ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (02/10/20)

ညာတောင်ပံတိုက်စစ် အင်အားဖြည့်ဖို့ ရှာဖွေ လှုပ်ရှားနေတဲ့ ယူနိုက်တက်ဟာ ဆီဗီလာ တိုက်စစ်သမား လူးကပ်စ် အိုကမ်ပိုစ် ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ ပြီးခဲ့တဲ့ရာသီက ဆီဗီလာအတွက် ၁၇ ဂိုး သွင်းခဲ့တဲ့ အိုကမ်ပိုစ် အတွက် တန်ကြေးက ယူရို သန်း ၄၀ လို့ သိရပါတယ်။

ဘာစီလိုနာ နည်းစနစ် ဒါရိုက်တာ ရာမွန်ပလိန်းစ်ကတော့ ဒမ်ဘီလီ အတွက် ယူနိုက်တက်နဲ့ ဆွေးနွေးမှုများ ရှိမနေသလို ပြင်သစ်သားကို နူးကမ့်မှာပဲ ဆက်ထိန်းထားမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုကာ သတင်းများကို အဆုံးသတ်ပေးခဲ့ပါတယ်။

ဒေါ့မွန် အားကစား ဒါရိုက်တာ ဇော့ကတော့ ဆန်ချိုဟာ တစ်ရာသီ သူတို့နဲ့ အတူ သေချာပေါက် ဆက်ရှိမယ် ပြောထားခဲ့တဲ့ သဘောထားဟာ လုံး၀ ပြောင်းလဲခြင်း မရှိဘူးလို့ အခိုင်အမာ ထပ်မံ ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ရဲ့ နောက်ဆုံးအကြိမ် ကြိုးပမ်းမှုကလည်း ပယ်ချခံထားရပေမယ့် လက်မလျှော့ဘဲ ဆက်လက် ကြိုးစားနေပါတယ်။

အပြောင်းအရွှေ့မှာ ယူနိုက်တက်ရဲ့ လှုပ်ရှားမှုတွေက အရာမထင်တဲ့ အပေါ်မှာ ဆိုးရှားရဲ့ လေသံကတော့ ပြောင်းလဲ လာခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ပွဲ သိပ် မကစားရတဲ့ အသင်းသားတွေထဲမှာ ပွဲကစားခွင့် ထိုက်တန်သူတွေ ရှိနေကာ လက်ရှိ လူအင်အားက လုံလောက် ကောင်းမွန်တယ်လို့ စပါးနဲ့ ပွဲကြိုရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဘာစီလိုနာ ဘက်က ငြင်းဆန်ထားပေမယ့် ယူနိုက်တက် ကွင်းလယ် ပေါ့ဘာကတော့ ဒမ်ဘီလီကို ခေါ်ယူရေးမှာ ပြင်သစ်သားချင်း စည်းရုံးကာ ကလပ်အသင်းအတွက် ကူညီပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ပြီးခဲ့တဲ့ အပတ်က အပြန်အလှန် ပြောဆိုမှုတွေ ရှိထားတာကြောင့် ဒီတစ်ပတ်မှာ မော်ရင်ညိုနဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရတာက ပို မြိုင်ဆိုင် ပျော်စရာ ဖြစ်ကြောင်း ယူနိုက်တက် နည်းပြ ဆိုးရှားက ဆိုပါတယ်။

Zawgyi – ညာေတာင္ပံတိုက္စစ္ အင္အားျဖည့္ဖို႔ ရွာေဖြ လႈပ္ရွားေနတဲ့ ယူနိုက္တက္ဟာ ဆီဗီလာ တိုက္စစ္သမား လူးကပ္စ္ အိုကမ္ပိုစ္ ကို ေခၚယူဖို႔ စဥ္းစားေနပါတယ္။ ျပီးခဲ့တဲ့ရာသီက ဆီဗီလာအတြက္ ၁၇ ဂိုး သြင္းခဲ့တဲ့ အိုကမ္ပိုစ္ အတြက္ တန္ေၾကးက ယူရို သန္း ၄၀ လို႔ သိရပါတယ္။

ဘာစီလိုနာ နည္းစနစ္ ဒါရိုက္တာ ရာမြန္ပလိန္းစ္ကေတာ့ ဒမ္ဘီလီ အတြက္ ယူနိုက္တက္နဲ႕ ေဆြးေႏြးမႈမ်ား ရွိမေနသလို ျပင္သစ္သားကို နူးကမ့္မွာပဲ ဆက္ထိန္းထားမွာ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုကာ သတင္းမ်ားကို အဆံုးသတ္ေပးခဲ့ပါတယ္။

ေဒါ့မြန္ အားကစား ဒါရိုက္တာ ေဇာ့ကေတာ့ ဆန္ခ်ိဳဟာ တစ္ရာသီ သူတို႔နဲ႕ အတူ ေသခ်ာေပါက္ ဆက္ရွိမယ္ ေျပာထားခဲ့တဲ့ သေဘာထားဟာ လံုး၀ ေျပာင္းလဲျခင္း မရွိဘူးလို႔ အခိုင္အမာ ထပ္မံ ေျပာဆိုလိုက္ပါတယ္။ ယူနိုက္တက္ရဲ႕ ေနာက္ဆံုးအၾကိမ္ ၾကိဳးပမ္းမႈကလည္း ပယ္ခ်ခံထားရေပမယ့္ လက္မေလွ်ာ့ဘဲ ဆက္လက္ ၾကိဳးစားေနပါတယ္။

အေျပာင္းအေရႊ႕မွာ ယူနိုက္တက္ရဲ႕ လႈပ္ရွားမႈေတြက အရာမထင္တဲ့ အေပၚမွာ ဆိုးရွားရဲ႕ ေလသံကေတာ့ ေျပာင္းလဲ လာခဲ့ျပီး ျပီးခဲ့တဲ့ရာသီက ပြဲ သိပ္ မကစားရတဲ့ အသင္းသားေတြထဲမွာ ပြဲကစားခြင့္ ထိုက္တန္သူေတြ ရွိေနကာ လက္ရွိ လူအင္အားက လံုေလာက္ ေကာင္းမြန္တယ္လို႔ စပါးနဲ႕ ပြဲၾကိဳရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။

ဘာစီလိုနာ ဘက္က ျငင္းဆန္ထားေပမယ့္ ယူနိုက္တက္ ကြင္းလယ္ ေပါ့ဘာကေတာ့ ဒမ္ဘီလီကို ေခၚယူေရးမွာ ျပင္သစ္သားခ်င္း စည္းရံုးကာ ကလပ္အသင္းအတြက္ ကူညီေပးနုိင္မယ္လို႔ ယံုၾကည္ေနပါတယ္။

ျပီးခဲ့တဲ့ အပတ္က အျပန္အလွန္ ေျပာဆိုမႈေတြ ရွိထားတာေၾကာင့္ ဒီတစ္ပတ္မွာ ေမာ္ရင္ညိဳနဲ႕ ျပိဳင္ဘက္အျဖစ္ ရင္ဆိုင္ရတာက ပို ျမိဳင္ဆိုင္ ေပ်ာ္စရာ ျဖစ္ေၾကာင္း ယူနိုက္တက္ နည္းျပ ဆိုးရွားက ဆိုပါတယ္။