ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (02/10/20)

အာဆင်နယ်ဟာ ညက ကာရာဘောင်းဖလားပွဲမှာ လီဗာပူးကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ယူပြီး ကွာတားဖိုင်နယ် အဆင့် တက်ရောက်သွားပြီ ဖြစ်ပါတယ်။ ကွာတား အဆင့်မှာတော့ ဂွာဒီယိုလာရဲ့ မန်စီးတီးနဲ့ ထိပ်တိုက် တွေ့နေပြီး အမ်းမရိတ်မှာ ဧည့်ခံ ကစားရမှာပါ။

လီဗာပူးနဲ့ပွဲမှာ ဝီလီယံ ဆလီဘာ ပွဲထွက်လာဖို့ ပရိသတ်တွေက မျှော်လင့်ခဲ့ကြပေမယ့် ဗဟိုခံစစ်မှာ ဂေဘရီရယ်နဲ့ ရော့ဘ်ဟိုးဒင်းတို့သာ ပါဝင်လာခဲ့ပါတယ်။ နည်းပြ အာတီတာကတော့ ဆယ်ကျော်သက် ကစားသမားအနေနဲ့ မနှစ်က ပွဲပန်းမှုကနေ ပြန်လာနိုင်ဖို့ အရမ်းစောသေးတာကြောင့် ချန်ထားခဲ့တာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

အာဆင်နယ်ဂိုးသမား လီနိုက သူ့အနေနဲ့ မနှစ်က ဒဏ်ရာကြောင့်နားနေခဲ့ရတဲ့ အချိန်တွေအတွင်း သူ့ရဲ့ပွဲထွက်နေရာကို အီမီလီယာနို မာတီနက်ဇ် ထံ ဆုံးရှုံးရဖို့ ဘယ်တုန်းကမှ မကြောက်ခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ် ကွင်းလယ်လူ တော်ရဲရားဟာ အက်သလက်တီကိုထံ အငှားပြောင်းရွှေ့တော့မှာဖြစ်ပေမယ့် စပိန်ကလပ်အနေနဲ့ ကစားသမား တစ်ယောက် ရောင်းထုတ်ပြီးတဲ့အထိ စောင့်ရမှာဖြစ်သလို တီကိုရဲ့ ဆယ်ကျော်သက် ကစားသမား ဟက်တာ ဟာရီရာက အသင်းကနေ ထွက်ခွာဖို့ရှိနေတာပါ။

လီဗာပူးနဲ့ပွဲမှာ ပင်နယ်တီ၂ကြိမ် ကာကွယ်နိုင်ခဲ့တာနဲ့ အတူ သူဟာ နံပါတ် တစ် ဂိုးသမားဖြစ်တယ် လို့ လီနိုက ကြုံးဝါးခဲ့ပါတယ်။ လီနိုရဲ့ အထင်ကြီးစရာ လက်စွမ်းပြမှုနဲ့ပတ်သက်လို့ နည်းပြ အာတီတာက ပွဲအပြီးမှာ ချီးကျူးပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ အာဝါကို ခေါ်ယူနိုင်ဖို့အတွက် ကစားသမားအချို့ကို ရောင်းထုတ်ဖို့ရှိနေသလို တော်ရဲရားနဲ့ ကိုလာဆီနက်တို့က အရင်ဆုံး ထွက်ခွာရမယ့် အလားအလာ ရှိနေပါတယ်။ တော်ရဲရားက အေတီကိုထံ အငှား သွားကစားမှာဖြစ်ပြီး ကိုလာဆီနက်ကတော့ လေဗာကူဆင်ရဲ့ ချိတ်ဆက်နေခဲ့တာပါ။

ပီအက်စ်ဂျီဟာ လိုင်ယွန်ကြယ်ပွင့် အာဝါအတွက် အာဆင်နယ်ရဲ့ ချိတ်ဆက်မှုကို ဝင်နှောင့်ယှက်ဖို့ကြိုးစားနေပါတယ်။ အာဆင်နယ်ဘက်က အာဝါရဲ့ တန်ကြေးကို ပေးနိုင်ဖို့ ရုန်းကန်နေရပေမယ့် ပီအက်စ်ဂျီကတော့ ပေါင်၄၆သန်းနဲ့ နီးစပ်တဲ့ ပမာဏနဲ့ လိုင်ယွန်ထံ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

