ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (04/10/20)

ယူနိုက်တက်ဟာ လောလောဆယ် အသင်းလက်မဲ့ ဖြစ်နေတဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူးဟောင်း ကာဗာနီ ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပါတယ်။ နောက်ထပ် ၁၂လ သက်တမ်းတိုးခွင့် အပါအဝင် ၁နှစ် စာချုပ်နဲ့ သူ့ကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး ကာဗာနီအနေနဲ့ လစာလျှော့ယူဖို့လဲ ရှိနေပါတယ်။

ယူနိုက်တက်အနေနဲ့ ဒမ်ဘီလီကို ပေါင် သန်း ၆၀နဲ့ ခေါ်ယူနိုင်တယ်လို့ ဘာစီလိုနာက အကြောင်းကြားခဲ့ပါတယ်။ ဆန်ချိုကို မခေါ်နိုင်ခဲ့တဲ့နောက် ယူနိုက်တက်ဟာ ဒမ်ဘီလီကို ပစ်မှတ်ပြောင်းခဲ့တာဖြစ်ပြီး ဒီပေးကို အလိုရှိနေတဲ့ ကိုးမန်းက ငွေလိုနေတာကြောင့် ဒမ်ဘီလီကို လျှော့ဈေးနဲ့ ရောင်းချချင်နေတာပါ။

အနာဂတ်မှာ ဂျေဒန်ဆန်ချို ထက် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် ယူနိုက်တက်ကို ဝိန်းရွန်းနီက တိုက်တွန်းခဲ့ပါတယ်။ ကိန်းကို ခေါ်ယူဖို့က ခက်ခဲလိမ့်မယ်လို့ ဒါဘီကောင်တီ ကြယ်ပွင့်က ယုံကြည်နေပေမယ့် နည်းဗျူဟာပိုင်းအရ သူက ပိုပြီးအကျိုးပြုနိုင်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ဟာ နောက်နွေရာသီမှာ ပေါ်တိုနဲ့ စာချုပ် ကုန်ဆုံးမှာ ဖြစ်တော့မယ့် ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ် အတွက် ပေါင် ၁၂သန်းသာ ကမ်းလှမ်းထားခဲ့ကာ သဘောတူညီမှု မရသေးတာကြောင့် တနင်္လာနေ့မတိုင်ခင် ပေါ်တိုရဲ့ ခေါ်ဈေး ပေါင် ၁၈သန်း ကို ပေးနိုင်ဖို့အတွက် ဆိုးလ်ရှားက ဘုတ်အဖွဲ့ကို တောင်းဆိုခဲ့ပါတယ်။

ဆိုးလ်ရှားဟာ မိမိတို့အသင်းမှာ နောက်ထပ် ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ ပရိသတ်တွေ တောင်းဆိုနေတာကို နားလည်ပေမယ့် အရင်တုန်းက မိုယက်စ်၊ ဗန်ဟားနဲ့ မော်ရင်ညိုတို့တွေရဲ့ မှားယွင်းတဲ့ ခေါ်ယူမှုတွေကြောင့် သူ့မှာ ကြိုက်သလို လုပ်ခွင့် မရှိတော့ဘူး လို့ အပြစ်တင်ပြောဆိုခဲ့ပါတယ်။

အရင်က ယူနိုက်တက်ဟာ ဒမ်ဘီလီကို ခေါ်ယူဖို့ ချိတ်ဆက်နေခဲ့ပေမယ့် ကစားသမားကတော့ ပယ်ချခဲ့ပြီး စပိန်မှာဆက်နေချင်ခဲ့တာပါ။ အခုတော့ ဘာစီလိုနာ ကြယ်ပွင့်ဟာ စိတ်ပြောင်းလာခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ချင်လာတာကြောင့် ယူနိုက်တက်အတွက် မျှော်လင့်ချက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လိဒ် ယူနိုက်တက်ဟာ ယူနိုက်တက် တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်အတွက် ပေါင်၂၅သန်းနဲ့ ကမ်းလှမ်းမှုလုပ်ခဲ့ပါတယ်။ အသက်၂၂နှစ် အရွယ်ကစားသမားကို ကနဦး အငှားခေါ်ယူဖို့ ကြိုးစားရာမှာ မအောင်မြင်ခဲ့တဲ့နောက် အပြီးသတ် ခေါ်ယူဖို့ လိဒ်က ကမ်းလှမ်းမှု လုပ်လာခဲ့တာပါ။

အေစီမီလန်ဟာ ယူနိုက်တက် ကြယ်ပွင့် ဒါးလော့ကို အငှားခေါ်ယူနိုင်ဖို့ အလွန် နီးစပ်နေပြီဖြစ်ပါတယ်။ ရိုးမားဟာ စမောလင်းအတွက် ညှိနှိုင်းနေစဉ်မှာပဲ ဒါးလော့ကိုပါ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ယူနိုက်တက်က ငြင်းပယ် ခဲ့တာဖြစ်ပြီး အခုတော့ အေစီမီလန်ထံ အငှားချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Zawgyi – ယူနိုက္တက္ဟာ ေလာေလာဆယ္ အသင္းလက္မဲ့ ျဖစ္ေနတဲ့ ပီအက္စ္ဂ်ီ တိုက္စစ္မႉးေဟာင္း ကာဗာနီ ကို ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ပါတယ္။ ေနာက္ထပ္ ၁၂လ သက္တမ္းတိုးခြင့္ အပါအဝင္ ၁ႏွစ္ စာခ်ဳပ္နဲ႔ သူ႔ကို ကမ္းလွမ္းခဲ့တာျဖစ္ၿပီး ကာဗာနီအေနနဲ႔ လစာေလွ်ာ့ယူဖို႔လဲ ရွိေနပါတယ္။

