ချယ်ဆီးကွင်းလယ်ကစားသမားသစ် ဇီယက်ဟာ အေဂျက်အသင်းဖော်တွေနဲ့ ပရိသတ်တွေကို သေချာနှုတ်ဆက်ခွင့်တောင် မရလိုက်ဘဲ အခုလို အသင်းပြောင်း ထွက်ခွာရမှာ အတွက် ဝမ်းနည်းနေပြီး ၎င်းရဲ့ နှုတ်ဆက်ဗီဒီယိုထဲမှာ မျက်ရည်တွေ ကျနေခဲ့တာ တွေ့ရပါတယ်။
အနောက်လန်ဒန်ကလပ်ဟာ ဇီယက်ကို ဖေဖော်ဝါရီ လလယ်လောက်တည်းက နွေမှာ ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ပေါင် ၃၃.၃ သန်းနဲ့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး အသင်းပြောင်းဖို့ ကြိုတင် အစီအစဉ် ရှိခဲ့တာပါ။ ဒါပေမယ့် ကိုရိုနာကြောင့် ရုတ်တရက် ဘောလုံးပွဲများ ရပ်နားခဲ့ကာ နယ်သာလန်လိဂ်ကလည်း ဖျက်သိမ်းခဲ့တာကြောင့် ဇီယက် တစ်ယောက် အသင်းဖော်တွေနဲ့ ပရိသတ်တွေကို သေချာ နှုတ်ဆက်ခွင့် မရလိုက်ပါဘူး။
လမ်းပတ်ရဲ့ ပထမဆုံး ခေါ်ယူမှု ဖြစ်လာတဲ့ အသက် ၂၇ နှစ် အရွယ် ကွင်းလယ် တိုက်စစ်သမားဟာ ဇူလိုင် ၁ ရက်နေ့မှာတော့ ချယ်ဆီး ကစားသမား အဖြစ် တရားဝင် ဖြစ်လာမှာ ဖြစ်ပါတယ်။
ဇီယက်ဟာ အမ်စတာဒမ်က မခွာခင် Tuschinski သီရေတာထဲသွားပြီး မှတ်တမ်းတင် ဗီဒီယို ရိုက်ခဲ့ကာ အေဂျက်ကို နှုတ်ဆက်စကား ဆိုခဲ့ပါတယ်။
” ဒါက နည်းနည်းတော့ တမျိုး ဖြစ်တယ်။ တချိန်ကျ အားလုံး အဆုံးသတ်ရမယ်ဆိုတာ သိထားကြမှာပါ။ ဒါပေမယ် အခုလိုမျိုုးကြီး ကျနော့် စာမျက်နှာ တစ်ခုကို ပိတ်လိုက်ရမှာက တမျိုး ဖြစ်နေတယ်။ ” လို့ ဇီယက်က ဆိုပါတယ်။
အခုလိုမျိုး အေဂျက်ကို နှုတ်ဆက်သွားရမယ်လို့ တွေးထားဖူးလား မေးခွန်းထုတ်ခံရတဲ့ အခါမှာတော့ ဇီယက်က – ” လုံးဝပါပဲ။ ဒါက ကျနော် တွေးထင်ထားတာနဲ့ တခြားစီပါ။ ” လို့ ဖြေခဲ့ပါတယ်။
” နောက် ခြေလှမ်းတစ်ရပ် သွားရမှာ အတွက် ကျနော် ပျော်ရွှင်ပါတယ် ဒါပေမယ့် ဒီမှာတော့ ဒီလို အဆုံးမသတ်ချင်ဘူး။ အခြေအနေက ဘယ်လိုလဲ ဆိုတော့ စာမေးပွဲ ဖြေထားပြီး အောင်စာရင်း မကြည့်လိုက်ရသလို ဖြစ်နေတယ် အဲဒီလို ဖီလင်။ လုံး၀ ပါဝါ မရှိတော့သလိုပဲ။ ဘောလုံးရာသီက အောင်မြင်စွာ ပြီးဆုံးတယ်လို့ မခံစားရဘူး။ ” လို့ ဇီယက်က ပြောဆိုခဲ့ပါတယ်။
အဲဒီနောက် ဇီယက်ကို သူ့ အသင်းဖော်တွေ လက်ရှိရော အရင်က အသင်းဖော်ဟောင်းတွေဆီက နှုတ်ဆက်စကား ဆုတောင်းစကားများ ပြောနေတဲ့ ဗီဒီယို ဖွင့်ပြခဲ့ရာမှာတော့ ဇီယက်တစ်ယောက် မျက်ရည်ဖြိုင်ဖြိုင်ကျပြီး ဝမ်းနည်းစွာ ငိုနေခဲ့ရပါတယ်။ နှုတ်ဆက် စကား ဆိုတဲ့သူတွေထဲ မိုရိုကိုက သူ့မိခင် ဖြစ်သူလည်း ပါဝင်ခဲ့ပါတယ်။ လန်ဒန်မှာ ကံကောင်းပါစေလို့ အများစုက ဆန္ဒပြု ဆုတောင်းပေးခဲ့ကြပါတယ်။
