ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (01/10/20)

ချယ်ဆီးအသင်းဟာ ရူဒီဂါကို အငှားမချခင် စာချုပ်သက်တမ်းတိုးဖို့ အလိုရှိနေပါတယ်။ စပါး၊ ဝက်စ်ဟမ်းနဲ့ ပီအက်စ်ဂျီတို့က ၎င်းကို စိတ်ဝင်စားနေ ပေမယ့် ချယ်ဆီးကတော့ ၁၈လသာ ကျန်တော့တဲ့ ရူဒီဂါရဲ့ စာချုပ်ကို နောက်ထပ်၁၂လ သက်တမ်းမတိုးပဲနဲ့ အပြောင်းအရွှေ့ကိစ္စကို စကားမပြောလိုဘဲ ရှိပါတယ်။

ချယ်ဆီး တောင်ပံကစားသမား ပူလီဆစ်ဟာ ဒီရာသီမှာ တံကောက်ကြော ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရတဲ့နောက် အခု သူ့အနေနဲ့ အတော်လေး အဆင်ပြေနေပြီး ပြန်ကစားပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ကြေညာခဲ့ပါတယ်။ လမ်းပတ်ကလဲ ပူလီဆစ် ပြန်လာတော့မှာဖြစ်ကြောင်း အတည်ပြုခဲ့ သလို စနေနေ့ ပဲလေ့စ်နဲ့ပွဲမှာ ပါဝင်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

ကွင်းလယ် ကစားသမား ရော့စ်ဘာကလေက သူဟာ နောက်နွေရာသီ ယူရိုပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက် ပါဝင်ခွင့်ရချင်တာကြောင့် အက်စ်တွန်ဗီလာ အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဘာကာယိုကိုကို ပီအက်စ်ဂျီက စိတ်ဝင်စားနေပြီး ချယ်ဆီးအသင်းဘက်က ၎င်းကို အငှားချထားဖို့ အတွက် ယူရို ၃သန်း တောင်းဆိုခဲ့ပါတယ်။ အငှား စာချုပ်မှာ အပြီးသတ်ဝယ်ယူခွင့် မပါဝင်ပေမယ့် ပီအက်စ်ဂျီက အပြီးသတ်ဝယ်ယူခွင့် အလိုရှိနေတာကြောင့် ကလပ်၂ခုကြား သဘောတူညီမှု မရရှိသေးပါဘူး။

ဘာကလေကို အက်စ်တွန်ဗီလာထံ အငှားချခဲ့ပေမယ့်လဲ လော့ဖ်တပ်ချိခ်ကတော့ နေရာပျောက်နေဆဲဖြစ်ပါတယ်။ ဒီရာသီမှာ ဘရိုက်တန်နဲ့ အဖွင့်ပွဲ ၁ပွဲသာ ကစားခွင့်ရခဲ့တဲ့ လော့ဖ်တပ်ချိခ်ဟာ အငှားထွက်ခွာရနိုင်တယ်လို့ လမ်းပတ်က အတည်ပြုခဲ့ပြီး ဝက်စ်ဟမ်းကို ပြောင်းရွှေ့နိုင်ဖွယ် ရှိနေပါတယ်။

ချယ်ဆီး ကတော့ ဝက်စ်ဟမ်းထံ ရူဒီဂါနဲ့ လော့ဖ်တပ်ချိခ်ကိုပေးပြီး ဒီကလန်ရိုက်စ်ကိုခေါ်ယူဖို့ကြိုးစားနေပါတယ်။ ရိုက်စ်ရဲ့တန်ကြေးက ပေါင် သန်း ၈၀ ရှိတာနဲ့အတူ ချဲလ်ဆီးဟာ သူတို့ကစားသမား၂ယောက်ကို အငှားချပြီးပြောင်းရွှေ့ကြေး လျှော့ချချင်နေတာပါ။

ချယ်ဆီးဟာ ကီပါကို ပေါင် ၅သန်းပေးပြီး အရန်ခုံ ထိုင်ခိုင်းနေရတာကြောင့် ပေါင် သန်း ၆၀နဲ့ ရောင်းချဖို့ အလိုရှိနေပေမယ့် ဝယ်ယူမယ့် သူ မရှိတာမို့ အငှားချထားလိုနေပါတယ်။ ဒါပေမယ့် သူ့ရဲ့တစ်ပတ်လုပ်ခ ပေါင် ၁သိန်းခွဲကို ဘယ်သူမှ ပေးမှာ မဟုတ်တာကြောင့် ဒီအတိုင်း အလှထိုင်ကြည့်နေရမယ့် သဘော ရှိနေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ႐ူဒီဂါကို အငွားမခ်ခင္ စာခ်ဳပ္သက္တမ္းတိုးဖို႔ အလိုရွိေနပါတယ္။ စပါး၊ ဝက္စ္ဟမ္းနဲ႔ ပီအက္စ္ဂ်ီတို႔က ၄င္းကို စိတ္ဝင္စားေန ေပမယ့္ ခ်ယ္ဆီးကေတာ့ ၁၈လသာ က်န္ေတာ့တဲ့ ရူဒီဂါရဲ႕ စာခ်ဳပ္ကို ေနာက္ထပ္၁၂လ သက္တမ္းမတိုးပဲနဲ႔ အေျပာင္းအေ႐ႊ႕ကိစၥကို စကားမေျပာလိုဘဲ ရွိပါတယ္။

