ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (02/10/20)

ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်အတွက် မဲခွဲမှုရလဒ်တွေ ထွက်ပေါ်လာရာ အာဆင်နယ် vs မန်စီးတီး၊ ဘရန့်ဖို့ဒ် vs နယူးကာဆယ်၊ စတုတ်စီးတီး vs စပါး၊ အဲဗာတန် vs မန်ချက်စတာ ယူနိုက်တက်တို့ တွေ့ဆုံနေပါတယ်။ တစ်ကျော့ထဲကစားမယ့်ပွဲမှာတော့ အဲဗာတန် အိမ်ကွင်းကို ယူနိုက်တက်က သွားရောက် ကစားရမှာပါ။

ချန်ပီယံလိဂ်မှာလည်း အုပ်စုအဆင့်မဲခွဲမှုတွေ ပေါ်ထွက်လာပြီ ဖြစ်ရာ ယူနိုက်တက်ဟာ အုပ်စုကြပ်ထဲ ရောက်ရှိနေခဲ့ပြီး ပီအက်စ်ဂျီ၊ ရက်ဘူး လိုက်ပ်ဇစ်၊ အစ္စတန်ဘူလ် ဘက်ရှီးယားအသင်း တို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ မနှစ်က ဗိုလ်လုပွဲ ရောက်ခဲ့သလို လိုက်ပ်ဇစ်ကလဲ ဆီမီးဖိုင်နယ်အထိ ရောက်ခဲ့တဲ့ အသင်းဖြစ်တာကြောင့် ယူနိုက်တက်အတွက် အုပ်စုတက်ဖို့ ရုန်းကန်ရမယ် ဟောကိန်းထုတ်မှုတွေ ရှိနေပါတယ်။

ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး လူကာဂျိုဗစ်နဲ့ ဖရီးအေးဂျင့် ကာဗာနီတို့အတွက် ကမ်းလှမ်းခံခဲ့ရတဲ့နောက် သူတို့ရဲ့ ရွေးချယ်စရာ တွေကို သေချာစဉ်းစားနေပါတယ်။ ယူနိုက်တက် ဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ကစားရမှာဖြစ်တာကြောင့် တိုက်စစ်ပိုင်းကို ပိုပြီးအားဖြည့်ဖို့ အလိုရှိနေတာပါ။

အတ္တလန္တာရဲ့ အမက် ထရာအိုရေးဟာ ပါးမားကို အငှားပြောင်းရွှေ့သွားခဲ့တာနဲ့အတူ ယူနိုက်တက်ဟာ ဆယ်ကျော်သက် ကစားသမားကို လက်လွှတ်ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ အသက် ၁၈နှစ် အရွယ် ကစားသမားကိုသဘောကျခဲ့ပြီး ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ ပါးမားက ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဖီအိုရင်တီးနားဟာ ဖက်ဒရီကို ချီရယ်ဆာကို အငှားခေါ်ယူဖို့ ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။ ဆန်ချိုကိုမရနိုင်တော့တဲ့နောက် ပစ်မှတ် ပြောင်းလဲခဲ့တာဖြစ်ပေမယ့် ဖီအိုရင်တီးနားကတော့ သူ့ကို အငှားချဖို့ အလိုမရှိဘဲ ဂျူဗင်တပ်ကလဲ ပေါင် ၄၅သန်း ပေးဝယ်ဖို့ အသင့်ရှိနေပါတယ်။

ရိုးမားဟာ ခရစ်စမောလင်းအတွက် ကမ်းလှမ်းမှုအသစ် လုပ်မှာဖြစ်ပေမယ့် ယူနိုက်တက် နောက်ခံလူ တင်မိုသီ ဖိုဆူမန်ဆာကိုလဲ အငှား ခေါ်ယူချင်နေပါတယ်။ စမောလင်းအတွက် ယူနိုက်တက်အလိုရှိတဲ့ ပေါင်၁၈သန်းပေးဖို့ ရိုးမားက စီစဉ်ထားပေမယ့် ဖိုဆူမန်ဆာကိုပါ အငှားချပေးမှ အပြောင်းအရွှေ့က ဖြစ်မြောက်မှာပါ။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ သူ့ရဲ့လက်ရွေးစင် အသင်းမှာ ဟယ်ရီမက်ဂွဲရားကို ပြန်ခေါ်ခဲ့ပေမယ့် အင်္ဂလန်အသင်းမှာ ရှိနေစဉ် လော့ဒေါင်း စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့ ဖီးဖိုဒန်နဲ့ ဂရင်းဝုဒ်တို့ကို ရွေးချယ်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။

Zawgyi – ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္ပြဲစဥ္အတြက္ မဲခြဲမႈရလဒ္ေတြ ထြက္ေပၚလာရာ အာဆင္နယ္ vs မန္စီးတီး၊ ဘရန္႔ဖို႔ဒ္ vs နယူးကာဆယ္၊ စတုတ္စီးတီး vs စပါး၊ အဲဗာတန္ vs မန္ခ်က္စတာ ယူႏိုက္တက္တို႔ ေတြ႕ဆုံေနပါတယ္။ တစ္ေက်ာ့ထဲကစားမယ့္ပြဲမွာေတာ့ အဲဗာတန္ အိမ္ကြင္းကို ယူႏိုက္တက္က သြားေရာက္ ကစားရမွာပါ။

