ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (03/10/20)

ပူလီဆစ်ဟာ ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့ နောက် ပဲလေ့စ်နဲ့ကစားရမယ့် ချယ်ဆီး ပွဲမှာ ပါဝင်လာမှာဖြစ်တယ်လို့နည်းပြလမ်းပတ်က အတည်ပြု ခဲ့ပေမယ့် နွေကစားသမားသစ် ဟာကင်ဇီယက်ခ်ျအတွက်တော့ဒီပွဲမှာ ပြန်ကစားနိုင်ဖို့ အရမ်းစောလွန်းနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

မေဆန်မောင့်အနေနဲ့ သံသယရှိသူတွေ မှားနေကြောင်း သက်သေပြပြီး ဒီရာသီ ချယ်ဆီး အတွက် သူ့အဆင့်အတန်းကို ပိုပြီးမြင့်မားလာအောင် လုပ်ဖို့ နည်းပြလမ်းပတ်က ထောက်ခံအားပေးခဲ့ပါတယ်။ ပင်နယ်တီလွဲချော်ခဲ့တဲ့နောက် မောင့်ကိုဝေဖန်ခဲ့ကြပေမယ့် ချယ်ဆီး မှာ သူရှိနေတာက ကံကောင်းတာပါလို့ လမ်းပတ်က ပြောဆိုခဲ့တာပါ။

ချယ်ဆီးအသင်းမှာ ဒီနွေအပြောင်းအရွှေ့ မပြီးဆုံးခင် ဒီကလန်ရိုက်စ်ကို အပြီးသတ် ခေါ်ယူနိုင်ဖို့ကြိုးစားနေပေမယ့် ဝက်စ်ဟမ်းကတော့ သူတို့ရဲ့ အရေးအကြီးဆုံး ကစားသမားကို အလျင်စလိုရောင်းချဖို့ မရှိနေဘဲ သူ့ကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ယုံကြည်နေကြေင်း လက်ထောက် နည်းပြက ပြောဆိုခဲ့ပါတယ်။

ချယ်ဆီး ကနေ ထွက်ခွာဖို့ ရှိနေတဲ့ ဘာကာယိုကို ကို နာပိုလီ က စိတ်ဝင်စားမှု မြင့်တက်လာပြီး လာမယ့် ၂ရက်အတွင်း ကမ်းလှမ်းမှု လုပ်လာဖို့ရှိနေပါတယ်။ နာပိုလီဟာ အယ်လန်ကို ရောင်းချပြီးနောက် ကွင်းလယ်ခံစစ် ကစားသမား အလိုရှိနေပါတယ်။

အင်တာမီလန်ဟာ ချယ်ဆီး နောက်ခံလူ မားကို့စ် အလွန်ဆိုအတွက် ကမ်းလှမ်းမှုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ လမ်းပတ်နဲ့ စကားများခဲ့တဲ့နောက် အသင်းကနေ ထွက်ခွာရဖို့ရှိနေတဲ့ သူ့ကို ကွန်တီက ခေါ်ယူလိုနေတာဖြစ်ပြီး ပေါင် ၁၀.၉သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့် ပါဝင်တဲ့ ကနဦး အငှားခေါ်ယူဖို့ ကမ်းလှမ်းမှာဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာ ချယ်ဆီး မှာ ကစားချိန်ရဖို့ ရုန်းကန်နေရတဲ့ ရူဘန်လော့ဖ်တပ်ချိခ်ကို ခေါ်ယူနိုင်ဖို့ ယုံကြည်မှုရှိနေပါတယ်။ ချယ်ဆီး အတွက် ဒီနွေမှာ တိုက်စစ်ရွေးချယ်စရာ များစွာရှိတာနဲ့အတူ လော့ဖ်တပ်ချိခ်က နေရာပျောက်ခဲ့ရပြီး သူထွက်လာရင် ဝက်စ်ဟမ်းက အသင့်စောင့်ဖမ်းဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်

