မန်ယူနိုက်တက် Vs စပါး ပွဲ အတွက် လော်ရိုး သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲမှာတော့ စပါးအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ အောက်တိုဘာလ ၄ ရက် (တနင်္ဂနွေနေ့) ည ၁၀ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။

ဒီပွဲအတွက် ဘီဘီစီမှ ပင်တိုင်သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ်ခန့်မှန်းထားပါတယ်။

” ယူနိုက်တက်မှာ ပြသနာ ရှိနေတာက ခံစစ် လေးယောက်တန်းတင် မဟုတ်ပါဘူး။ အသင်းလိုက် ကာကွယ်မှုပိုင်းမှာလည်း လစ်ဟာမှုတွေ ရှိနေပါတယ်။ တိုက်စစ်ကတော့ ဘရိုက်တန်နဲ့ ပွဲမှာ ကျနော့် အမြင်တော့ အတော် သဘောကျမိပါတယ်။

ဘရိုက်တန်က ယူနိုက်တက်ရဲ့ ၁၈ ကိုက်စည်းထဲမှာ ကစားခွင့် ရနေခဲ့တာ တစ်ခုတော့ ကျနော် နားမလည်နိုင်ပါဘူး။ ဆိုးရှား အနေနဲ့ ကွင်းလယ်မှာ အခုထက် ဟန်ချက်ညီအောင် စီမံဖို့ လိုအပ်ပါတယ်။ တိုက်စစ်က ကောင်းနေတယ် ဆိုပေမယ့် ဂိုးတွေကလည်း ပေးဖို့ အသင့် ရှိနေပုံ ဖြစ်နေတယ်။

စပါးက ပြီးခဲ့တဲ့ အပတ် နယူးကာဆယ်နဲ့ ပွဲမှာ အခွင့်ကောင်းတွေ အများကြီး ဖန်တီးခဲ့ပေမယ့် ကာဆယ် ဂိုးသမား ကားလ် ဒါလောကို မကျောနိုငခဲ့ပါဘူး။ ဒီပွဲမှာတော့ တိုက်စစ်ပါဝါကောင်းနေတဲ့ ယူနိုက်တက် ဘက်က ကျနော် ရှိချင်တယ်။ ဂိုးနည်းနည်းအသာနဲ့ ပဲ ကပ်နိုင်မှာပါ။ ” လို့ လော်ရိုးက သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်ကတော့ ယူနိုက်တက် 2-1 စပါး ဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ဒီတစ္ပတ္ ပရီးမီးယားလိဂ္ပြဲမွာေတာ့ စပါးအသင္းကို အိမ္ကြင္း အိုးထရက္ဖုိ႕ဒ္မွာ ဧည့္ခံ ကစားမွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ ေအာက္တိုဘာလ ၄ ရက္ (တနဂၤေႏြေန႔) ည ၁၀ နာရီမွာ ယွဥ္ျပိဳင္ၾကမွာပါ။

ဒီပြဲအတြက္ ဘီဘီစီမွ ပင္တိုင္သံုးသပ္သူ ေလာ္ရိုးက အခုလို သံုးသပ္ခန္႔မွန္းထားပါတယ္။

” ယူနိုက္တက္မွာ ျပသနာ ရွိေနတာက ခံစစ္ ေလးေယာက္တန္းတင္ မဟုတ္ပါဘူး။ အသင္းလိုက္ ကာကြယ္မႈပိုင္းမွာလည္း လစ္ဟာမႈေတြ ရွိေနပါတယ္။ တိုက္စစ္ကေတာ့ ဘရိုက္တန္နဲ႕ ပြဲမွာ က်ေနာ့္ အျမင္ေတာ့ အေတာ္ သေဘာက်မိပါတယ္။

ဘရိုက္တန္က ယူနုိက္တက္ရဲ႕ ၁၈ ကိုက္စည္းထဲမွာ ကစားခြင့္ ရေနခဲ့တာ တစ္ခုေတာ့ က်ေနာ္ နားမလည္နုိင္ပါဘူး။ ဆိုးရွား အေနနဲ႕ ကြင္းလယ္မွာ အခုထက္ ဟန္ခ်က္ညီေအာင္ စီမံဖို႔ လိုအပ္ပါတယ္။ တိုက္စစ္က ေကာင္းေနတယ္ ဆိုေပမယ့္ ဂိုးေတြကလည္း ေပးဖို႔ အသင့္ ရွိေနပံု ျဖစ္ေနတယ္။

စပါးက ျပီးခဲ့တဲ့ အပတ္ နယူးကာဆယ္နဲ႕ ပြဲမွာ အခြင့္ေကာင္းေတြ အမ်ားၾကီး ဖန္တီးခဲ့ေပမယ့္ ကာဆယ္ ဂိုးသမား ကားလ္ ဒါေလာကို မေက်ာနုိ္ငခဲ့ပါဘူး။ ဒီပြဲမွာေတာ့ တိုက္စစ္ပါ၀ါေကာင္းေနတဲ့ ယူနိုက္တက္ ဘက္က က်ေနာ္ ရွိခ်င္တယ္။ ဂိုးနည္းနည္းအသာနဲ႕ ပဲ ကပ္နုိင္မွာပါ။ ” လို႔ ေလာ္ရိုးက သံုးသပ္ထားပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ကေတာ့ ယူႏုိက္တက္ 2-1 စပါး ျဖစ္ပါတယ္။