ဘယ်တောင်ပံမှာ ရပ်ဖိုဒ့်ကို ဖိအားပေးလာတော့မယ့် ကစားသမားကို ဆိုးရှား ထုတ်ဖော်

မန်နေဂျာ အိုလီဂန်နာ ဆိုးလ်ရှားက သူ့အနေနဲ့ ယူနိုက်တက်ရဲ့ ဘယ်တောင်ပံတိုက်စစ်မှာ မားကပ်ရက်ရှ်ဖို့ဒ်အစား ပြောင်းလဲရွေးချယ်စရာအဖြစ် ဗန်ဒီဘိခ်ကို အသုံးချနိုင်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

နယ်သာလန်သားဟာ လက်ရှိအပြောင်းအရွှေ့ကာလမှာ အိုးလ်ထရက်ဖို့ဒ်ထံ ပြောင်းလာတဲ့ တစ်ဦးတည်းသော ကစားသမားအသစ် ဖြစ်နေဆဲဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့ ကာရာဘောင်းပွဲတွေမှာ ကွင်းလယ်ကနေ ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။

သူဟာ ပဲလေ့စ်နဲ့ အဖွင့်ပွဲမှာ လူစားဝင်ကစားပြီး ဂိုးသွင်းနိုင်ခဲ့သလို လူတန်တောင်း၊ ဘရိုက်တန်တို့နဲ့ ပွဲတွေမှာ ဖန်တီးနိုင်စွမ်းတွေကို ပြသခဲ့တာပါ။

ဗန်ဒီဘိခ်ကို ပေါ့ဘာ၊ ဖာနန်ဒက်စ်တို့နဲ့ ယှဉ်ပြိုင်ဖို့ ဆိုးလ်ရှားက ခေါ်ခဲ့တာနဲ့အတူ သူက ယူနိုက်တက်အတွက် ကွင်းလယ်ဖန်တီးရှင် နေရာမှာ ဖြည့်ဆည်းပေးဖို့ မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် သရဲနီနည်းပြကတော့ သူ့ကို တောင်ပံနေရာမှာလဲ အသုံးချနိုင်တဲ့အကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

ဘရိုက်တန်ကို ၃-၀ နဲ့နိုင်ခဲ့တဲ့ပွဲအပြီးမှာ ဗန်ဒီဘိခ်နဲ့ ပတ်သက်လို့ ဆိုးလ်ရှားက “သူက တစ်ခါတလေ ကစားသမားတစ်ယောက်အတွက် အားသာချက်ဖြစ်တဲ့ မတူညီတဲ့ နေရာများစွာမှာ ကစားနိုင်တယ်လို့ ထင်ပါတယ်၊ ကျွန်တော်တောင် တခါတလေ ဘယ်တောင်ပံ၊ ညာတောင်ပံ၊ ဗဟိုတိုက်စစ်၊ နံပါတ် ၁၀ နေရာတွေမှာ ကစားခဲ့ရတယ်။

ဒွန်နီက နည်းပြတိုင်း အသင်းမှာ ရှိနေစေချင်တဲ့ ကစားသမားတစ်ယောက်ပါ၊ သူက သိပ်ကို မြင့်မားတဲ့ ဘောလုံးစွမ်းရည်ရှိတယ်၊ နည်းစနစ်ပိုင်းအရ သူက အေဂျက် အကယ်ဒမီထွက် ဖြစ်သလို နယ်သာလန် ဘောလုံးလောကက နည်းစနစ်ပိုင်း ဦးစားပေးတာပါ။

ဘောလုံးအကြောင်း သူကောင်းကောင်း သိတယ်၊ သူနဲ့ စကားပြောကြည့်ရင် သူ့ခေါင်းထဲမှာ အဲ့ဒီ့ ဗဟုသုတတွေ အပြည့်ရှိနေတယ်ဆိုတာ သိနိုင်ပါတယ်။

သူက ဒန်နီရယ်ဂျိမ်းစ်၊ ရက်ရှ်ဖို့ဒ်တို့နဲ့ ယှဉ်ရင် မတူညီတဲ့ ဘယ်သန်ကစားသမားမျိုးပါ၊ ဒါပေမယ့် နေရာလွတ်တွေရှာဖွေပြီး ပြေးလွှားတဲ့နေရာမှာလဲ ကောင်းမွန်ပါတယ်” လို့ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာ အိုလီဂန္နာ ဆိုးလ္ရွားက သူ႔အေနနဲ႔ ယူႏိုက္တက္ရဲ႕ ဘယ္ေတာင္ပံတိုက္စစ္မွာ မားကပ္ရက္ရွ္ဖို႔ဒ္အစား ေျပာင္းလဲေ႐ြးခ်ယ္စရာအျဖစ္ ဗန္ဒီဘိခ္ကို အသုံးခ်ႏိုင္တယ္လို႔ ထုတ္ေျပာခဲ့ပါတယ္။

