ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (01/10/20)

အာဆင်နယ် ဟာ အက်သလက်တီကို ကွင်းလယ်လူ သောမတ်စ်ပါတေး၊ လိုင်ယွန်ကြယ်ပွင့် အာဝါ တို့ကို ခေါ်ယူဖို့ ချိတ်ဆက်မှု ရှိခဲ့ပေမယ့် အခုထိ မထူးခြားသေးတာကြောင့် အပြောင်းအရွှေ့ကာလ မပိတ်သိမ်းခင် ပါတေးကို အရယူခေါ်ဖို့ လိုတယ်လို့ ဝင်းတားဘန်းက တိုက်တွန်းပြောဆို ခဲ့ပါတယ်။

လီဂူး ဝမ်း ကလပ် မာဆေးဟာ ဂွမ်ဒူဇီကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ပြသလာပါတယ်။ စပါးနဲ့ ချယ်ဆီးနည်းပြဟောင်း ဘိုအာ့စ်က ဂွမ်ဒူဇိ ကို အငှားခေါ်ယူဖို့ စိတ်အား ထက်သန်နေပေမယ့် အာဆင်နယ်ကတော့ အပြီးသတ် ရောင်းချဖို့ကို ပိုမို အလိုရှိနေပါတယ်။

ယူနိုက်တက်ဟာ မစ်လန်နိုင်းစ်ကို ပေါင် သန်း၂၀နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်လဲ အာဆင်နယ်ကတော့ သူတို့ အကယ်ဒမီထွက် ကစားသမားကို ရောင်းချဖို့ ဆန္ဒမရှိနေပါဘူး။ ဒါပေမယ့် အာဝါနဲ့ ပါတေးကိုခေါ်ယူချင်နေတဲ့ အာဆင်နယ်အတွက် ကစားသမားတွေ ရောင်းချပြီး ငွေရှာဖို့ လိုနေပါတယ်။

အာဆင်နယ်နဲ့ စပါးတို့ဟာ ရိုးမား ကွင်းလယ်လူ ဒီအာဝါရာကို စိတ်ဝင်စားနေတာဖြစ်သလို တနင်္ဂနွေနေ့က ဂျူဗင်တပ်နဲ့ ၂ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ သူ့ကို အရန်ခုံ ထိုင်ခိုင်းခဲ့တဲ့ အတွက် အေးဂျင့်ဖြစ်သူက ဒေါသထွက်နေခဲ့တာပါ။ဒီအာဝါရာကလဲ သူ့အနာဂတ်ကို ပြန် စဉ်းစားနေပြီဖြစ်သလို ဂန်းနားတွေအတွက် မျှော်လင့်ချက် ရှိလာခဲ့ပါတယ်။

ရေးစ် နယ်ဆန်ဟာ လာမယ့်ရာသီအတွက် အငှားချခံထားရနိုင်ပြီး ဘရိုက်တန်၊ ဘန်လေ၊ ပဲလေ့စ်တို့က စိတ်ဝင်စားနေပေမယ့် စမစ်ရိုဝီကိုတော့ အာတီတာက သဘောကျတာကြောင့် ဆက်လက် တိုးတက်ဖို့ အာဆင်နယ်မှာပဲ ဆက် ထိန်းသိမ်းထားချင်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လူငယ်ကစားသမား ဆီဆာ ဂီလာဘတ် အတွက် အာဆင်နယ်နဲ့ လိဒ်တို့ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ပါတယ်။ ရီးရဲလ် အရန် အသင်းမှာ ၂၁ပွဲကစားခဲ့ပြီး အသင်းကြီးမှာ ကစားခွင့် မရသေးပေမယ့် ဂီလာဘတ်ဟာ မက်ဒရစ်ကလပ်နဲ့လမ်းခွဲဖို့ စိတ်မဝင်စားပဲ ရှိပါတယ်။

အခုအချိန်မှာ လီဗာပူးဟာ အာဆင်နယ်ထက် တစ်ဆင့်မြင့်နေတယ်လို့ မိုက်ကယ် အာတီတာက ဝန်ခံခဲ့ပေမယ့် ယနေ့ည ကာရာဘောင်း ဖလားမှာ သူတို့နှစ်သင်း ထပ်မံတွေ့ဆုံရတဲ့အခါ လီဗာပူးကို အနိုင်ရရှိဖို့ အာတီတာက မျှော်လင့်နေပါတယ်။ နောက်ဆုံးတွေ့ဆုံမှုမှာတော့ လီဗာပူးက ၃-၁နဲ့ အနိုင်ရရှိထားတာပါ။

လိုင်ယွန်ကွင်းလယ်လူ အာဝါအတွက် ကမ်းလှမ်းထားတဲ့ အထဲမှာ အာဆင်နယ် အပါအဝင် အသင်းကြီး ၃သင်း ရှိနေပြီး ကာလတို အတွက် ၂ခု၊ ကာလရှည် အတွက် ၁ခု ကမ်းလှမ်းထားကြတယ်လို့ လိုင်ယွန် ဥက္ကဌက အတည်ပြုခဲ့ပါတယ်။

