ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (03/10/20)

ယူနိုက်တက်ဟာ တိုက်စစ်သမား ကာဗာနီကို ခေါ်ယူနိုင်ဖို့အတွက် စတင်ကာ ဆွေးနွေးနေပြီး တိုက်စစ်မှူးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရမှာဖြစ်ပေမယ့် တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းထက် ပိုပြီး ပေးရမယ်လို့ သိရပါတယ်။

ဒီအပတ် ဒေါ့မွန်အသင်းရဲ့ ဘွန်ဒက်လီဂါပွဲမှာ ဆန်ချို မပါခဲ့ပေမယ့် ကစားသမားက ဖျားနာနေခြင်းဖြစ်ကာ ယူနိုက်တက်ကို လုံးဝ ပြောင်းမှာ မဟုတ်သလို အပြောင်းအရွှေ့ ဆက်လက် လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ဒေါ့မွန် အားကစားဒါရိုက်တာ မိုက်ကယ် ဇော့က ငြင်းဆန်ပါတယ်။

ယူနိုက်တက်အနေနဲ့ ဆန်ချိုကို ဈေးကြီးလို့ မခေါ်ဘူးဆိုရင်တောင် ဈေးကွက် မပိတ်ခင်မှာ ခံစစ်သမား တစ်ဦးကို အင်အားဖြည့်ပြီး နောက်တန်းက အမှားများနေမှုကို ဖာထေးပေးဖို့ ဘာဘာတော့ဗ်က တောင်းဆိုလိုက်ပါတယ်။

ဘာစီလိုနာအသင်းဟာ လိုင်ယွန်ကနေ ဒီပေးကို မခေါ်ယူနိုင်ရင် တိုက်စစ်သမား ဒမ်ဘီလီကို ယူနိုက်တက်ထံ ထွက်ခွာခွင့် ပေးမှာ မဟုတ်ပါဘူး။ လိုင်ယွန်ကလည်း ဒီပေးတင် မကဘဲ ကွင်းလယ်လူ အော်ဝါကိုပါ ဒီနွေမှာ ထွက်ခွင့်မပေးဖို့ ဆုံးဖြတ်ထားပါတယ်။

မန်နေဂျာ ဆိုးရှားက စပါးနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲမှာ ဒီနွေကမှ ခေါ်ယူထားတဲ့ ကွင်းလယ်ကစားသမားသစ် ဗန်ဒါဘိခ်ကို ပွဲထွက်လူစာရင်းကနေ ထုတ်သုံးနိုင်ကြောင်း အသိပေးခဲ့ပါတယ်။

စပါးနဲ့ပွဲကြိုမှာ စပါးမန်နေဂျာ မော်ရင်ညိုနဲ့ အပြန်အလှန် စကားစစ်ထိုးမှုတွေ လုပ်ထားပေမယ့် ဒါက ဖျော်ဖြေမှုဆိုတာထက် မပိုပါဘူးလို့ ဆိုးရှားက ပြောပါတယ်။

ယူနိုက်တက်နဲ့ စပါးပွဲမှာ တိုက်စစ်ပါဝါကောင်းနေတဲ့ ယူနိုက်တက်က စပါးအသင်းကို ဂိုးနည်းနည်းအသာအဖြစ် ၂-၁ လောက်နဲ့ ကပ်နိုင်လိမ့်မယ်လို့ လော်ရိုးက ခန့်မှန်းသွားပါတယ်။

ZAWGYI

ယူႏိုက္တက္ဟာ တိုက္စစ္သမား ကာဗာနီကို ေခၚယူႏုိင္ဖို႔အတြက္ စတင္ကာ ေဆြးေႏြးေနျပီး တိုက္စစ္မွဴးကို အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ရမွာျဖစ္ေပမယ့္ တစ္ပတ္လုပ္ခ ေပါင္ ၂ သိန္းထက္ ပိုျပီး ေပးရမယ္လို႔ သိရပါတယ္။

ဒီအပတ္ ေဒါ့မြန္အသင္းရဲ႕ ဘြန္ဒက္လီဂါပြဲမွာ ဆန္ခ်ိဳ မပါခဲ့ေပမယ့္ ကစားသမားက ဖ်ားနာေနျခင္းျဖစ္ကာ ယူႏုိက္တက္ကို လံုးဝ ေျပာင္းမွာ မဟုတ္သလို အေျပာင္းအေရႊ႔ ဆက္လက္ လုပ္ေဆာင္မွာ မဟုတ္ဘူးလို႔ ေဒါ့မြန္ အားကစားဒါရိုက္တာ မိုက္ကယ္ ေဇာ့က ျငင္းဆန္ပါတယ္။

ယူႏိုက္တက္အေနနဲ႔ ဆန္ခ်ိဳကို ေစ်းၾကီးလို႔ မေခၚဘူးဆိုရင္ေတာင္ ေစ်းကြက္ မပိတ္ခင္မွာ ခံစစ္သမား တစ္ဦးကို အင္အားျဖည့္ျပီး ေနာက္တန္းက အမွားမ်ားေနမႈကို ဖာေထးေပးဖို႔ ဘာဘာေတာ့ဗ္က ေတာင္းဆိုလိုက္ပါတယ္။

ဘာစီလိုနာအသင္းဟာ လိုင္ယြန္ကေန ဒီေပးကို မေခၚယူႏုိင္ရင္ တိုက္စစ္သမား ဒမ္ဘီလီကို ယူႏိုက္တက္ထံ ထြက္ခြာခြင့္ ေပးမွာ မဟုတ္ပါဘူး။ လိုင္ယြန္ကလည္း ဒီေပးတင္ မကဘဲ ကြင္းလယ္လူ ေအာ္ဝါကိုပါ ဒီေႏြမွာ ထြက္ခြင့္မေပးဖို႔ ဆံုးျဖတ္ထားပါတယ္။

မန္ေနဂ်ာ ဆိုးရွားက စပါးနဲ႔ ယွဥ္ျပိဳင္ရမယ့္ ပရီးမီးယားလိဂ္ပြဲမွာ ဒီေႏြကမွ ေခၚယူထားတဲ့ ကြင္းလယ္ကစားသမားသစ္ ဗန္ဒါဘိခ္ကို ပြဲထြက္လူစာရင္းကေန ထုတ္သံုးႏုိင္ေၾကာင္း အသိေပးခဲ့ပါတယ္။

စပါးနဲ႔ပြဲၾကိဳမွာ စပါးမန္ေနဂ်ာ ေမာ္ရင္ညိဳနဲ႔ အျပန္အလွန္ စကားစစ္ထိုးမႈေတြ လုပ္ထားေပမယ့္ ဒါက ေဖ်ာ္ေျဖမႈဆိုတာထက္ မပိုပါဘူးလို႔ ဆိုးရွားက ေျပာပါတယ္။

ယူႏိုက္တက္နဲ႔ စပါးပြဲမွာ တိုက္စစ္ပါ၀ါေကာင္းေနတဲ့ ယူနိုက္တက္က စပါးအသင္းကို ဂိုးနည္းနည္းအသာအျဖစ္ ၂-၁ ေလာက္နဲ႔ ကပ္နုိင္လိမ့္မယ္လို႔ ေလာ္ရိုးက ခန္႔မွန္းသြားပါတယ္။