ချယ်ဆီး Vs ခရစ္စတယ်ပဲလေစ့် ပွဲအတွက် လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ချယ်ဆီး အသင်းဟာ ဒီတစ်ပတ်မှာ လန်ဒန်မြို့ခံ တစ်သင်း ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းကို အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ အောက်တိုဘာလ ၃ ရက် (စနေနေ့) ညနေ ၆ နာရီမှာပါ။

ဒီပွဲစဉ် အတွက် ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ လော်ရိုးကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ချယ်ဆီးအသင်းက အခုချိန်ထိတော့ ပွဲနိုင်သည့်တိုင် မတည်ငြိမ်သေးတဲ့ အနေအထားတွေ တွေ့နေရပါတယ်။ ဘရိုက်တန်နဲ့ ပွဲမှာဆိုလည်း အခွင့်ကောင်းတွေ အများကြီး လက်လွှတ်ခဲ့တယ်။ လီဗာပူးဆို သူတို့ကို အေးအေးဆေးဆေး ဖြိုခွဲသွားတယ်။

နောက်ပြီး ဝက်စ်ဘရွန်းနဲ့ ပွဲမှာဆို ၃-၀ နဲ့ အရင် အရေးနိမ့်ခဲ့ရတယ်။ ချယ်ဆီးအသင်းသားတွေ ကေငာ်းစွာ တုန့်ပြန်ပြီး ကာကွယ် နိုင်ခဲ့တယ် ဆိုပေမယ့် လမ်းပတ် အနေနဲ့ သူ့အသင်းက နောက်ပွဲတွေမှာ ဘယ်လိုလာဦးမလဲ သေချာတွေးဆ ပြင်ဆင်ဖို့ လိုပါတယ်။

ချယ်ဆီး က ဂိုးသွင်းရတာ သိပ်ကြိုက်တဲ့ အသင်း ဖြစ်ပေမယ့် ခံစစ်ပိုင်းကတော့ နေရာတိုင်း လိုအပ်ချက်တွေနဲ့ပါ။ သီယေဂို ဆေးလ်ဗားသာ ပုံမှန် တွဲ ကစားရမယ့်သူနဲ့ အထိုင်ကျသွားမယ်ဆိုရင် ခံစစ်မှာ တိုးတက်လာမယ်တော့ ထင်ပါတယ်။ သူက တကယ့် ကစားသမားကောင်း ဖြစ်တယ်။

ဒီပွဲမှာ ချယ်ဆီးက ပဲလေ့စ်တို့ကို ချေမှုန်းနိုင်မှာပါ။ ဒီအတွက် လိုအပ်တဲ့ လက်နက်တွေလည်း ချယ်ဆီးက အပြည့်အစုံ ရှိတယ်။ ပဲလေ့စ်က အမြဲ ခံစစ် ကျစ်လစ်တယ် ဆိုပေမယ့် ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။ ဒီပွဲကနေ ကလင်းရှိ ပါ ရမယ်ဆိုရင် ဖရန့်တို့ တိမ်ပေါ်ရောက်နေသလို အပျော်လွန်ရပါလိမ့်မယ်။ ” လို့ လော်ရိုးက သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်ကတော့ ချယ်ဆီး 2-0 ပဲလေစ့် ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီး အသင္းဟာ ဒီတစ္ပတ္မွာ လန္ဒန္ျမိဳ႔ခံ တစ္သင္း ျဖစ္တဲ့ ခရစၥတယ္ပဲေလ့စ္ အသင္းကို အိမ္ကြင္း စတန္းဖို႔ဘရစ္ခ်္မွာ ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ ေအာက္တိုဘာလ ၃ ရက္ (စေနေန႔) ညေန ၆ နာရီမွာပါ။

ဒီပြဲစဥ္ အတြက္ ဘီဘီစီ သတင္းဌာနမွ ပင္တိုင္ သံုးသပ္သူ ျဖစ္တဲ့ ေလာ္ရိုးကေတာ့ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” ခ်ယ္ဆီးအသင္းက အခုခ်ိန္ထိေတာ့ ပြဲနုိင္သည့္တိုင္ မတည္ျငိမ္ေသးတဲ့ အေနအထားေတြ ေတြ႔ေနရပါတယ္။ ဘရိုက္တန္နဲ႕ ပြဲမွာဆိုလည္း အခြင့္ေကာင္းေတြ အမ်ားၾကီး လက္လႊတ္ခဲ့တယ္။ လီဗာပူးဆို သူတို႔ကို ေအးေအးေဆးေဆး ျဖိဳခြဲသြားတယ္။

ေနာက္ျပီး ၀က္စ္ဘရြန္းနဲ႕ ပြဲမွာဆို ၃-၀ နဲ႕ အရင္ အေရးနိမ့္ခဲ့ရတယ္။ ခ်ယ္ဆီးအသင္းသားေတြ ေကငာ္းစြာ တုန္႔ျပန္ျပီး ကာကြယ္ နုိင္ခဲ့တယ္ ဆိုေပမယ့္ လမ္းပတ္ အေနနဲ႕ သူ႔အသင္းက ေနာက္ပြဲေတြမွာ ဘယ္လုိလာဦးမလဲ ေသခ်ာေတြးဆ ျပင္ဆင္ဖို႔ လိုပါတယ္။

ခ်ယ္ဆီး က ဂိုးသြင္းရတာ သိပ္ၾကိဳက္တဲ့ အသင္း ျဖစ္ေပမယ့္ ခံစစ္ပိုင္းကေတာ့ ေနရာတိုင္း လိုအပ္ခ်က္ေတြနဲ႕ပါ။ သီေယဂို ေဆးလ္ဗားသာ ပံုမွန္ တြဲ ကစားရမယ့္သူနဲ႕ အထိုင္က်သြားမယ္ဆိုရင္ ခံစစ္မွာ တုိးတက္လာမယ္ေတာ့ ထင္ပါတယ္။ သူက တကယ့္ ကစားသမားေကာင္း ျဖစ္တယ္။

ဒီပြဲမွာ ခ်ယ္ဆီးက ပဲေလ့စ္တို႔ကို ေခ်မႈန္းနိုင္မွာပါ။ ဒီအတြက္ လိုအပ္တဲ့ လက္နက္ေတြလည္း ခ်ယ္ဆီးက အျပည့္အစံု ရွိတယ္။ ပဲေလ့စ္က အျမဲ ခံစစ္ က်စ္လစ္တယ္ ဆိုေပမယ့္ ကာကြယ္နုိင္မွာ မဟုတ္ပါဘူး။ ဒီပြဲကေန ကလင္းရွိ ပါ ရမယ္ဆိုရင္ ဖရန္႔တို႔ တိမ္ေပၚေရာက္ေနသလို အေပ်ာ္လြန္ရပါလိမ့္မယ္။ ” လို႔ ေလာ္ရိုးက သံုးသပ္ထားပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ကေတာ့ ခ်ယ္ဆီး 2-0 ပဲေလစ့္ ျဖစ္ပါတယ္။