ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (03/10/20)

အာဆင်နယ် လူငယ်ကစားသမား ရေးစ် နယ်ဆန်ဟာ အသင်းမှာ ကစားခွင့်မရခဲ့တဲ့နောက် ခရစ္စတယ်ပဲလေ့စ်ကို ပြောင်းရွှေ့ဖို့ ချိတ်ဆက် နေခဲ့တာဖြစ်ပေမယ့် ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဆန်ကတော့ သူ့အနေနဲ့ ဘာမှ မသိပဲ အားကစား ဒါရိုက်တာကသာ ကိုင်တွယ်နေတာ ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

လူငယ်ခံစစ်မှူး ဝီလျျံ ဆလီဘာဟာ အမ်းမရိတ်စ်မှာ အရန်ခုံပဲ ထိုင်နေရတာနဲ့အတူ အငှားထွက်ကစားဖို့ ဖြစ်နိုင်ခြေရှိနေပြီး ရန်းနက်စ်က သူ့အပေါ် စိတ်ဝင်စားနေတာဖြစ်သလို အငှားခေါ်ယူဖို့ ဒုတိယအကြိမ် ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။ အာတီတာကတော့ ဝီလီယံရဲ့ အနာဂတ်အတွက် အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက် ချသွားမှာပါလို့ ပြောဆိုထားပါတယ်။

ကွင်းလယ်သမး လူးကပ်စ် တော်ရဲရားဟာ အက်သလက်တီကိုထံ အငှားပြောင်းရွှေ့ဖို့ မက်ဒရစ်မြို့တော်ကို သွားရောက်ခဲ့ပြီဖြစ်သလို အပြောင်းအရွှေ့က အတည်ပြုဖို့သာ ကျန်တော့တာဖြစ်ပါတယ်။ အေတီကိုဟာ သူ့ကို ယူရိုသန်း၂၀နဲ့ ဝယ်ယူခွင့် ပါရှိမှာဖြစ်သလို လိုအပ်တဲ့ အသုံးစရိတ်အတွက် ဟာရီးရား ဒါမှမဟုတ် လီမာကိုရောင်းချဖို့ ပြင်ဆင်နေတာပါ။

ရီးရဲလ်မက်ဒရစ်ဟာ အာဆင်နယ် ပစ်မှတ် ကွင်းလယ်လူ အာဝါရဲ့ အပြောင်းအရွှေ့ကို ဝင်နှောင့်ယှက်ပြီး သူ့ကို ကြားဖြတ်ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ အာဝါကို အလိုရှိပေယ့် ဂန်းနားတွေဟာ သူ့တန်ကြေးကို မပေးနိုင်တာကြောင့် လာလီဂါ ဘီလူးတွေက နောက်ဆုံးမိနစ်မှာ ခေါ်ယူနိုင်ဖို့ အလိုရှိနေတာပါ။

အာဆင်နယ် နည်းပြ မီခေးလ် အာတီတာဟာ ဒီနွေမှာ ကွင်းလယ်လူ ဂွမ်ဒူဇီကို ရောင်းထုတ်ဖို့ မျှော်လင့်နေပါတယ်။ အမ်းမရိတ်စ်မှာ ဦးစားပေး မခံရတဲ့ အသက် ၂၁နှစ် အရွယ် ကစားသမားဟာ အနာဂတ် ပျောက်နေခဲ့ြပြီး မာဆေးက သူ့ကို အငှားခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အာဆင်နယ် နည်းပြဟောင်း အာဆင်ဝင်းဂါးက သူ့အနေနဲ့ ယူနိုက်တက် ထံကနေ နည်းပြရာထူးအတွက် ကမ်းလှမ်းမှု ရရှိခဲ့ဖူးကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဂန်းနားတွေရဲ့ သက်တော်ရှည်နည်းပြကြီးဟာ အာဆင်နယ်ကနေ ထွက်ခွာခဲ့တဲ့နောက် ထိပ်တန်း အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှု ရခဲ့ပေမယ့် ဘယ်တုန်းကလဲ ဆိုတာတော့ မပြောပြခဲ့ပါဘူး။