Zawgyi – ခ်ယ္ဆီးကြင္းလယ္ကစားသမားသစ္ ဇီယက္ဟာ ေအဂ်က္အသင္းေဖာ္ေတြနဲ႕ ပရိသတ္ေတြကို ေသခ်ာႏႈတ္ဆက္ခြင့္ေတာင္ မရလိုက္ဘဲ အခုလို အသင္းေျပာင္း ထြက္ခြာရမွာ အတြက္ ၀မ္းနည္းေနျပီး ၄င္းရဲ႕ ႏႈတ္ဆက္ဗီဒီယိုထဲမွာ မ်က္ရည္ေတြ က်ေနခဲ့တာ ေတြ႔ရပါတယ္။
အေနာက္လန္ဒန္ကလပ္ဟာ ဇီယက္ကို ေဖေဖာ္၀ါရီ လလယ္ေလာက္တည္းက ေႏြမွာ ေခၚယူဖို႔ ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၃.၃ သန္းနဲ႕ သေဘာတူညီမႈ ရခဲ့တာ ျဖစ္ျပီး အသင္းေျပာင္းဖို႔ ၾကိဳတင္ အစီအစဥ္ ရွိခဲ့တာပါ။ ဒါေပမယ့္ ကိုရိုနာေၾကာင့္ ရုတ္တရက္ ေဘာလံုးပြဲမ်ား ရပ္နားခဲ့ကာ နယ္သာလန္လိဂ္ကလည္း ဖ်က္သိမ္းခဲ့တာေၾကာင့္ ဇီယက္ တစ္ေယာက္ အသင္းေဖာ္ေတြနဲ႕ ပရိသတ္ေတြကို ေသခ်ာ နႈတ္ဆက္ခြင့္ မရလိုက္ပါဘူး။
လမ္းပတ္ရဲ႕ ပထမဆံုး ေခၚယူမႈ ျဖစ္လာတဲ့ အသက္ ၂၇ နွစ္ အရြယ္ ကြင္းလယ္ တိုက္စစ္သမားဟာ ဇူလိုင္ ၁ ရက္ေန႕မွာေတာ့ ခ်ယ္ဆီး ကစားသမား အျဖစ္ တရား၀င္ ျဖစ္လာမွာ ျဖစ္ပါတယ္။
ဇီယက္ဟာ အမ္စတာဒမ္က မခြာခင္ Tuschinski သီေရတာထဲသြားျပီး မွတ္တမ္းတင္ ဗီဒီယို ရိုက္ခဲ့ကာ ေအဂ်က္ကို နႈတ္ဆက္စကား ဆိုခဲ့ပါတယ္။
” ဒါက နည္းနည္းေတာ့ တမ်ိဳး ျဖစ္တယ္။ တခ်ိန္က် အားလံုး အဆံုးသတ္ရမယ္္ဆိုတာ သိထားၾကမွာပါ။ ဒါေပမယ္ အခုလိုမ်ိဳုးၾကီး က်ေနာ့္ စာမ်က္နွာ တစ္ခုကို ပိတ္လိုက္ရမွာက တမ်ိဳး ျဖစ္ေနတယ္။ ” လို႔ ဇီယက္က ဆိုပါတယ္။
အခုလိုမ်ိဳး ေအဂ်က္ကို နႈတ္ဆက္သြားရမယ္လို႔ ေတြးထားဖူးလား ေမးခြန္းထုတ္ခံရတဲ့ အခါမွာေတာ့ ဇီယက္က – ” လံုး၀ပါပဲ။ ဒါက က်ေနာ္ ေတြးထင္ထားတာနဲ႕ တျခားစီပါ။ ” လို႔ ေျဖခဲ့ပါတယ္။
” ေနာက္ ေျခလွမ္းတစ္ရပ္ သြားရမွာ အတြက္ က်ေနာ္ ေပ်ာ္ရႊင္ပါတယ္ ဒါေပမယ့္ ဒီမွာေတာ့ ဒီလို အဆံုးမသတ္ခ်င္ဘူး။ အေျခအေနက ဘယ္လိုလဲ ဆိုေတာ့ စာေမးပြဲ ေျဖထားျပီး ေအာင္စာရင္း မၾကည့္လိုက္ရသလို ျဖစ္ေနတယ္ အဲဒီလို ဖီလင္။ လံုး၀ ပါ၀ါ မရွိေတာ့သလိုပဲ။ ေဘာလံုးရာသီက ေအာင္ျမင္စြာ ျပီးဆံုးတယ္လို႔ မခံစားရဘူး။ ” လို႔ ဇီယက္က ေျပာဆိုခဲ့ပါတယ္။
အဲဒီေနာက္ ဇီယက္ကို သူ႔ အသင္းေဖာ္ေတြ လက္ရွိေရာ အရင္က အသင္းေဖာ္ေဟာင္းေတြဆီက နႈတ္ဆက္စကား ဆုေတာင္းစကားမ်ား ေျပာေနတဲ့ ဗီဒီယို ဖြင့္ျပခဲ့ရာမွာေတာ့ ဇီယက္တစ္ေယာက္ မ်က္ရည္ျဖိဳင္ျဖိဳင္က်ျပီး ၀မ္းနည္းစြာ ငိုေနခဲ့ရပါတယ္။ ႏႈတ္ဆက္ စကား ဆိုတဲ့သူေတြထဲ မိုရိုကိုက သူ႔မိခင္ ျဖစ္သူလည္း ပါ၀င္ခဲ့ပါတယ္။ လန္ဒန္မွာ ကံေကာင္းပါေစလို႔ အမ်ားစုက ဆႏၵျပဳ ဆုေတာင္းေပးခဲ့ၾကပါတယ္။