဲ့ၿပီး ယူႏိုက္တက္အတြက္ ၂ပြဲဆက္ clean sheet ရယူေပးခဲ့ပါတယ္။ ၁-၀ အေျခအေနမွာ လီယန္ဒ႐ို ထေရာ့ဆက္ရဲ႕ ကန္ခ်က္ကို ကြၽမ္းက်င္စြာ ကာကြယ္ခဲ့တဲ့ ဟန္ဒါဆန္ ရဲ႕ အာ႐ုံ စူးစိုက္ႏိုင္စြမ္းကို ဆိုးလ္ရွားက ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။