အာဆင်နယ် Vs ရှက်ဖီးယူနိုက်တက် ပွဲ အတွက် လော်ရိုး သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ ရှက်ဖီးယူနိုက်တက်ကို အမ်းမရိတ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ အောက်တိုဘာလ ၄ ရက် (တနင်္ဂနွေနေ့) ည ရး၃၀ နာရီမှာပါ။

ဒီပွဲစဉ် အတွက် ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ရှက်ဖီးယူနိုက်တက်ကတော့ အခုချိန်ထိ ဒီရာသီ အတွက် အမှတ်နဲ့ သွင်းဂိုး မရရှိသေးပါဘူး။ လီဗာပူး လူငယ် ကစားသမားလေး ဘရူစတား ကို ခေါ်ယူလိုက်တကာက ရှက်ဖီး နည်းပြ ခရစ္စဝိုက်ဒါဟာ သူ့ရဲ့ တိုက်စစ်လိုင်းကို အင်အားဖြည့်ချင်လို့ ဖြစ်ပါတယ်။ အဲဒီနေရာကလည်း တကယ်ကို ဖြည့်ဆည်းဖို့ လိုအပ်နေတာပါ။

ကျနော် အရင်က ပြောခဲ့သလိုပဲ ရှက်ဖီးဟာ သူတို့အတွက် ကောင်းစွာ လုပ်ပြထားတဲ့ ချန်ပီယံရှစ် တိုက်စစ်မှူးတွေ လိုအပ်တယ် ဆိုပေမယ့် တကယ့် တိုက်စစ်လိုင်းကို ဦးဆောင်ဖို့က ဒန်နီအင့် လို ကစားသမားမျိုး လိုအပ်တာပါ။ သူ့လိုပဲ ပရီးမီးယားလိဂ် အသင်း တဝက်လောက်လည်း တူတူပဲ ဖြစ်တယ်။

ပြီးခဲ့တဲ့ တနင်္လာက ပရီးမီးယားလိဂ် ပွဲမှာ အာဆင်နယ်က အန်းဖီးမှာ လီဗာပူးကို ရှုံးခဲ့တယ် ဆိုပေမယ့် တကယ့်ကို အကြိတ်အနယ် ရှိခဲ့ပါတယ်။ သူတို့ ကစားတာ ဦးတည်ချက်မဲ့ မဟုတ်ဘဲ စနစ်တကျလည်း ရှိခဲ့တယ်။ ပွဲရှိန်နှုန်းကိုလည်း ထိန်းသွားတာ ကောင်းမွန်ခဲ့တယ်။ လီဗာပူးအသင်းက သိပ်ကောင်းခဲ့လို့သာ နိုင်သွားတာ ဖြစ်ပြီး ဒီတစ်ပတ် ပွဲမှာတော့ အာဆင်နယ်တို့ အမှတ် သေချာပေါက် ယူမှာ ဖြစ်ပါတယ်။ ” လို့ လော်ရိုးက ဆိုပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်ကတော့ အာဆင်နယ် 2-0 ရှက်ဖီး ဖြစ်ပါတယ်။

Zawgyi – အာဆင္နယ္အသင္းဟာ ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာေတာ့ ရွက္ဖီးယူနိုက္တက္ကို အမ္းမရိတ္မွာ ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ ေအာက္တိုဘာလ ၄ ရက္ (တနဂၤေႏြေန႔) ည ၇း၃၀ နာရီမွာပါ။

ဒီပြဲစဥ္ အတြက္ ဘီဘီစီမွ ပင္တိုင္ သံုးသပ္သူ ျဖစ္တဲ့ ေလာ္ရိုးက အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” ရွက္ဖီးယူနိုက္တက္ကေတာ့ အခုခ်ိန္ထိ ဒီရာသီ အတြက္ အမွတ္နဲ႕ သြငး္ဂိုး မရရွိေသးပါဘူး။ လီဗာပူး လူငယ္ ကစားသမားေလး ဘရူစတား ကို ေခၚယူလိုက္တကာက ရွက္ဖီး နည္းျပ ခရစၥ၀ိုက္ဒါဟာ သူ႔ရဲ႕ တိုက္စစ္လိုင္းကို အင္အားျဖည့္ခ်င္လို႔ ျဖစ္ပါတယ္။ အဲဒီေနရာကလည္း တကယ္ကို ျဖည့္ဆည္းဖို႔ လိုအပ္ေနတာပါ။

က်ေနာ္ အရင္က ေျပာခဲ့သလိုပဲ ရွက္ဖီးဟာ သူတို႔အတြက္ ေကာင္းစြာ လုပ္ျပထားတဲ့ ခ်န္ပီယံရွစ္ တိုက္စစ္မွဴးေတြ လိုအပ္တယ္ ဆိုေပမယ့္ တကယ့္ တိုက္စစ္လိုင္းကို ဦးေဆာင္ဖို႔က ဒန္နီအင့္ လို ကစားသမားမ်ိဳး လိုအပ္တာပါ။ သူ႔လိုပဲ ပရီးမီးယားလိဂ္ အသင္း တ၀က္ေလာက္လည္း တူတူပဲ ျဖစ္တယ္။

ျပီးခဲ့တဲ့ တနလၤာက ပရီးမီးယားလိဂ္ ပြဲမွာ အာဆင္နယ္က အန္းဖီးမွာ လီဗာပူးကို ရွံဳးခဲ့တယ္ ဆိုေပမယ့္ တကယ့္ကို အၾကိတ္အနယ္ ရွိခဲ့ပါတယ္။ သူတို႔ ကစားတာ ဦးတည္ခ်က္မဲ့ မဟုတ္ဘဲ စနစ္တက်လည္း ရွိခဲ့တယ္။ ပြဲရွိန္နႈန္းကိုလည္း ထိန္းသြားတာ ေကာင္းမြန္ခဲ့တယ္။ လီဗာပူးအသင္းက သိပ္ေကာင္းခဲ့လို႔သာ နုိင္သြားတာ ျဖစ္ျပီး ဒီတစ္ပတ္ ပြဲမွာေတာ့ အာဆင္နယ္တို႔ အမွတ္ ေသခ်ာေပါက္ ယူမွာ ျဖစ္ပါတယ္။ ” လို႔ ေလာ္ရိုးက ဆိုပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ကေတာ့ အာဆင္နယ္ 2-0 ရွက္ဖီး ျဖစ္ပါတယ္။