စပါးနဲ့ပွဲမှာ ဗန်ဒါဘိခ်ကို ပွဲထုတ်နိုင်လားအား အဖြေပြန်တဲ့ ယူနိုက်တက်မန်နေဂျာ ဆိုးရှား

ဒီအပတ်မှာတော့ ယူနိုက်တက်ဟာ မန်နေဂျာဟောင်း မော်ရင်ညို ကိုင်တွယ်နေတဲ့ စပါးအသင်းနဲ့ အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မော်ရင်ညိုနဲ့ ထိပ်တိုက်တွေ့ဆုံရဖို့ ရှိနေတာနဲ့အတူ အဆိုပါပွဲအတွက် ပွဲထွက်လူစာရင်းကိုလည်း ပရိသတ်တွေဘက်က ကြိုတင် ရင်ခုန်မှုတွေ ရှိနေတယ်။ မန်နေဂျာ ဆိုးရှားကတော့ အဆိုပါပွဲဟာ ဒီနွေကမှ ခေါ်ယူထားတဲ့ ကစားသမားသစ် ဗန်ဒါဘိခ်ရဲ့ ပထမဆုံး လိဂ်ပွဲဦးထွက်ခွင့်ကို မြင်ရနိုင်တယ်လို့ အသိပေးခဲ့ပါတယ်။

မန်နေဂျာဆိုးရှားက “ ကျွန်တော်တို့ ဒီရာသီ ပွဲတွေ ဘယ်လောက် ကစားရမလဲဆိုတာ သိပါတယ်၊ သူက ကျွန်တော်တို့အတွက် အရေးပါတဲ့ကစားသမားဖြစ်မှာပါ၊ သူက မြင့်မားတဲ့ အရည်အသွေးရှိပြီး ပါးနပ်တဲ့ လှုပ်ရှားမှုတွေကို ပွဲတိုင်း သက်သေပြခဲ့ပါတယ်၊ သူက ရိုးရိုးရှင်းရှင်းပဲ ကစားပေမယ့် ကောင်းကောင်း အကျိုးပြုနိုင်တာကြောင့် အားလုံးရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တာပါ ” လို့ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါပွဲကြိုမှာ ယူနိုက်တက် မန်နေဂျာ ဆိုးရှားနဲ့ စပါးမန်နေဂျာ မော်ရင်ညိုတို့ စကားစစ်ထိုးမှုတွေ လုပ်ထားပေမယ့် ဒါက ဖျော်ဖြေမှုဆိုတာထက် မပိုပါဘူးလို့ ဆိုးရှားက ပြောပါတယ်။

ဆိုးရှားကပဲ ” (ရယ်မောပြီး) ဘောလုံးမှာ စည်းကမ်းရှိပါတယ်။ ကျနေ်ာက သူဘာပြောလဲဆိုတာကို အများကြီး တွေးတောနေတာမျိုး မရှိပါဘူး။ ဒါတွေကို မီဒီယာတွေကပဲ အမျိုးအမျိုး ခေါင်းစဉ်တပ်နေကြတာ ဖြစ်ပါတယ်။

ကျနေ်ာတို့ကြားမှာ ဖျော်ဖြေမှုတွေ ရှိနေဖို့လည်း လိုပါတယ်။ မော်ရင်ညိုက အရင်နှစ်တွေတုန်းက ကျနေ်ာတို့အတွက် ကောင်းမွန်တဲ့ အခြေအနေတွေကို လုပ်ပေးထားသူဖြစ်တယ်။ သူဟာ မီဒီယာ တွေ့ဆုံမှုမှာကော ကွင်းတွင်းမှာပါ ဖျော်ဖြေမှုတွေ လုပ်ပေးထားပါတယ်။

ဒါပေမယ့် ကစားသမားဟောင်း တစ်ဦးအနေနဲ့ ကျနော်က ၁၈ ကိုက်စည်း ဧရိယာ ဘယ်လောက်ထိ ကျယ်နေဖို့ လိုသလဲဆိုတာကို သိပ်တွေးမနေပါဘူး။ ကျနော်က ဂိုးဧရိယာထဲကို ဘောလုံးဝင်အောင် ဘယ်လို ကန်ရမလဲဆိုတာပဲ အမြဲတမ်း တွေးနေသူပါ ” လို့ ဆက်လက် ပြောဆိုခဲ့ပါတယ်။