Zawgyi – အာဆင္နယ္ ဟာ အက္သလက္တီကို ကြင္းလယ္လူ ေသာမတ္စ္ပါေတး၊ လိုင္ယြန္ၾကယ္ပြင့္ အာဝါ တို႔ကို ေခၚယူဖို႔ ခ်ိတ္ဆက္မႈ ရွိခဲ့ေပမယ့္ အခုထိ မထူးျခားေသးတာေၾကာင့္ အေျပာင္းအေ႐ႊ႕ကာလ မပိတ္သိမ္းခင္ ပါေတးကို အရယူေခၚဖို႔ လိုတယ္လို႔ ဝင္းတားဘန္းက တိုက္တြန္းေျပာဆို ခဲ့ပါတယ္။

လီဂူး ဝမ္း ကလပ္ မာေဆးဟာ ဂြမ္ဒူဇီကို ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း ျပသလာပါတယ္။ စပါးနဲ႔ ခ်ယ္ဆီးနည္းျပေဟာင္း ဘိုအာ့စ္က ဂြမ္ဒူဇိ ကို အငွားေခၚယူဖို႔ စိတ္အား ထက္သန္ေနေပမယ့္ အာဆင္နယ္ကေတာ့ အၿပီးသတ္ ေရာင္းခ်ဖို႔ကို ပိုမို အလိုရွိေနပါတယ္။

ယူႏိုက္တက္ဟာ မစ္လန္ႏိုင္းစ္ကို ေပါင္ သန္း၂၀နဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေနေပမယ့္လဲ အာဆင္နယ္ကေတာ့ သူတို႔ အကယ္ဒမီထြက္ ကစားသမားကို ေရာင္းခ်ဖို႔ ဆႏၵမရွိေနပါဘူး။ ဒါေပမယ့္ အာဝါနဲ႔ ပါေတးကိုေခၚယူခ်င္ေနတဲ့ အာဆင္နယ္အတြက္ ကစားသမားေတြ ေရာင္းခ်ၿပီး ေငြရွာဖို႔ လိုေနပါတယ္။

အာဆင္နယ္နဲ႔ စပါးတို႔ဟာ ႐ိုးမား ကြင္းလယ္လူ ဒီအာဝါရာ ကို စိတ္ဝင္စားေနတာျဖစ္သလို တနဂၤေႏြေန႔က ဂ်ဴဗင္တပ္နဲ႔ ၂ဂိုးစီ သေရက်ခဲ့တဲ့ပြဲမွာ သူ႔ကို အရန္ခုံ ထိုင္ခိုင္းခဲ့တဲ့ အတြက္ ေအးဂ်င့္ျဖစ္သူက ေဒါသထြက္ေနခဲ့တာပါ။ ဒီအာဝါရာကလဲ သူ႔အနာဂတ္ကို ျပန္ စဥ္းစားေနၿပီျဖစ္သလို ဂန္းနားေတြအတြက္ ေမွ်ာ္လင့္ခ်က္ ရွိလာခဲ့ပါတယ္။

ေရးစ္ နယ္ဆန္ဟာ လာမယ့္ရာသီအတြက္ အငွားခ်ခံထားရႏိုင္ၿပီး ဘ႐ိုက္တန္၊ ဘန္ေလ၊ ပဲေလ့စ္တို႔က စိတ္ဝင္စားေနေပမယ့္ စမစ္႐ိုဝီကိုေတာ့ အာတီတာက သေဘာက်တာေၾကာင့္ ဆက္လက္ တိုးတက္ဖို႔ အာဆင္နယ္မွာပဲ ဆက္ ထိန္းသိမ္းထားခ်င္ေနပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ လူငယ္ကစားသမား ဆီဆာ ဂီလာဘတ္ အတြက္ အာဆင္နယ္နဲ႔ လိဒ္တို႔ရဲ႕ ကမ္းလွမ္းမႈေတြကို ျငင္းပယ္ခဲ့ပါတယ္။ ရီးရဲလ္ အရန္ အသင္းမွာ ၂၁ပြဲကစားခဲ့ၿပီး အသင္းႀကီးမွာ ကစားခြင့္ မရေသးေပမယ့္ ဂီလာဘတ္ဟာ မက္ဒရစ္ကလပ္နဲ႔လမ္းခြဲဖို႔ စိတ္မဝင္စားပဲ ရွိပါတယ္။

အခုအခ်ိန္မွာ လီဗာပူးဟာ အာဆင္နယ္ထက္ တစ္ဆင့္ျမင့္ေနတယ္လို႔ မိုက္ကယ္ အာတီတာက ဝန္ခံခဲ့ေပမယ့္ ယေန႔ည ကာရာေဘာင္း ဖလားမွာ သူတို႔ႏွစ္သင္း ထပ္မံေတြ႕ဆုံရတဲ့အခါ လီဗာပူးကို အႏိုင္ရရွိဖို႔ အာတီတာက ေမွ်ာ္လင့္ေနပါတယ္။ ေနာက္ဆုံးေတြ႕ဆုံမႈမွာေတာ့ လီဗာပူးက ၃-၁နဲ႔ အႏိုင္ရရွိထားတာပါ။

လိုင္ယြန္ကြင္းလယ္လူ အာဝါအတြက္ ကမ္းလွမ္းထားတဲ့ အထဲမွာ အာဆင္နယ္ အပါအဝင္ အသင္းႀကီး ၃သင္း ရွိေနၿပီး ကာလတို အတြက္ ၂ခု၊ ကာလရွည္ အတြက္ ၁ခု ကမ္းလွမ္းထားၾကတယ္လို႔ လိုင္ယြန္ ဥကၠဌက အတည္ျပဳခဲ့ပါတယ္။