ဘိုင်ယန်ဟာ အိုဒွိုင်းကို တစ်ရာသီ အငှားနဲ့ခေါ်ယူဖို့ ချယ်ဆီးနဲ့ ဆွေးနွေးမှုတွေလုပ်နေပြီး ၂၀၂၁ နွေရာသီမှာအပြီးသတ် ဝယ်ယူခွင့် ပါဝင်မှာဖြစ်ပါတယ်။ အိုဒွိုင်းဟာ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ၂၀၂၄ မတိုင်ခင်အထိ စာချုပ်ချုုပ်ထားပေမယ့် ဘိုင်ယန်ကတော့ သူ့ကို ကာလရှည်အတွက် စဉ်းစားထားတာပါတယ်။

ဒီကလန်ရိုက်စ်ကို မရရင် ချယ်ဆီး အသင်းဟာ ပလန်ဘီအနေနဲ့ အာဆင်နယ်ပစ်မှတ် သောမတ်စ်ပါတေးကို ချိန်ရွယ်ထားတယ်လို့ သိရပါတယ်။ ချယ်ဆီးဟာ ကစားသမားသစ် များစွာ ခေါ်ယူခဲ့ပေမယ့် ခံစစ်ကြောင်းက အားနည်းနေသေးတာကြောင့် အက်သလက်တီကို ကွင်းလယ်လူ ပါတေးက ဒါကိုဖြေရှင်းပေးနိုင်မယ်လို့ လမ်းပတ်က ထင်မြင်နေတာပါ။

Zawgyi – ပူလီဆစ္ဟာ ဒဏ္ရာကေန ျပန္ေကာင္းလာတဲ့ ေနာက္ ပဲေလ့စ္နဲ႔ကစားရမယ့္ ခ်ယ္ဆီး ပြဲမွာ ပါဝင္လာမွာျဖစ္တယ္လို႔နည္းျပလမ္းပတ္က အတည္ျပဳ ခဲ့ေပမယ့္ ေႏြကစားသမားသစ္ ဟာကင္ဇီယက္ခ္်အတြက္ေတာ့ဒီပြဲမွာ ျပန္ကစားႏိုင္ဖို႔ အရမ္းေစာလြန္းေနတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ေမဆန္ေမာင့္အေနနဲ႔ သံသယရွိသူေတြ မွားေနေၾကာင္း သက္ေသျပၿပီး ဒီရာသီ ခ်ယ္ဆီး အတြက္ သူ႔အဆင့္အတန္းကို ပိုၿပီးျမင့္မားလာေအာင္ လုပ္ဖို႔ နည္းျပလမ္းပတ္က ေထာက္ခံအားေပးခဲ့ပါတယ္။ ပင္နယ္တီလြဲေခ်ာ္ခဲ့တဲ့ေနာက္ ေမာင့္ကိုေဝဖန္ခဲ့ၾကေပမယ့္ ခ်ယ္ဆီး မွာ သူရွိေနတာက ကံေကာင္းတာပါလို႔ လမ္းပတ္က ေျပာဆိုခဲ့တာပါ။

ခ်ယ္ဆီးအသင္းမွာ ဒီေႏြအေျပာင္းအေ႐ႊ႕ မၿပီးဆုံးခင္ ဒီကလန္႐ိုက္စ္ကို အၿပီးသတ္ ေခၚယူႏိုင္ဖို႔ႀကိဳးစားေနေပမယ့္ ဝက္စ္ဟမ္းကေတာ့ သူတို႔ရဲ႕ အေရးအႀကီးဆုံး ကစားသမားကို အလ်င္စလိုေရာင္းခ်ဖို႔ မရွိေနဘဲ သူ႔ကို အသင္းမွာ ဆက္ထိန္းထားႏိုင္ဖို႔ ယုံၾကည္ေနေၾကင္း လက္ေထာက္ နည္းျပက ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီး ကေန ထြက္ခြာဖို႔ ရွိေနတဲ့ ဘာကာယိုကို ကို နာပိုလီ က စိတ္၀င္စားမႈ ျမင့္တက္လာျပီး လာမယ့္ ၂ရက္အတြင္း ကမ္းလွမ္းမႈ လုပ္လာဖို႔ရွိေနပါတယ္။ နာပိုလီဟာ အယ္လန္ကို ေရာင္းခ်ျပီးေနာက္ ကြင္းလယ္ခံစစ္ ကစားသမား အလိုရွိေနပါတယ္။