လီနို လက်စွမ်းပြခဲ့ပေမယ့်လဲ ဂိုးသမားသစ် ရန်နာဆန်အနေနဲ့ ဒီရာသီ ဖလားပြိုင်ပွဲတွေမှာ ပါဝင်ကစားရနိုင်နေဆဲပါလို့ အာတီတာက ပြောကြားခဲ့ပါတယ်။ မာတီနက်ဇ် အစား ရောက်လာခဲ့တဲ့ ရန်နာဆန်ဟာ အသင်းသစ်မှာ အထိုင်ကျပြီဆိုတာနဲ့ လက်စွမ်းပြဖို့ အခွင့်အရေး ပေးမှာဖြစ်ကြောင်း အာတီတာက ကတိပေးခဲ့တာပါ။

အာဆင်နယ်နောက်ခံလူ ဆိုကရေးတစ်ဟာ ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်ကို ပြောင်းဖို့ အခွင့်အရေးကို ငြင်းဆန်ခဲ့ပါတယ်။ အမ်းမရိတ်စ်မှာ နေရာ မရခဲ့တဲ့နောက် ဆိုကရေးတစ်ဟာအသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက် နေခဲ့ပေမယ့်လဲ ဖူလ်ဟမ်ရဲ့ ကမ်းလှမ်းမှုကိုတော့ ပယ်ချခဲ့တာ ဖြစ်ပါတယ်။

Zawgyi – အာဆင္နယ္ဟာ ညက ကာရာေဘာင္းဖလားပြဲမွာ လီဗာပူးကို ပင္နယ္တီ အဆံုးအျဖတ္မွာ အနုိင္ယူျပီး ကြာတားဖိုင္နယ္ အဆင့္ တက္ေရာက္သြားျပီ ျဖစ္ပါတယ္။ ကြာတား အဆင့္မွာေတာ့ ဂြာဒီယိုလာရဲ႕ မန္စီးတီးနဲ႕ ထိပ္တိုက္ ေတြ႔ေနျပီး အမ္းမရိတ္မွာ ဧည့္ခံ ကစားရမွာပါ။

လီဗာပူးနဲ႔ပြဲမွာ ဝီလီယံ ဆလီဘာ ပြဲထြက္လာဖို႔ ပရိသတ္ေတြက ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ ဗဟိုခံစစ္မွာ ေဂဘရီရယ္နဲ႔ ေရာ့ဘ္ဟိုးဒင္းတို႔သာ ပါဝင္လာခဲ့ပါတယ္။ နည္းျပ အာတီတာကေတာ့ ဆယ္ေက်ာ္သက္ ကစားသမားအေနနဲ႔ မႏွစ္က ပြဲပန္းမႈကေန ျပန္လာႏိုင္ဖို႔ အရမ္းေစာေသးတာေၾကာင့္ ခ်န္ထားခဲ့တာျဖစ္တယ္လို႔ ရွင္းျပခဲ့ပါတယ္။

အာဆင္နယ္ဂိုးသမား လီႏိုက သူ႔အေနနဲ႔ မႏွစ္က ဒဏ္ရာေၾကာင့္နားေနခဲ့ရတဲ့ အခ်ိန္ေတြအတြင္း သူ႔ရဲ႕ပြဲထြက္ေနရာကို အီမီလီယာႏို မာတီနက္ဇ္ ထံ ဆုံးရႈံးရဖို႔ ဘယ္တုန္းကမွ မေၾကာက္ခဲ့ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ ကြင္းလယ္လူ ေတာ္ရဲရားဟာ အက္သလက္တီကိုထံ အငွားေျပာင္းေ႐ႊ႕ေတာ့မွာျဖစ္ေပမယ့္ စပိန္ကလပ္အေနနဲ႔ ကစားသမား တစ္ေယာက္ ေရာင္းထုတ္ၿပီးတဲ့အထိ ေစာင့္ရမွာျဖစ္သလို တီကိုရဲ႕ ဆယ္ေက်ာ္သက္ ကစားသမား ဟက္တာ ဟာရီရာက အသင္းကေန ထြက္ခြာဖို႔ရွိေနတာပါ။

