ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (02/10/20)

ဗလင်စီယာ အသင်းဟာ ချယ်ဆီးကွင်းလယ်လူ ဒရင့်ဝါးတား ကို အငှားခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ချယ်ဆီးဟာ အသက် ၃၀ အရွယ် ကစားသမားကို အပြီးသတ် ရောင်းချချင်နေတာနဲ့အတူ သူ့အတွက် ဘယ်လို ကမ်းလှမ်းမှုကိုမဆို လက်ခံဖို့ ပြင်ဆင်ထားပါတယ်။

စပါးဟာ ချယ်ဆီးနောက်ခံလူ အန်တိုနီယို ရူဒီဂါအတွက် တရားဝင် ကမ်းလှမ်းမှု လုပ်ခဲ့တယ်လို့သိရပါတယ်။ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ လမ်းပတ်ရဲ့ လိုအပ်ချက်အတွက် အပိုဖြစ်နေခဲ့တဲ့ ရူဒီဂါဟာ ၅ရက်နေ့မတိုင်ခင် အသင်းကနေ ထွက်ခွာဖို့ ရှိနေပြီး ပီအက်စ်ဂျီ၊ ဘာစီလိုနာတို့ကလဲ သူ့ကို စိတ်ဝင်စားနေပါတယ်။

အာဆင်နယ်ဟာ ဒီနွေမှာ ချယ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူကတော့ ဘာ ကမ်းလှမ်းမှုမှ မရသေးဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ အာဆင်နယ်၊ ပီအက်စ်ဂျီတို့နဲ့ ကောလာဟလတွေကို ကြားပေမယ့် တရားဝင် ကမ်းလှမ်းမှု မရှိကြောင်း အေးဂျင့်က ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ အိုဒွိုင်းကို အငှားခေါ်ယူဖို့ ချယ်ဆီးနဲ့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ အသက် ၁၉နှစ် အရွယ် လူငယ်ကြယ်ပွင့်ဟာ ဒီရာသီ လမ်းပတ်အတွက် ပုံမှန် ကစားသမားဖြစ်ခဲ့ပေမယ့် လိဂ်မှာ၅၅မိနစ်သာ ကစားခွင့်ရခဲ့တာနဲ့အတူ အသင်းပြောင်းဖို့ စိတ်အားထက်သန်နေဆဲ ဖြစ်တယ်လို့သိရပါတယ်။

ဘာကာယိုကိုနဲ့ ချယ်ဆီးဟာ ဒီနွေမှာ နှစ်ဦးသဘောတူ လမ်းခွဲချင်ခဲ့ပေမယ့် အပြောင်းအရွှေ့ကာလပြီးဆုံးဖို့ နီးကပ်လာတာနဲ့အတူ သူ့ အနာဂတ်က ရေရာမှုမရှိသေးပါဘူး။အေစီမီလန်နဲ့ သဘောတူညီမှုမရခဲ့ပေမယ့် ပီအက်စ်ဂျီနဲ့အတူ ဟာသာဘာလင်ကလဲ သူ့ကို စိတ်ဝင်စားလာနေပါတယ်။

ချယ်ဆီးကွင်းလယ်လူ ကန်တေဟာ ဒီနွေမှာကလပ်ကို စွန့်ခွာမှာ မဟုတ်ဘူးလို့ သိရပါတယ်။ အသင်းမှာ ကန်တေရဲ့ အရေးပါပုံကို လမ်းပတ်က ကောင်းကောင်း သိမြင်တဲ့အပြင် အသင်းပိုင်ရှင် ရိုမန်အေဗရာမိုဗစ်ကလဲ ကန်တေကို သဘောကျတာကြောင့် ထွက်ခွာခွင့်ပေးမှာ မဟုတ်ပါဘူး။

အင်တာမီလန်ဟာ ချယ်ဆီး ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆိုအတွက် ကမ်းလှမ်းမှုလုပ်ဖို့ပြင်ဆင်နေပါတယ်။ အသက်၂၉နှစ် အရွယ် ကစားသမားဟာ ဝက်စ်ဘရွန်းနဲ့ပွဲမှာ နည်းပြ လမ်းပတ်နဲ့ ပြဿနာတက်ခဲ့တဲ့နောက် အနာဂတ်မရေမရာဖြစ်လာခဲ့ပြီး ဒီနွေမှာ ရောင်းထုတ်ခံရနိုင်ခြေ ရှိနေပါတယ်။

ချယ်ဆီးဂိုးသမားသစ် မန်ဒီက သူ့အနေနဲ့ ကာရာဘောင်းဖလားမှာပင်နယ်တီနဲ့ စပါးကိုရှုံးခဲ့လို့ ဝမ်းနည်းကြောင်း ဝန်ခံခဲ့ပေမယ့် ကလပ်အတွက် သူ့ရဲ့ ပွဲဦးထွက်အပေါ် ဂုဏ်ယူကြောင်း ပြောဆိုခဲ့ပါတယ်။ မန်ဒီဟာ ပွဲအတွင်း ဘယ်နောက်ခံလူ ရီဂွယ်လွန်ရဲ့ ကန်ချက်ကိုကာကွယ်နိုင်ခဲ့ပေမယ့် ပင်နယ်တီမှာတော့ ၅လုံးစလုံး ခွင့်ပြုပေးခဲ့ရပါတယ်။

Zawgyi – ဗလင္စီယာ အသင္းဟာ ခ်ယ္ဆီးကြင္းလယ္လူ ဒရင့္ဝါးတား ကို အငွားေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။ ခ်ယ္ဆီးဟာ အသက္ ၃၀ အ႐ြယ္ ကစားသမားကို အၿပီးသတ္ ေရာင္းခ်ခ်င္ေနတာနဲ႔အတူ သူ႔အတြက္ ဘယ္လို ကမ္းလွမ္းမႈကိုမဆို လက္ခံဖို႔ ျပင္ဆင္ထားပါတယ္။

