ချယ်ဆီး၊ လီဗာပူးတို့နဲ့ အပြောင်းအရွှေ့ အခြေအနေ ကော်တင်ညို အေးဂျင့် ထုတ်ပြောလာ

ဘာစီလိုနာ ကွင်းလယ်ကစားသမား ကော်တင်ညိုဟာ ပရီးမီးယားလိဂ် သို့ ပြန်လာဖို့ သတင်းကြီးနေပြီး ၎င်း ရွေးချယ်ဖွယ် ရှိတဲ့ အသင်းတွေ အနေနဲ့ ချယ်ဆီးနဲ့ အသင်းဟောင်း လီဗာပူးတို့က ရေပန်းစားနေပါတယ်။ ဒါပေမယ့် ကော်တင်ညိုရဲ့ အေးဂျင့် ကီရာ ဂျိုရပ်ချီရမ် ကတော့ သူ့ ကစားသမားရဲ့ တကယ့် လက်ရှိ အပြောင်းအရွှေ့ အခြေအနေကို ထုတ်ပြောလာခဲ့ပါတယ်။

ဘရာဇီးသားရဲ့ အနာဂတ်နဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုက တစုံတရာ မရှိသေးကြောင်း အေးဂျင့် ကီရာက အတည်ပြု ထုတ်ဖော် ပြောဆိုခဲ့တာပါ။ ဘိုင်ယန်မှာ အငှားထွက် ကစားနေတဲ့ ကော်တင်ညိုက ဒီနွေမှာ စပိန်သို့ ပြန်လာရမှာ ဖြစ်ပြီး ဘယ်အသင်းမှာ ဆက်ရှိမလဲ မသေချာသေးဘဲ ဖြစ်နေပါတယ်။

” ဖိလစ်ပီက လောလောဆယ် ဘိုင်ယန်မှာပါ။ အခုတော့ (ပွဲတွေပြန်စတောင်) အရန်မှာပဲ ရှိဦးမယ်။ သူ့မှာ ဒဏ်ရာ ရှိနေတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်ကပဲ သူ့ ခြေကျင်းဝတ်ကို ခွဲစိတ်ထားတာ။ ပြန်ကောင်းလာဖို့က ၆ ပတ်လောက် ကြာဦးမယ်။ ကံမကောင်းတာက ဘွန်ဒစ်လီဂါ လက်ကျန်ပွဲတွေ သူ လွဲချော်သွားနိုင်တယ်။ ရာသီမကုန်ခင်လေး အမှီ ပြန်ကောင်းလာဖို့ပဲ မျှော်လင့်ပါတယ်။

အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ပြီး ပြောရရင်တော့ ဘယ်လို ကမ်းလှမ်းမှု ညှိနှိုင်းမှုနဲ့မှ လောလောဆယ် ပြောဆို ဆွေးနွေးနေတာ မရှိဘူး။ လောလောဆယ် အားလုံးကလည်း ဒီကပ်ရောဂါ အခြေအနေကြီးကိုပဲ အာရုံစိုက်နေမယ် ထင်တယ်။ ဘောလုံးပွဲတွေ ဘယ်လို ပြန်ကစားရမယ်၊ စိတ်ချရအောင် ဘယ်လို ပြင်ဆင်ရမယ် အစရှိသဖြင့်ပေါ့ ဒါတွေနဲ့ အလုပ်များနေမှာပါ။

ဖိလစ်ပီ ဘယ်သွားမယ် တခြား ကစားသမားတွေ ဘယ်ပြောင်းရွှေ့မယ် ဆိုတာက အစစ ပုံမှန်လို ပြန်ဖြစ်နေမှ လုပ်နိုင်မယ် ကျနေ်ာ ထင်တယ်။ ” လို့ အေးဂျင့် ကီရာက ပြောဆိုသွားခဲ့ပါတယ်။

ကော်တင်ညိုရဲ့ မိခင်ကလပ် ဘာစီလိုနာကတော့ ဘရာဇီးသားကို အပြီးသတ် ရောင်းချတာ ဖြစ်ဖြစ် လစာ သက်သာစေဖို့ အငှားစေလွှတ်တာ ဖြစ်ဖြစ် ပြန်လုပ်ဖို့ စိတ်အား ထက်သန်နေတာပါ။ ချယ်ဆီးအသင်းကိုလည်း ဘိုင်ယန်နဲ့ အလားတူ အငှားအရင်ချထားပြီး အပြီးသတ် ဝယ်ယူခွင့် ထည့်ထားတဲ့ သဘောတူညီမှုမျိုး ဘာစီလိုနာဘက်က ပေးအပ်လိုနေတယ် သတင်းထွက်ပေါ်ထားပါတယ်။

