ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (03/10/20)

ယူနိုက်တက်ဟာ ပေါ်တို ဘယ်အစွန်လူ တဲလက်စ်ကို ဒီနွေမှာ ခေါ်ယူမယ့်အစား အကြိုသဘောတူညီမှု ယူထားပြီး ဇန်နဝါရီလ ၁ ရက်နေ့မှာ လက်မှတ်ထိုးဖို့ စီစဉ်နေပါတယ်။ ဒါကြောင့် တဲလက်စ်ဟာ နွေဈေးကွက်မှာ ယူနိုက်တက်ကို ရောက်လာချေ နည်းပါးခဲ့ပါပြီ။

ယူနိုက်တက် နောက်ခံလူ ဒီယိုဂိုဒါးလော့ဟာ အေစီမီလန်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ သူ့အတွက် နေရာမရှိတော့တဲ့နောက် ယူနိုက်တက်ဟာ သူ့ကို တစ်ရာသီ အငှားချထားဖို့ မီလန်နဲ့ ဆွေးနွေးခဲ့တာဖြစ်ပြီး ၂၄ နာရီ အတွင်း စာချုပ်ချုပ်နိုင်ဖို့ ရှိနေပါတယ်။

ယူနိုက်တက်ဟာ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ လိုအပ်တဲ့ အသုံးစရိတ် ရရှိဖို့အတွက် ဒန်နီရယ် ဂျိမ်းစ်ကို ရောင်းထုတ်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။ ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်တို့လို နေရာရဖို့ ရုန်းကန်ခဲ့ရတဲ့ လူငယ်ကစားသမားကို အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ ဆိုးလ်ရှားက အလိုရှိနေပြီး လိဒ်ယူနိုက်တက်က သူ့ကိုစိတ်ဝင်စားနေတာလဲဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဆီးဗီးလား တောင်ပံကစားသမား လူးကပ်စ် အိုကမ်ပို့စ်ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ ဆန်ချိုရဲ့ အပြောင်းအလဲ ပစ်မှတ်အနေနဲ့ ဒမ်ဘီလီကို ချိန်ရွယ်ခဲ့ပေမယ့် ဘာစီလိုနာက အပြီးသတ်ပဲ ရောင်းထုတ်လိုနေတဲ့နောက် အိုကမ်ပို့စ်ထံ မြှားဦးလှည့်လာခဲ့တာဖြစ်ပြီး သူ့တန်ကြေးက ပေါင် ၃၅ သန်းသာ ရှိတာပါ။

ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်သူတွေဖြစ်ချင်ရင် အနည်းဆုံး ၅ပွဲဆက် အနိုင်ရအောင် လုပ်ရမယ်လို့ စပါးနဲ့ပွဲမတိုင်ခင် မာတစ်က အသင်းဖော်တွေကို တိုက်တွန်းမှုလုပ်ခဲ့ပြီး နည်းပြဟောင်း မော်ရင်ညိုရဲ့အသင်းကို အနိုင်ရဖို့ အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

လာဇီယိုထံ အပြီးသတ် ဝယ်ယူခွင့်ပါတဲ့ တစ်ရာသီအငှားနဲ့ ပါရဲရားဟာ ဒီတစ်ပတ် အင်တာနဲ့ စီးရီးအေပွဲမှာ ပွဲဦးထွက် ကစားပေးရနိုင်ဖွယ် ရှိပါတယ်။ ဒါဟာ ဂရန်နာဒါ၊ ဗလင်စီယာပြီးရင် ပါရဲရားရဲ့ အိုးလ်ထရက်ဖို့ဒ် ကစားသမားဘဝ တတိယအကြိမ် အငှားထွက်ကစားရခြင်းလဲ ဖြစ်ပါတယ်။

နည်းပြဆိုးလ်ရှားဟာ နွေရာသီမှာ လူသစ်ခေါ်ယူမှုတွေ မလုပ်နိုင်တဲ့အတွက် ကလပ်ပိုင်ရှင်တွေနဲ့ ဘုတ်အဖွဲ့ကိုအပြစ်တင်ဖို့ ငြင်းပယ်ခဲ့ပါတယ်။ ဗန်ဒီဘိခ် တစ်ယောက်သာ ခေါ်ယူနိုင်ခဲ့တဲ့အပေါ် ဂန္တဝင်တွေနဲ့ ပရိသတ်တွေက ဝေဖန်ခဲ့ကြပေမယ့်လဲ ဆိုးလ်ရှားကတော့ မိမိတို့အသင်းဟာ လုံလောက်တဲ့ အင်အားရှိတယ်လို့ တုံပြန်ခဲ့တာပါ။

ယူနိုက်တက်ဟာ ၁၈နှစ်အရွယ် တောင်ပံကစားသမား ပယ်လစ်စထွီနဲ့ ၅နှစ်စာချုပ် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး သူ့ကိုတတ်နိုင်သလောက် လျင်လျင်မြန်မြန် ရောက်လာစေချင်ပေမယ့် လက်ရှိကလပ် အက်သလက်တီကို ပီနာရိုကတေ့ ဇန်နဝါရီအထိ သူတို့အသင်းမှာဆက်ရှိနေဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။

ZAWGYI

ယူႏိုက္တက္ဟာ ေပၚတို ဘယ္အစြန္လူ တဲလက္စ္ကို ဒီေႏြမွာ ေခၚယူမယ့္အစား အၾကိဳသေဘာတူညီမႈ ယူထားျပီး ဇန္နဝါရီလ ၁ ရက္ေန႔မွာ လက္မွတ္ထိုးဖို႔ စီစဥ္ေနပါတယ္။ ဒါေၾကာင့္ တဲလက္စ္ဟာ ေႏြေစ်းကြက္မွာ ယူႏိုက္တက္ကို ေရာက္လာေခ် နည္းပါးခဲ့ပါျပီ။