ယူႏိုက္တက္အေနနဲ႔ ဒမ္ဘီလီကို ေပါင္ သန္း ၆၀နဲ႔ ေခၚယူႏိုင္တယ္လို႔ ဘာစီလိုနာက အေၾကာင္းၾကားခဲ့ပါတယ္။ ဆန္ခ်ိဳကို မေခၚႏိုင္ခဲ့တဲ့ေနာက္ ယူႏိုက္တက္ဟာ ဒမ္ဘီလီကို ပစ္မွတ္ေျပာင္းခဲ့တာျဖစ္ၿပီး ဒီေပးကို အလိုရွိေနတဲ့ ကိုးမန္းက ေငြလိုေနတာေၾကာင့္ ဒမ္ဘီလီကို ေလွ်ာ့ေဈးနဲ႔ ေရာင္းခ်ခ်င္ေနတာပါ။

အနာဂတ္မွာ ေဂ်ဒန္ဆန္ခ်ိဳ ထက္ စပါးတိုက္စစ္မႉး ဟယ္ရီကိန္းကို ေခၚယူဖို႔အတြက္ ယူႏိုက္တက္ကို ဝိန္း႐ြန္းနီက တိုက္တြန္းခဲ့ပါတယ္။ ကိန္းကို ေခၚယူဖို႔က ခက္ခဲလိမ့္မယ္လို႔ ဒါဘီေကာင္တီ ၾကယ္ပြင့္က ယုံၾကည္ေနေပမယ့္ နည္းဗ်ဴဟာပိုင္းအရ သူက ပိုၿပီးအက်ိဳးျပဳႏိုင္လိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ ဟာ ေနာက္ေႏြရာသီမွာ ေပၚတိုနဲ႕ စာခ်ဳပ္ ကုန္ဆံုးမွာ ျဖစ္ေတာ့မယ့္ ဘယ္ေနာက္ခံလူ အဲလက္စ္ တဲလက္စ္ အတြက္ ေပါင္ ၁၂သန္းသာ ကမ္းလွမ္းထားခဲ့ကာ သေဘာတူညီမႈ မရေသးတာေၾကာင့္ တနလၤာေန႔မတိုင္ခင္ ေပၚတိုရဲ႕ ေခၚေဈး ေပါင္ ၁၈သန္း ကို ေပးႏိုင္ဖို႔အတြက္ ဆိုးလ္ရွားက ဘုတ္အဖြဲ႕ကို ေတာင္းဆိုခဲ့ပါတယ္။

ဆိုးလ္ရွားဟာ မိမိတို႔အသင္းမွာ ေနာက္ထပ္ ရင္းႏွီးျမဳပ္ႏွံမႈေတြလုပ္ဖို႔ ပရိသတ္ေတြ ေတာင္းဆိုေနတာကို နားလည္ေပမယ့္ အရင္တုန္းက မိုယက္စ္၊ ဗန္ဟားနဲ႔ ေမာ္ရင္ညိဳတို႔ေတြရဲ႕ မွားယြင္းတဲ့ ေခၚယူမႈေတြေၾကာင့္ သူ႔မွာ ႀကိဳက္သလို လုပ္ခြင့္ မရွိေတာ့ဘူး လို႔ အျပစ္တင္ေျပာဆိုခဲ့ပါတယ္။

အရင္က ယူႏိုက္တက္ဟာ ဒမ္ဘီလီကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနခဲ့ေပမယ့္ ကစားသမားကေတာ့ ပယ္ခ်ခဲ့ၿပီး စပိန္မွာဆက္ေနခ်င္ခဲ့တာပါ။ အခုေတာ့ ဘာစီလိုနာ ၾကယ္ပြင့္ဟာ စိတ္ေျပာင္းလာခဲ့ျပီး အိုးလ္ထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ခ်င္လာတာေၾကာင့္ ယူႏိုက္တက္အတြက္ ေမွ်ာ္လင့္ခ်က္ ရွိလာခဲ့ၿပီျဖစ္ပါတယ္။

လိဒ္ ယူႏိုက္တက္ဟာ ယူႏိုက္တက္ ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္အတြက္ ေပါင္၂၅သန္းနဲ႔ ကမ္းလွမ္းမႈလုပ္ခဲ့ပါတယ္။ အသက္၂၂ႏွစ္ အ႐ြယ္ကစားသမားကို ကနဦး အငွားေခၚယူဖို႔ ႀကိဳးစားရာမွာ မေအာင္ျမင္ခဲ့တဲ့ေနာက္ အၿပီးသတ္ ေခၚယူဖို႔ လိဒ္က ကမ္းလွမ္းမႈ လုပ္လာခဲ့တာပါ။

ေအစီမီလန္ဟာ ယူႏိုက္တက္ ၾကယ္ပြင့္ ဒါးေလာ့ကို အငွားေခၚယူႏိုင္ဖို႔ အလြန္ နီးစပ္ေနၿပီျဖစ္ပါတယ္။ ႐ိုးမားဟာ စေမာလင္းအတြက္ ညႇိႏႈိင္းေနစဥ္မွာပဲ ဒါးေလာ့ကိုပါ ေခၚယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ ယူႏိုက္တက္က ျငင္းပယ္ ခဲ့တာျဖစ္ၿပီး အခုေတာ့ ေအစီမီလန္ထံ အငွားခ်ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။