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ပထမဆုံးအကြိမ် ခေါ်ယူခြင်းခံခဲ့ရတဲ့ ဘူကာယို ဆာကာ အတွက် နည်းပြ အာတီတာက ပျော်ရွှင်နေပြီး ဒီအခွင့်အရေးဟာ လူငယ် ကစားသမားအတွက် ယုံကြည်မှုတိုးမြှင့်နိုင်အောင် ကူညီပေးလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အာဆင်နယ် ကွင်းလယ်လူ အိုဇေးဟာ နောက်နွေရာသီမှာ စာချုပ်သက်တမ်းကုန်တော့မှာဖြစ်ပေမယ့် ကလပ်အတွက် သူ့ရဲ့နောက်ဆုံးပွဲကို ကစားရပြီးတာဖြစ်နိုင်ပါတယ်။ အိုဇေးဟာ ကြံ့ခိုင်မှုပြည့်ဝနေပေမယ့် ကစားချိန်မရခဲ့သလို သူ့အနေနဲ့ ကစားချင်စိတ်ရှိရင်တော့ ပြန် အခွင့်အရေးပေးဖို့ အာတီတာက ကမ်းလှမ်းမှုလုပ်ခဲ့ပါတယ်။

Zawgyi – အာဆင္နယ္ လူငယ္ကစားသမား ေရးစ္ နယ္ဆန္ဟာ အသင္းမွာ ကစားခြင့္မရခဲ့တဲ့ေနာက္ ခရစၥတယ္ပဲေလ့စ္ကို ေျပာင္းေ႐ႊ႕ဖို႔ ခ်ိတ္ဆက္ ေနခဲ့တာျဖစ္ေပမယ့္ ပဲေလ့စ္နည္းျပ ႐ြိဳင္းေဟာ့ဆန္ကေတာ့ သူ႔အေနနဲ႔ ဘာမွ မသိပဲ အားကစား ဒါ႐ိုက္တာကသာ ကိုင္တြယ္ေနတာ ျဖစ္ေၾကာင္း ေျဖၾကားခဲ့ပါတယ္။

လူငယ္ခံစစ္မွဴး ၀ီလ််ံ ဆလီဘာဟာ အမ္းမရိတ္စ္မွာ အရန္ခုံပဲ ထိုင္ေနရတာနဲ႔အတူ အငွားထြက္ကစားဖို႔ ျဖစ္ႏိုင္ေျခရွိေနၿပီး ရန္းနက္စ္က သူ႔အေပၚ စိတ္ဝင္စားေနတာျဖစ္သလို အငွားေခၚယူဖို႔ ဒုတိယအႀကိမ္ ကမ္းလွမ္းမႈ လုပ္ခဲ့ပါတယ္။ အာတီတာကေတာ့ ဝီလီယံရဲ႕ အနာဂတ္အတြက္ အေကာင္းဆုံးျဖစ္မယ့္ ဆုံးျဖတ္ခ်က္ ခ်သြားမွာပါလို႔ ေျပာဆိုထားပါတယ္။

ကြင္းလယ္သမး လူးကပ္စ္ ေတာ္ရဲရားဟာ အက္သလက္တီကိုထံ အငွားေျပာင္းေ႐ႊ႕ဖို႔ မက္ဒရစ္ၿမိဳ႕ေတာ္ကို သြားေရာက္ခဲ့ၿပီျဖစ္သလို အေျပာင္းအေ႐ႊ႕က အတည္ျပဳဖို႔သာ က်န္ေတာ့တာျဖစ္ပါတယ္။ ေအတီကိုဟာ သူ႔ကို ယူ႐ိုသန္း၂၀နဲ႔ ဝယ္ယူခြင့္ ပါရွိမွာျဖစ္သလို လိုအပ္တဲ့ အသုံးစရိတ္အတြက္ ဟာရီးရား ဒါမွမဟုတ္ လီမာကိုေရာင္းခ်ဖို႔ ျပင္ဆင္ေနတာပါ။