ZAWGYI

ဒီအပတ္မွာေတာ့ ယူႏိုက္တက္ဟာ မန္ေနဂ်ာေဟာင္း ေမာ္ရင္ညိဳ ကိုင္တြယ္ေနတဲ့ စပါးအသင္းနဲ႔ အိုထရတ္ဖိုဒ့္မွာ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

ေမာ္ရင္ညိဳနဲ႔ ထိပ္တိုက္ေတြ႕ဆုံရဖို႔ ရွိေနတာနဲ႔အတူ အဆိုပါပြဲအတြက္ ပြဲထြက္လူစာရင္းကိုလည္း ပရိသတ္ေတြဘက္က ၾကိဳတင္ ရင္ခုန္မႈေတြ ရွိေနတယ္။ မန္ေနဂ်ာ ဆိုးရွားကေတာ့ အဆိုပါပြဲဟာ ဒီေႏြကမွ ေခၚယူထားတဲ့ ကစားသမားသစ္ ဗန္ဒါဘိခ္ရဲ႕ ပထမဆုံး လိဂ္ပြဲဦးထြက္ခြင့္ကို ျမင္ရႏိုင္တယ္လို႔ အသိေပးခဲ့ပါတယ္။

မန္ေနဂ်ာဆိုးရွားက “ ကြၽန္ေတာ္တို႔ ဒီရာသီ ပြဲေတြ ဘယ္ေလာက္ ကစားရမလဲဆိုတာ သိပါတယ္၊ သူက ကြၽန္ေတာ္တို႔အတြက္ အေရးပါတဲ့ကစားသမားျဖစ္မွာပါ၊ သူက ျမင့္မားတဲ့ အရည္အေသြးရွိၿပီး ပါးနပ္တဲ့ လႈပ္ရွားမႈေတြကို ပြဲတိုင္း သက္ေသျပခဲ့ပါတယ္၊ သူက ႐ိုး႐ိုးရွင္းရွင္းပဲ ကစားေပမယ့္ ေကာင္းေကာင္း အက်ိဳးျပဳႏိုင္တာေၾကာင့္ အားလုံးရဲ႕ အာ႐ုံစိုက္မႈကို ရရွိခဲ့တာပါ ” လို႔ ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။

အဆိုပါပြဲၾကိဳမွာ ယူႏိုက္တက္ မန္ေနဂ်ာ ဆိုးရွားနဲ႔ စပါးမန္ေနဂ်ာ ေမာ္ရင္ညိဳတို႔ စကားစစ္ထိုးမႈေတြ လုပ္ထားေပမယ့္ ဒါက ေဖ်ာ္ေျဖမႈဆိုတာထက္ မပိုပါဘူးလို႔ ဆိုးရွားက ေျပာပါတယ္။

ဆိုးရွားကပဲ ” (ရယ္ေမာျပီး) ေဘာလံုးမွာ စည္းကမ္းရွိပါတယ္။ က်ေန္ာက သူဘာေျပာလဲဆိုတာကို အမ်ားၾကီး ေတြးေတာေနတာမ်ိဳး မရွိပါဘူး။ ဒါေတြကို မီဒီယာေတြကပဲ အမ်ိဳးအမ်ိဳး ေခါင္းစဥ္တပ္ေနၾကတာ ျဖစ္ပါတယ္။

က်ေန္ာတို႔ၾကားမွာ ေဖ်ာ္ေျဖမႈေတြ ရွိေနဖို႔လည္း လိုပါတယ္။ ေမာ္ရင္ညိဳက အရင္ႏွစ္ေတြတုန္းက က်ေန္ာတို႔အတြက္ ေကာင္းမြန္တဲ့ အေျခအေနေတြကို လုပ္ေပးထားသူျဖစ္တယ္။ သူဟာ မီဒီယာ ေတြ႔ဆံုမႈမွာေကာ ကြင္းတြင္းမွာပါ ေဖ်ာ္ေျဖမႈေတြ လုပ္ေပးထားပါတယ္။

ဒါေပမယ့္ ကစားသမားေဟာင္း တစ္ဦးအေနနဲ႔ က်ေနာ္က ၁၈ ကိုက္စည္း ဧရိယာ ဘယ္ေလာက္ထိ က်ယ္ေနဖို႔ လိုသလဲဆိုတာကို သိပ္ေတြးမေနပါဘူး။ က်ေနာ္က ဂိုးဧရိယာထဲကို ေဘာလံုးဝင္ေအာင္ ဘယ္လို ကန္ရမလဲဆိုတာပဲ အျမဲတမ္း ေတြးေနသူပါ ” လို႔ ဆက္လက္ ေျပာဆိုခဲ့ပါတယ္။