Zawgyi – ဘာစီလိုနာ ကြင္းလယ္ကစားသမား ေကာ္တင္ညိဳဟာ ပရီးမီးယားလိဂ္ သို႔ ျပန္လာဖို႔ သတင္းၾကီးေနျပီး ၄င္း ေရြးခ်ယ္ဖြယ္ ရွိတဲ့ အသင္းေတြ အေနနဲ႕ ခ်ယ္ဆီးနဲ႕ အသင္းေဟာင္း လီဗာပူးတို႔က ေရပန္းစားေနပါတယ္။ ဒါေပမယ့္ ေကာ္တင္ညိဳရဲ႕ ေအးဂ်င့္ ကီရာ ဂ်ိဳရပ္ခ်ီရမ္ ကေတာ့ သူ႔ ကစားသမားရဲ႕ တကယ့္ လက္ရွိ အေျပာင္းအေရႊ႕ အေျခအေနကို ထုတ္ေျပာလာခဲ့ပါတယ္။

ဘရာဇီးသားရဲ႕ အနာဂတ္နဲ႕ အေျပာင္းအေရႊ႕ အတြက္ တရား၀င္ ေဆြးေႏြးမႈက တစံုတရာ မရွိေသးေၾကာင္း ေအးဂ်င့္ ကီရာက အတည္ျပဳ ထုတ္ေဖာ္ ေျပာဆိုခဲ့တာပါ။ ဘိုင္ယန္မွာ အငွားထြက္ ကစားေနတဲ့ ေကာ္တင္ညိဳက ဒီေႏြမွာ စပိန္သို႔ ျပန္လာရမွာ ျဖစ္ျပီး ဘယ္အသင္းမွာ ဆက္ရွိမလဲ မေသခ်ာေသးဘဲ ျဖစ္ေနပါတယ္။

” ဖိလစ္ပီက ေလာေလာဆယ္ ဘိုင္ယန္မွာပါ။ အခုေတာ့ (ပြဲေတြျပန္စေတာင္) အရန္မွာပဲ ရွိဦးမယ္။ သူ႔မွာ ဒဏ္ရာ ရွိေနတယ္။ လြန္ခဲ့တဲ့ နွစ္ပတ္ကပဲ သူ႔ ေျခက်င္း၀တ္ကို ခြဲစိတ္ထားတာ။ ျပန္ေကာင္းလာဖို႔က ၆ ပတ္ေလာက္ ၾကာဦးမယ္။ ကံမေကာင္းတာက ဘြန္ဒစ္လီဂါ လက္က်န္ပြဲေတြ သူ လြဲေခ်ာ္သြားနိုင္တယ္။ ရာသီမကုန္ခင္ေလး အမွီ ျပန္ေကာင္းလာဖို႔ပဲ ေမွ်ာ္လင့္ပါတယ္။

အေျပာင္းအေရႊ႕ သတင္းေတြနဲ႕ ပတ္သတ္ျပီး ေျပာရရင္ေတာ့ ဘယ္လို ကမ္းလွမ္းမႈ ညွိနိႈင္းမႈနဲ႕မွ ေလာေလာဆယ္ ေျပာဆို ေဆြးေႏြးေနတာ မရွိဘူး။ ေလာေလာဆယ္ အားလံုးကလည္း ဒီကပ္ေရာဂါ အေျခအေနၾကီးကိုပဲ အာရံုစိုက္ေနမယ္ ထင္တယ္။ ေဘာလံုးပြဲေတြ ဘယ္လို ျပန္ကစားရမယ္၊ စိတ္ခ်ရေအာင္ ဘယ္လို ျပင္ဆင္ရမယ္ အစရွိသျဖင့္ေပါ့ ဒါေတြနဲ႕ အလုပ္မ်ားေနမွာပါ။

ဖိလစ္ပီ ဘယ္သြားမယ္ တျခား ကစားသမားေတြ ဘယ္ေျပာင္းေရႊ႕မယ္ ဆိုတာက အစစ ပံုမွန္လို ျပန္ျဖစ္ေနမွ လုပ္နိုင္မယ္ က်ေန္ာ ထင္တယ္။ ” လို႔ ေအးဂ်င့္ ကီရာက ေျပာဆိုသြားခဲ့ပါတယ္။

ေကာ္တင္ညိဳရဲ႕ မိခင္ကလပ္ ဘာစီလိုနာကေတာ့ ဘရာဇီးသားကို အျပီးသတ္ ေရာင္းခ်တာ ျဖစ္ျဖစ္ လစာ သက္သာေစဖို႔ အငွားေစလႊတ္တာ ျဖစ္ျဖစ္ ျပန္လုပ္ဖို႔ စိတ္အား ထက္သန္ေနတာပါ။ ခ်ယ္ဆီးအသင္းကိုလည္း ဘိုင္ယန္နဲ႕ အလားတူ အငွားအရင္ခ်ထားျပီး အျပီးသတ္ ၀ယ္ယူခြင့္ ထည့္ထားတဲ့ သေဘာတူညီမႈမ်ိဳး ဘာစီလိုနာဘက္က ေပးအပ္လိုေနတယ္ သတင္းထြက္ေပၚထားပါတယ္။