ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (01/10/20)

ယူနိုက်တက်ဟာ အတ္တလန္တာ အသင်းမှ အသက် ၁၈ နှစ်အရွယ် တောင်ပံတိုက်စစ်သမားလေး အာမက် ထရာအိုရေး ကို ခေါ်ယူဖို့ မျက်စိကျကာ စတင်လှုပ်ရှားနေကြောင်း မန်ချက်စတာ အခြေစိုက် သတင်းဌာနက ဖော်ထုတ်ခဲ့ပါတယ်။

ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ သွင်းဂိုးတွေ ပိုမိုရရှိနေသင့်တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ဘောလုံး ဆုံးရှုံးတဲ့ အခါ တုန့်ပြန်မှုတွေမှာ လိုအပ်ချက်တွေ ရှိနေကြောင်း ဘရိုက်တန်နဲ့ ပွဲအပြီးမှာ အန်ဒီကိုးလ်နဲ့ ဖလက်ချာတို့က သုံးသပ် ထောက်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့လထဲက နေးရှင်းလိဂ်ပွဲစဉ်တွေ အတွက် ပြင်သစ်လက်ရွေးစင် လူစာရင်းမှာ ကိုဗစ်ကြောင့် မပါဝင်နိုင်ခဲ့တဲ့ ပေါ့ဘာ က ဒီလထဲမှာ ထပ်မံ ရွေးချယ်တဲ့ ပြင်သစ်အသင်းမှာ ပါဝင်လာခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒေါ့မွန်တိုက်စစ်သမား ဆန်ချိုကို နောက်ဆုံး အကြိမ် အဖြစ် ကမ်းလှမ်းမှုကို ထပ်လုပ်နိုင်ဆဲ ဖြစ်ကာ သူ့ကို လုံး၀ လက်လွှတ်ခဲ့ပြီ ဆိုရင်တော့ ဒမ်ဘီလီ၊ ဆား၊ ဂျိုဗစ်၊ ကာဗာနီ လေးဦးထဲက တစ်ဦးကို ခေါ်ယူဖို့ ချိတ်ဆက်မယ်လို့ သိရပါတယ်။

အင်္ဂလန်အသင်းရဲ့ ဒီလထဲ နိုင်ငံပွဲတွေ အတွက် လက်ရွေးစင်အသင်း လူစာရင်းကို ရွေးချယ် ကြေငြာလိုက်ရာ ပြီးခဲ့တဲ့ အခေါက် ပြသနာ ရှိခဲ့ကြတဲ့ ဂရင်းဝုဒ်နဲ့ ဖိုဒန်တို့ နှစ်ဦးကို ချန်လှပ်ခဲ့ပါတယ်။ ၎င်းတို့ နှစ်ဦး အစား ကဲဗက်လီဝင်နဲ့ ဆာကာတို့ ပါဝင်လာပါတယ်။

ယူနိုက်တက်မှာ ပွဲကစားဖို့ အသုံးပြုရန် အခွင့်အလမ်း နည်းပါးနေပြီ ဖြစ်တဲ့ ဖီးလ်ဂျုံးစ်၊ လင်ဂတ်၊ ဂျိမ်းစ်နဲ့ ရိုမဲရိုး တို့ကို ဈေးကွက်မပိတ်ခင် ရောင်းထုတ်လိုက်တာကသာ ကစားသမားသစ် စိတ်ကြိုက် ဝယ်ယူအားဖြည့်ဖို့ ယူနိုက်တက်အတွက် နည်းလမ်းကောင်း ဖြစ်ကြောင်း Goal သတင်းဌာနက သုံးသပ်သွားပါတယ်။

အနာဂတ်မှာ ဗန်ဒီဘိခ် ကို ဘယ်တောင်ပံမှာ နေရာပေးကာ ရက်ဖို့ဒ်ကို ဖိအားပေးမှုတွေ လုပ်လာနိုင်ကြောင်း ယူနိုက်တက် မန်နေဂျာ ဆိုးရှားက သတိပေးခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ဟာ အတၱလႏၱာ အသင္းမွ အသက္ ၁၈ နွစ္အရြယ္ ေတာင္ပံတိုက္စစ္သမားေလး အာမက္ ထရာအိုေရး ကို ေခၚယူဖို႔ မ်က္စိက်ကာ စတင္လႈပ္ရွားေနေၾကာင္း မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနက ေဖာ္ထုတ္ခဲ့ပါတယ္။