အင္တာမီလန္ဟာ ခ်ယ္ဆီး ေနာက္ခံလူ မားကို႔စ္ အလြန္ဆိုအတြက္ ကမ္းလွမ္းမႈလုပ္ဖို႔ ျပင္ဆင္ေနပါတယ္။ လမ္းပတ္နဲ႔ စကားမ်ားခဲ့တဲ့ေနာက္ အသင္းကေန ထြက္ခြာရဖို႔ရွိေနတဲ့ သူ႔ကို ကြန္တီက ေခၚယူလိုေနတာျဖစ္ၿပီး ေပါင္ ၁၀.၉သန္းနဲ႔ အၿပီးသတ္ဝယ္ယူခြင့္ ပါ၀င္တဲ့ ကနဦး အငွားေခၚယူဖို႔ ကမ္းလွမ္းမွာျဖစ္ပါတယ္။

ဝက္စ္ဟမ္းဟာ ခ်ယ္ဆီး မွာ ကစားခ်ိန္ရဖို႔ ႐ုန္းကန္ေနရတဲ့ ႐ူဘန္ေလာ့ဖ္တပ္ခ်ိခ္ကို ေခၚယူႏိုင္ဖို႔ ယုံၾကည္မႈရွိေနပါတယ္။ ခ်ယ္ဆီး အတြက္ ဒီေႏြမွာ တိုက္စစ္ေ႐ြးခ်ယ္စရာ မ်ားစြာရွိတာနဲ႔အတူ ေလာ့ဖ္တပ္ခ်ိခ္က ေနရာေပ်ာက္ခဲ့ရၿပီး သူထြက္လာရင္ ဝက္စ္ဟမ္းက အသင့္ေစာင့္ဖမ္းဖို႔ ျပင္ဆင္ထားတာျဖစ္ပါတယ္

ဘိုင္ယန္ဟာ အိုဒြိဳင္းကို တစ္ရာသီ အငွားနဲ႔ေခၚယူဖို႔ ခ်ယ္ဆီးနဲ႔ ေဆြးေႏြးမႈေတြလုပ္ေနၿပီး ၂၀၂၁ ေႏြရာသီမွာအၿပီးသတ္ ဝယ္ယူခြင့္ ပါဝင္မွာျဖစ္ပါတယ္။ အိုဒြိဳင္းဟာ စတန္းဖို႔ဒ္ဘရစ္ခ္်မွာ ၂၀၂၄ မတိုင္ခင္အထိ စာခ်ဳပ္ခ်ဳုပ္ထားေပမယ့္ ဘိုင္ယန္ကေတာ့ သူ႔ကို ကာလရွည္အတြက္ စဥ္းစားထားတာပါတယ္။

ဒီကလန္႐ိုက္စ္ကို မရရင္ ခ်ယ္ဆီး အသင္းဟာ ပလန္ဘီအေနနဲ႔ အာဆင္နယ္ပစ္မွတ္ ေသာမတ္စ္ပါေတးကို ခ်ိန္႐ြယ္ထားတယ္လို႔ သိရပါတယ္။ ခ်ယ္ဆီးဟာ ကစားသမားသစ္ မ်ားစြာ ေခၚယူခဲ့ေပမယ့္ ခံစစ္ေၾကာင္းက အားနည္းေနေသးတာေၾကာင့္ အက္သလက္တီကို ကြင္းလယ္လူ ပါေတးက ဒါကိုေျဖရွင္းေပးႏိုင္မယ္လို႔ လမ္းပတ္က ထင္ျမင္ေနတာပါ။