လီဗာပူးနဲ႔ပြဲမွာ ပင္နယ္တီ၂ႀကိမ္ ကာကြယ္ႏိုင္ခဲ့တာနဲ႔ အတူ သူဟာ နံပါတ္ တစ္ ဂိုးသမားျဖစ္တယ္ လို႔ လီႏိုက ႀကဳံးဝါးခဲ့ပါတယ္။ လီႏိုရဲ႕ အထင္ႀကီးစရာ လက္စြမ္းျပမႈနဲ႔ပတ္သက္လို႔ နည္းျပ အာတီတာက ပြဲအျပီးမွာ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ အာဝါကို ေခၚယူႏိုင္ဖို႔အတြက္ ကစားသမားအခ်ိဳ႕ကို ေရာင္းထုတ္ဖို႔ရွိေနသလို ေတာ္ရဲရားနဲ႔ ကိုလာဆီနက္တို႔က အရင္ဆုံး ထြက္ခြာရမယ့္ အလားအလာ ရွိေနပါတယ္။ ေတာ္ရဲရားက ေအတီကိုထံ အငွား သြားကစားမွာျဖစ္ၿပီး ကိုလာဆီနက္ကေတာ့ ေလဗာကူဆင္ရဲ႕ ခ်ိတ္ဆက္ေနခဲ့တာပါ။

ပီအက္စ္ဂ်ီဟာ လိုင္ယြန္ၾကယ္ပြင့္ အာဝါအတြက္ အာဆင္နယ္ရဲ႕ ခ်ိတ္ဆက္မႈကို ဝင္ေႏွာင့္ယွက္ဖို႔ႀကိဳးစားေနပါတယ္။ အာဆင္နယ္ဘက္က အာဝါရဲ႕ တန္ေၾကးကို ေပးႏိုင္ဖို႔ ႐ုန္းကန္ေနရေပမယ့္ ပီအက္စ္ဂ်ီကေတာ့ ေပါင္၄၆သန္းနဲ႔ နီးစပ္တဲ့ ပမာဏနဲ႔ လိုင္ယြန္ထံ ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။

လီႏို လက္စြမ္းျပခဲ့ေပမယ့္လဲ ဂိုးသမားသစ္ ရန္နာဆန္အေနနဲ႔ ဒီရာသီ ဖလားၿပိဳင္ပြဲေတြမွာ ပါဝင္ကစားရႏိုင္ေနဆဲပါလို႔ အာတီတာက ေျပာၾကားခဲ့ပါတယ္။ မာတီနက္ဇ္ အစား ေရာက္လာခဲ့တဲ့ ရန္နာဆန္ဟာ အသင္းသစ္မွာ အထိုင္က်ၿပီဆိုတာနဲ႔ လက္စြမ္းျပဖို႔ အခြင့္အေရး ေပးမွာျဖစ္ေၾကာင္း အာတီတာက ကတိေပးခဲ့တာပါ။

အာဆင္နယ္ေနာက္ခံလူ ဆိုကေရးတစ္ဟာ ပရီးမီးယားလိဂ္ကလပ္ ဖူလ္ဟမ္ကို ေျပာင္းဖို႔ အခြင့္အေရးကို ျငင္းဆန္ခဲ့ပါတယ္။ အမ္းမရိတ္စ္မွာ ေနရာ မရခဲ့တဲ့ေနာက္ ဆိုကေရးတစ္ဟာအသင္းကေန ထြက္ခြာဖို႔ ခ်ိတ္ဆက္ ေနခဲ့ေပမယ့္လဲ ဖူလ္ဟမ္ရဲ႕ ကမ္းလွမ္းမႈကိုေတာ့ ပယ္ခ်ခဲ့တာ ျဖစ္ပါတယ္။