ယူနိုက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာဟာ သြင္းဂိုးေတြ ပိုမိုရရွိေနသင့္တဲ့ ကစားသမား တစ္ဦး ျဖစ္ျပီး ေဘာလံုး ဆံုးရွံဳးတဲ့ အခါ တုန္႔ျပန္မႈေတြမွာ လိုအပ္ခ်က္ေတြ ရွိေနေၾကာင္း ဘရိုက္တန္နဲ႕ ပြဲအျပီးမွာ အန္ဒီကိုးလ္နဲ႕ ဖလက္ခ်ာတို႔က သံုးသပ္ ေထာက္ျပခဲ့ပါတယ္။

ျပီးခဲ့တဲ့လထဲက ေနးရွင္းလိဂ္ပြဲစဥ္ေတြ အတြက္ ျပင္သစ္လက္ေရြးစင္ လူစာရင္းမွာ ကိုဗစ္ေၾကာင့္ မပါ၀င္နုိင္ခဲ့တဲ့ ေပါ့ဘာ က ဒီလထဲမွာ ထပ္မံ ေရြးခ်ယ္တဲ့ ျပင္သစ္အသင္းမွာ ပါ၀င္လာခဲ့ပါတယ္။

ယူနိုက္တက္ဟာ ေဒါ့မြန္တိုက္စစ္သမား ဆန္ခ်ိဳကို ေနာက္ဆံုး အၾကိမ္ အျဖစ္ ကမ္းလွမ္းမႈကို ထပ္လုပ္နုိင္ဆဲ ျဖစ္ကာ သူ႔ကို လံုး၀ လက္လႊတ္ခဲ့ျပီ ဆိုရင္ေတာ့ ဒမ္ဘီလီ၊ ဆား၊ ဂ်ိဳဗစ္၊ ကာဗာနီ ေလးဦးထဲက တစ္ဦးကို ေခၚယူဖို႔ ခ်ိတ္ဆက္မယ္လို႔ သိရပါတယ္။

အဂၤလန္အသင္းရဲ႕ ဒီလထဲ နိုင္ငံပြဲေတြ အတြက္ လက္ေရြးစင္အသင္း လူစာရင္းကို ေရြးခ်ယ္ ေၾကျငာလိုက္ရာ ျပီးခဲ့တဲ့ အေခါက္ ျပသနာ ရွိခဲ့ၾကတဲ့ ဂရင္း၀ုဒ္နဲ႕ ဖိုဒန္တို႔ နွစ္ဦးကို ခ်န္လွပ္ခဲ့ပါတယ္။ ၄င္းတို႔ နွစ္ဦး အစား ကဲဗက္လီ၀င္နဲ႕ ဆာကာတို႔ ပါ၀င္လာပါတယ္။

ယူနိုက္တက္မွာ ပြဲကစားဖို႔ အသံုးျပဳရန္ အခြင့္အလမ္း နည္းပါးေနျပီ ျဖစ္တဲ့ ဖီးလ္ဂ်ံဳးစ္၊ လင္ဂတ္၊ ဂ်ိမ္းစ္နဲ႕ ရိုမဲရိုး တို႔ကို ေစ်းကြက္မပိတ္ခင္ ေရာင္းထုတ္လိုက္တာကသာ ကစားသမားသစ္ စိတ္ၾကိဳက္ ၀ယ္ယူအားျဖည့္ဖို႔ ယူနိုက္တက္အတြက္ နည္းလမ္းေကာင္း ျဖစ္ေၾကာင္း Goal သတင္းဌာနက သံုးသပ္သြားပါတယ္။

အနာဂတ္မွာ ဗန္ဒီဘိခ္ ကို ဘယ္ေတာင္ပံမွာ ေနရာေပးကာ ရက္ဖို႕ဒ္ကို ဖိအားေပးမႈေတြ လုပ္လာနိုင္ေၾကာင္း ယူနိုက္တက္ မန္ေနဂ်ာ ဆိုးရွားက သတိေပးခဲ့ပါတယ္။