ခ်န္ပီယံလိဂ္မွာလည္း အုပ္စုအဆင့္မဲခြဲမႈေတြ ေပၚထြက္လာျပီ ျဖစ္ရာ ယူႏိုက္တက္ဟာ အုပ္စုၾကပ္ထဲ ေရာက္ရွိေနခဲ့ၿပီး ပီအက္စ္ဂ်ီ၊ ရက္ဘူး လိုက္ပ္ဇစ္၊ အစၥတန္ဘူလ္ ဘက္ရွီးယားအသင္း တို႔နဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီဟာ မႏွစ္က ဗိုလ္လုပြဲ ေရာက္ခဲ့သလို လိုက္ပ္ဇစ္ကလဲ ဆီမီးဖိုင္နယ္အထိ ေရာက္ခဲ့တဲ့ အသင္းျဖစ္တာေၾကာင့္ ယူႏိုက္တက္အတြက္ အုပ္စုတက္ဖို႔ ရုန္းကန္ရမယ္ ေဟာကိန္းထုတ္မႈေတြ ရွိေနပါတယ္။

ယူႏိုက္တက္ဟာ ရီးရဲလ္မက္ဒရစ္ တိုက္စစ္မႉး လူကာဂ်ိဳဗစ္နဲ႔ ဖရီးေအးဂ်င့္ ကာဗာနီတို႔အတြက္ ကမ္းလွမ္းခံခဲ့ရတဲ့ေနာက္ သူတို႔ရဲ႕ ေ႐ြးခ်ယ္စရာ ေတြကို ေသခ်ာစဥ္းစားေနပါတယ္။ ယူနိုက္တက္ ဟာ ဒီရာသီ ခ်န္ပီယံလိဂ္မွာ ကစားရမွာျဖစ္တာေၾကာင့္ တိုက္စစ္ပိုင္းကို ပိုၿပီးအားျဖည့္ဖို႔ အလိုရွိေနတာပါ။

အတၱလႏၲာရဲ႕ အမက္ ထရာအိုေရးဟာ ပါးမားကို အငွားေျပာင္းေ႐ႊ႕သြားခဲ့တာနဲ႔အတူ ယူႏိုက္တက္ဟာ ဆယ္ေက်ာ္သက္ ကစားသမားကို လက္လႊတ္ခဲ့ရပါတယ္။ ယူနိုက္တက္ဟာ အသက္ ၁၈ႏွစ္ အ႐ြယ္ ကစားသမားကိုသေဘာက်ခဲ့ၿပီး ေခၚယူႏိုင္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ ပါးမားက ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဖီအိုရင္တီးနားဟာ ဖက္ဒရီကို ခ်ီရယ္ဆာကို အငွားေခၚယူဖို႔ ယူႏိုက္တက္ရဲ႕ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့ပါတယ္။ ဆန္ခ်ိဳကိုမရႏိုင္ေတာ့တဲ့ေနာက္ ပစ္မွတ္ ေျပာင္းလဲခဲ့တာျဖစ္ေပမယ့္ ဖီအိုရင္တီးနားကေတာ့ သူ႔ကို အငွားခ်ဖို႔ အလိုမရွိဘဲ ဂ်ဴဗင္တပ္ကလဲ ေပါင္ ၄၅သန္း ေပးဝယ္ဖို႔ အသင့္ရွိေနပါတယ္။

႐ိုးမားဟာ ခရစ္စေမာလင္းအတြက္ ကမ္းလွမ္းမႈအသစ္ လုပ္မွာျဖစ္ေပမယ့္ ယူႏိုက္တက္ ေနာက္ခံလူ တင္မိုသီ ဖိုဆူမန္ဆာကိုလဲ အငွား ေခၚယူခ်င္ေနပါတယ္။ စေမာလင္းအတြက္ ယူႏိုက္တက္အလိုရွိတဲ့ ေပါင္ ၁၈သန္းေပးဖို႔ ႐ိုးမားက စီစဥ္ထားေပမယ့္ ဖိုဆူမန္ဆာကိုပါ အငွားခ်ေပးမွ အေျပာင္းအေ႐ႊ႕က ျဖစ္ေျမာက္မွာပါ။

အဂၤလန္နည္းျပ ေဆာက္ဂိတ္ဟာ သူ႔ရဲ႕လက္ေ႐ြးစင္ အသင္းမွာ ဟယ္ရီမက္ဂြဲရားကို ျပန္ေခၚခဲ့ေပမယ့္ အဂၤလန္အသင္းမွာ ရွိေနစဥ္ ေလာ့ေဒါင္း စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ခဲ့တဲ့ ဖီးဖိုဒန္နဲ႔ ဂရင္းဝုဒ္တို႔ကို ေ႐ြးခ်ယ္ဖို႔ ဘယ္တုန္းကမွ မစဥ္းစားခဲ့ဘူးလို႔ ဝန္ခံခဲ့ပါတယ္။