စပါးဟာ ခ်ယ္ဆီးေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါအတြက္ တရားဝင္ ကမ္းလွမ္းမႈ လုပ္ခဲ့တယ္လို႔သိရပါတယ္။ စတန္းဖို႔ဒ္ဘရစ္ခ္်မွာ လမ္းပတ္ရဲ႕ လိုအပ္ခ်က္အတြက္ အပိုျဖစ္ေနခဲ့တဲ့ ႐ူဒီဂါဟာ ၅ရက္ေန႔မတိုင္ခင္ အသင္းကေန ထြက္ခြာဖို႔ ရွိေနၿပီး ပီအက္စ္ဂ်ီ၊ ဘာစီလိုနာတို႔ကလဲ သူ႔ကို စိတ္ဝင္စားေနပါတယ္။

အာဆင္နယ္ဟာ ဒီေႏြမွာ ခ်ယ္ဆီး ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူကေတာ့ ဘာ ကမ္းလွမ္းမႈမွ မရေသးဘူးလို႔ ဖြင့္ဟခဲ့ပါတယ္။ အာဆင္နယ္၊ ပီအက္စ္ဂ်ီတို႔နဲ႔ ေကာလာဟလေတြကို ၾကားေပမယ့္ တရားဝင္ ကမ္းလွမ္းမႈ မရွိေၾကာင္း ေအးဂ်င့္က ေျပာျပခဲ့တာ ျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာ အိုဒြိဳင္းကို အငွားေခၚယူဖို႔ ခ်ယ္ဆီးနဲ႔ ေဆြးေႏြးမႈေတြ လုပ္ေနပါတယ္။ အသက္ ၁၉ႏွစ္ အ႐ြယ္ လူငယ္ၾကယ္ပြင့္ဟာ ဒီရာသီ လမ္းပတ္အတြက္ ပုံမွန္ ကစားသမားျဖစ္ခဲ့ေပမယ့္ လိဂ္မွာ၅၅မိနစ္သာ ကစားခြင့္ရခဲ့တာနဲ႔အတူ အသင္းေျပာင္းဖို႔ စိတ္အားထက္သန္ေနဆဲ ျဖစ္တယ္လို႔သိရပါတယ္။

ဘာကာယိုကိုနဲ႔ ခ်ယ္ဆီးဟာ ဒီေႏြမွာ ႏွစ္ဦးသေဘာတူ လမ္းခြဲခ်င္ခဲ့ေပမယ့္ အေျပာင္းအေ႐ႊ႕ကာလၿပီးဆုံးဖို႔ နီးကပ္လာတာနဲ႔အတူ သူ႔ အနာဂတ္က ေရရာမႈမရွိေသးပါဘူး။ေအစီမီလန္နဲ႔ သေဘာတူညီမႈမရခဲ့ေပမယ့္ ပီအက္စ္ဂ်ီနဲ႔အတူ ဟာသာဘာလင္ကလဲ သူ႔ကို စိတ္ဝင္စားလာေနပါတယ္။

ခ်ယ္ဆီးကြင္းလယ္လူ ကန္ေတဟာ ဒီေႏြမွာကလပ္ကို စြန္႔ခြာမွာ မဟုတ္ဘူးလို႔ သိရပါတယ္။ အသင္းမွာ ကန္ေတရဲ႕ အေရးပါပုံကို လမ္းပတ္က ေကာင္းေကာင္း သိျမင္တဲ့အျပင္ အသင္းပိုင္ရွင္ ႐ိုမန္ေအဗရာမိုဗစ္ကလဲ ကန္ေတကို သေဘာက်တာေၾကာင့္ ထြက္ခြာခြင့္ေပးမွာ မဟုတ္ပါဘူး။

အင္တာမီလန္ဟာ ခ်ယ္ဆီး ဘယ္ေနာက္ခံလူ မားကို႔စ္ အလြန္ဆိုအတြက္ ကမ္းလွမ္းမႈလုပ္ဖို႔ျပင္ဆင္ေနပါတယ္။ အသက္၂၉ႏွစ္ အ႐ြယ္ ကစားသမားဟာ ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ နည္းျပ လမ္းပတ္နဲ႔ ျပႆနာတက္ခဲ့တဲ့ေနာက္ အနာဂတ္မေရမရာျဖစ္လာခဲ့ၿပီး ဒီေႏြမွာ ေရာင္းထုတ္ခံရႏိုင္ေျခ ရွိေနပါတယ္။

ခ်ယ္ဆီးဂိုးသမားသစ္ မန္ဒီက သူ႔အေနနဲ႔ ကာရာေဘာင္းဖလားမွာပင္နယ္တီနဲ႔ စပါးကိုရႈံးခဲ့လို႔ ဝမ္းနည္းေၾကာင္း ဝန္ခံခဲ့ေပမယ့္ ကလပ္အတြက္ သူ႔ရဲ႕ ပြဲဦးထြက္အေပၚ ဂုဏ္ယူေၾကာင္း ေျပာဆိုခဲ့ပါတယ္။ မန္ဒီဟာ ပြဲအတြင္း ဘယ္ေနာက္ခံလူ ရီဂြယ္လြန္ရဲ႕ ကန္ခ်က္ကိုကာကြယ္ႏိုင္ခဲ့ေပမယ့္ ပင္နယ္တီမွာေတာ့ ၅လုံးစလုံး ခြင့္ျပဳေပးခဲ့ရပါတယ္။