ယူႏိုက္တက္ ေနာက္ခံလူ ဒီယိုဂိုဒါးေလာ့ဟာ ေအစီမီလန္ကို ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ေနၿပီျဖစ္ပါတယ္။ အိုးလ္ထရက္ဖို႔ဒ္မွာ သူ႔အတြက္ ေနရာမရွိေတာ့တဲ့ေနာက္ ယူႏိုက္တက္ဟာ သူ႔ကို တစ္ရာသီ အငွားခ်ထားဖို႔ မီလန္နဲ႔ ေဆြးေႏြးခဲ့တာျဖစ္ၿပီး ၂၄ နာရီ အတြင္း စာခ်ဳပ္ခ်ဳပ္ႏိုင္ဖို႔ ရွိေနပါတယ္။

ယူႏိုက္တက္ဟာ ဆန္ခ်ိဳကို ေခၚယူႏိုင္ဖို႔ လိုအပ္တဲ့ အသုံးစရိတ္ ရရွိဖို႔အတြက္ ဒန္နီရယ္ ဂ်ိမ္းစ္ကို ေရာင္းထုတ္ဖို႔ အဆင္သင့္ျဖစ္ေနပါတယ္။ ဂရင္းဝုဒ္၊ ရက္ရွ္ဖို႔ဒ္တို႔လို ေနရာရဖို႔ ႐ုန္းကန္ခဲ့ရတဲ့ လူငယ္ကစားသမားကို အသင္းကေန ထြက္ခြာခြင့္ေပးဖို႔ ဆိုးလ္ရွားက အလိုရွိေနၿပီး လိဒ္ယူႏိုက္တက္က သူ႔ကိုစိတ္ဝင္စားေနတာလဲျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ဆီးဗီးလား ေတာင္ပံကစားသမား လူးကပ္စ္ အိုကမ္ပို႔စ္ကို ေခၚယူဖို႔ စဥ္းစားေနပါတယ္။ ဆန္ခ်ိဳရဲ႕ အေျပာင္းအလဲ ပစ္မွတ္အေနနဲ႔ ဒမ္ဘီလီကို ခ်ိန္႐ြယ္ခဲ့ေပမယ့္ ဘာစီလိုနာက အျပီးသတ္ပဲ ေရာင္းထုတ္လိုေနတဲ့ေနာက္ အိုကမ္ပို႔စ္ထံ ျမႇားဦးလွည့္လာခဲ့တာျဖစ္ၿပီး သူ႔တန္ေၾကးက ေပါင္ ၃၅ သန္းသာ ရွိတာပါ။

ယူႏိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္ဖလား စိန္ေခၚသူေတြျဖစ္ခ်င္ရင္ အနည္းဆုံး ၅ပြဲဆက္ အႏိုင္ရေအာင္ လုပ္ရမယ္လို႔ စပါးနဲ႔ပြဲမတိုင္ခင္ မာတစ္က အသင္းေဖာ္ေတြကို တိုက္တြန္းမႈလုပ္ခဲ့ၿပီး နည္းျပေဟာင္း ေမာ္ရင္ညိဳရဲ႕အသင္းကို အႏိုင္ရဖို႔ အေကာင္းဆုံး ႀကိဳးစားသြားမွာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

လာဇီယိုထံ အျပီးသတ္ ဝယ္ယူခြင့္ပါတဲ့ တစ္ရာသီအငွားနဲ႔ ပါရဲရားဟာ ဒီတစ္ပတ္ အင္တာနဲ႔ စီးရီးေအပြဲမွာ ပြဲဦးထြက္ ကစားေပးရႏိုင္ဖြယ္ ရွိပါတယ္။ ဒါဟာ ဂရန္နာဒါ၊ ဗလင္စီယာၿပီးရင္ ပါရဲရားရဲ႕ အိုးလ္ထရက္ဖို႔ဒ္ ကစားသမားဘဝ တတိယအႀကိမ္ အငွားထြက္ကစားရျခင္းလဲ ျဖစ္ပါတယ္။

နည္းျပဆိုးလ္ရွားဟာ ေႏြရာသီမွာ လူသစ္ေခၚယူမႈေတြ မလုပ္ႏိုင္တဲ့အတြက္ ကလပ္ပိုင္ရွင္ေတြနဲ႔ ဘုတ္အဖြဲ႕ကိုအျပစ္တင္ဖို႔ ျငင္းပယ္ခဲ့ပါတယ္။ ဗန္ဒီဘိခ္ တစ္ေယာက္သာ ေခၚယူႏိုင္ခဲ့တဲ့အေပၚ ဂႏၲဝင္ေတြနဲ႔ ပရိသတ္ေတြက ေဝဖန္ခဲ့ၾကေပမယ့္လဲ ဆိုးလ္ရွားကေတာ့ မိမိတို႔အသင္းဟာ လုံေလာက္တဲ့ အင္အားရွိတယ္လို႔ တုံျပန္ခဲ့တာပါ။

ယူႏိုက္တက္ဟာ ၁၈ႏွစ္အ႐ြယ္ ေတာင္ပံကစားသမား ပယ္လစ္စထြီနဲ႔ ၅ႏွစ္စာခ်ဳပ္ သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ၿပီး သူ႔ကိုတတ္ႏိုင္သေလာက္ လ်င္လ်င္ျမန္ျမန္ ေရာက္လာေစခ်င္ေပမယ့္ လက္ရွိကလပ္ အက္သလက္တီကို ပီနာ႐ိုကေတ့ ဇန္နဝါရီအထိ သူတို႔အသင္းမွာဆက္ရွိေနဖို႔ ေတာင္းဆိုေနတာျဖစ္ပါတယ္။