ရီးရဲလ္မက္ဒရစ္ဟာ အာဆင္နယ္ ပစ္မွတ္ ကြင္းလယ္လူ အာဝါရဲ႕ အေျပာင္းအေ႐ႊ႕ကို ဝင္ေႏွာင့္ယွက္ၿပီး သူ႔ကို ၾကားျဖတ္ေခၚယူဖို႔ ၾကိဳးပမ္းေနပါတယ္။ အာဝါကို အလိုရွိေပယ့္ ဂန္းနားေတြဟာ သူ႔တန္ေၾကးကို မေပးႏိုင္တာေၾကာင့္ လာလီဂါ ဘီလူးေတြက ေနာက္ဆုံးမိနစ္မွာ ေခၚယူႏိုင္ဖို႔ အလိုရွိေနတာပါ။

အာဆင္နယ္ နည္းျပ မီေခးလ္ အာတီတာဟာ ဒီေႏြမွာ ကြင္းလယ္လူ ဂြမ္ဒူဇီကို ေရာင္းထုတ္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ အမ္းမရိတ္စ္မွာ ဦးစားေပး မခံရတဲ့ အသက္ ၂၁ႏွစ္ အ႐ြယ္ ကစားသမားဟာ အနာဂတ္ ေပ်ာက္ေနခဲ့ျၿပီး မာေဆးက သူ႔ကို အငွားေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။

အာဆင္နယ္ နည္းျပေဟာင္း အာဆင္ဝင္းဂါးက သူ႔အေနနဲ႔ ယူႏိုက္တက္ ထံကေန နည္းျပရာထူးအတြက္ ကမ္းလွမ္းမႈ ရရွိခဲ့ဖူးေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ ဂန္းနားေတြရဲ႕ သက္ေတာ္ရွည္နည္းျပႀကီးဟာ အာဆင္နယ္ကေန ထြက္ခြာခဲ့တဲ့ေနာက္ ထိပ္တန္း အသင္းႀကီးေတြရဲ႕ စိတ္ဝင္စားမႈ ရခဲ့ေပမယ့္ ဘယ္တုန္းကလဲ ဆိုတာေတာ့ မေျပာျပခဲ့ပါဘူး။

အဂၤလန္လက္ေ႐ြးစင္အသင္းရဲ႕ ပထမဆုံးအႀကိမ္ ေခၚယူျခင္းခံခဲ့ရတဲ့ ဘူကာယို ဆာကာ အတြက္ နည္းျပ အာတီတာက ေပ်ာ္႐ႊင္ေနၿပီး ဒီအခြင့္အေရးဟာ လူငယ္ ကစားသမားအတြက္ ယုံၾကည္မႈတိုးျမႇင့္ႏိုင္ေအာင္ ကူညီေပးလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

အာဆင္နယ္ ကြင္းလယ္လူ အိုေဇးဟာ ေနာက္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ေတာ့မွာျဖစ္ေပမယ့္ ကလပ္အတြက္ သူ႔ရဲ႕ေနာက္ဆုံးပြဲကို ကစားရၿပီးတာျဖစ္ႏိုင္ပါတယ္။ အိုေဇးဟာ ႀကံ့ခိုင္မႈျပည့္ဝေနေပမယ့္ ကစားခ်ိန္မရခဲ့သလို သူ႔အေနနဲ႔ ကစားခ်င္စိတ္ရွိရင္ေတာ့ ျပန္ အခြင့္အေရးေပးဖို႔ အာတီတာက ကမ္းလွမ္းမႈလုပ္ခဲ့ပါတယ္။