ခ်ယ္ဆီး ေတာင္ပံကစားသမား ပူလီဆစ္ဟာ ဒီရာသီမွာ တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ ႐ုန္းကန္ခဲ့ရတဲ့ေနာက္ အခု သူ႔အေနနဲ႔ အေတာ္ေလး အဆင္ေျပေနၿပီး ျပန္ကစားေပးဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ေၾကညာခဲ့ပါတယ္။ လမ္းပတ္ကလဲ ပူလီဆစ္ ျပန္လာေတာ့မွာျဖစ္ေၾကာင္း အတည္ျပဳခဲ့ သလို စေနေန႔ ပဲေလ့စ္နဲ႔ပြဲမွာ ပါဝင္လာမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

ကြင္းလယ္ ကစားသမား ေရာ့စ္ဘာကေလက သူဟာ ေနာက္ေႏြရာသီ ယူ႐ိုၿပိဳင္ပြဲမွာ ႏိုင္ငံအသင္းအတြက္ ပါဝင္ခြင့္ရခ်င္တာေၾကာင့္ အက္စ္တြန္ဗီလာ အသင္းထံ အငွားနဲ႕ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္တယ္လို႔ ဝန္ခံခဲ့ပါတယ္။

ဘာကာယိုကိုကို ပီအက္စ္ဂ်ီက စိတ္ဝင္စားေနျပီး ခ်ယ္ဆီးအသင္းဘက္က ၄င္းကို အငွားခ်ထားဖို႔ အတြက္ ယူ႐ို ၃သန္း ေတာင္းဆိုခဲ့ပါတယ္။ အငွား စာခ်ဳပ္မွာ အၿပီးသတ္ဝယ္ယူခြင့္ မပါဝင္ေပမယ့္ ပီအက္စ္ဂ်ီက အၿပီးသတ္ဝယ္ယူခြင့္ အလိုရွိေနတာေၾကာင့္ ကလပ္၂ခုၾကား သေဘာတူညီမႈ မရရွိေသးပါဘူး။

ဘာကေလကို အက္စ္တြန္ဗီလာထံ အငွားခ်ခဲ့ေပမယ့္လဲ ေလာ့ဖ္တပ္ခ်ိခ္ကေတာ့ ေနရာေပ်ာက္ေနဆဲျဖစ္ပါတယ္။ ဒီရာသီမွာ ဘ႐ိုက္တန္နဲ႔ အဖြင့္ပြဲ ၁ပြဲသာ ကစားခြင့္ရခဲ့တဲ့ ေလာ့ဖ္တပ္ခ်ိခ္ဟာ အငွားထြက္ခြာရႏိုင္တယ္လို႔ လမ္းပတ္က အတည္ျပဳခဲ့ၿပီး ဝက္စ္ဟမ္းကို ေျပာင္းေ႐ႊ႕ႏိုင္ဖြယ္ ရွိေနပါတယ္။

ခ်ယ္ဆီး ကေတာ့ ဝက္စ္ဟမ္းထံ ႐ူဒီဂါနဲ႔ ေလာ့ဖ္တပ္ခ်ိခ္ကိုေပးၿပီး ဒီကလန္႐ိုက္စ္ကို ေခၚယူဖို႔ႀကိဳးစားေနပါတယ္။ ႐ိုက္စ္ရဲ႕တန္ေၾကးက ေပါင္ သန္း ၈၀ ရွိတာနဲ႔အတူ ခ်ဲလ္ဆီးဟာ သူတို႔ကစားသမား၂ေယာက္ကို အငွားခ်ၿပီးေျပာင္းေ႐ႊ႕ေၾကး ေလွ်ာ့ခ်ခ်င္ေနတာပါ။

ခ်ယ္ဆီးဟာ ကီပါကို ေပါင္ ၅သန္းေပးၿပီး အရန္ခုံ ထိုင္ခိုင္းေနရတာေၾကာင့္ ေပါင္ သန္း ၆၀နဲ႔ ေရာင္းခ်ဖို႔ အလိုရွိေနေပမယ့္ ဝယ္ယူမယ့္ သူ မရွိတာမို႔ အငွားခ်ထားလိုေနပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕တစ္ပတ္လုပ္ခ ေပါင္ ၁သိန္းခြဲကို ဘယ္သူမွ ေပးမွာ မဟုတ္တာေၾကာင့္ ဒီအတိုင္း အလွထိုင္ၾကည့္ေနရမယ့္ သေဘာ ရွိေနပါတယ္။