နယ္သာလန္သားဟာ လက္ရွိအေျပာင္းအေ႐ႊ႕ကာလမွာ အိုးလ္ထရက္ဖို႔ဒ္ထံ ေျပာင္းလာတဲ့ တစ္ဦးတည္းေသာ ကစားသမားအသစ္ ျဖစ္ေနဆဲျဖစ္ၿပီး ပရီးမီးယားလိဂ္နဲ႔ ကာရာေဘာင္းပြဲေတြမွာ ကြင္းလယ္ကေန ပါဝင္ကစားခဲ့တာျဖစ္ပါတယ္။

သူဟာ ပဲေလ့စ္နဲ႔ အဖြင့္ပြဲမွာ လူစားဝင္ကစားၿပီး ဂိုးသြင္းႏိုင္ခဲ့သလို လူတန္ေတာင္း၊ ဘ႐ိုက္တန္တို႔နဲ႔ ပြဲေတြမွာ ဖန္တီးႏိုင္စြမ္းေတြကို ျပသခဲ့တာပါ။

ဗန္ဒီဘိခ္ကို ေပါ့ဘာ၊ ဖာနန္ဒက္စ္တို႔နဲ႔ ယွဥ္ၿပိဳင္ဖို႔ ဆိုးလ္ရွားက ေခၚခဲ့တာနဲ႔အတူ သူက ယူႏိုက္တက္အတြက္ ကြင္းလယ္ဖန္တီးရွင္ ေနရာမွာ ျဖည့္ဆည္းေပးဖို႔ ေမွ်ာ္လင့္ခဲ့ၾကတာ ျဖစ္ပါတယ္။ ဒါေပမယ့္ သရဲနီနည္းျပကေတာ့ သူ႔ကို ေတာင္ပံေနရာမွာလဲ အသုံးခ်ႏိုင္တဲ့အေၾကာင္း အရိပ္အႁမြက္ ေျပာၾကားခဲ့ပါတယ္။

ဘ႐ိုက္တန္ကို ၃-၀ နဲ ႔ႏိုင္ခဲ့တဲ့ပြဲအၿပီးမွာ ဗန္ဒီဘိခ္နဲ႔ ပတ္သက္လို႔ ဆိုးလ္ရွားက “သူက တစ္ခါတေလ ကစားသမားတစ္ေယာက္အတြက္ အားသာခ်က္ျဖစ္တဲ့ မတူညီတဲ့ ေနရာမ်ားစြာမွာ ကစားႏိုင္တယ္လို႔ ထင္ပါတယ္၊ ကြၽန္ေတာ္ေတာင္ တခါတေလ ဘယ္ေတာင္ပံ၊ ညာေတာင္ပံ၊ ဗဟိုတိုက္စစ္၊ နံပါတ္ ၁၀ ေနရာေတြမွာ ကစားခဲ့ရတယ္။

ဒြန္နီက နည္းျပတိုင္း အသင္းမွာ ရွိေနေစခ်င္တဲ့ ကစားသမားတစ္ေယာက္ပါ၊ သူက သိပ္ကို ျမင့္မားတဲ့ ေဘာလုံးစြမ္းရည္ရွိတယ္၊ နည္းစနစ္ပိုင္းအရ သူက ေအဂ်က္ အကယ္ဒမီထြက္ ျဖစ္သလို နယ္သာလန္ ေဘာလုံးေလာကက နည္းစနစ္ပိုင္း ဦးစားေပးတာပါ။

ေဘာလုံးအေၾကာင္း သူေကာင္းေကာင္း သိတယ္၊ သူနဲ႔ စကားေျပာၾကည့္ရင္ သူ႔ေခါင္းထဲမွာ အဲ့ဒီ့ ဗဟုသုတေတြ အျပည့္ရွိေနတယ္ဆိုတာ သိႏိုင္ပါတယ္။

သူက ဒန္နီရယ္ဂ်ိမ္းစ္၊ ရက္ရွ္ဖို႔ဒ္တို႔နဲ႔ ယွဥ္ရင္ မတူညီတဲ့ ဘယ္သန္ကစားသမားမ်ိဳးပါ၊ ဒါေပမယ့္ ေနရာလြတ္ေတြရွာေဖြၿပီး ေျပးလႊားတဲ့ေနရာမွာလဲ ေကာင္းမြန္ပါတယ္” လို႔ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။