ချယ်ဆီးအသင်းဟာ ညက ပဲလေ့စ်နဲ့ပွဲမှာ လန်ဒန်မြို့ခံ ပြိုင်ဘက်အသင်းကို လေးဂိုးပြတ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပါတယ်။ ပွဲအတွင်းမှာ ပင်နယ်တီ နှစ်လုံးရခဲ့ပြီး နှစ်လုံး လုံးကို ဂျော်ဂျင်ဟိုက ဂိုး အဖြစ် မှန်ကန်စွာ ပြောင်းလဲ ပေးနိုင်ခဲ့ပါတယ်။ ဒုတိယ ပင်နယ်တီကို အေဗရာဟမ်က ကန်ဖို့ ကြိုးစားခဲ့ပေမယ့် အသင်းခေါင်းဆောင် ကွီတာက အီတလီသားကိုပဲ အခွင့်အရေး ပေးစေခဲ့ပါတယ်။
ခံစစ်မှူးသစ် ဘန်ချေးဝဲလ်ကတော့ ချယ်ဆီးနဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ ခြေစွမ်းပြနိုင်တဲ့ အပြင် ဂိုးသွင်းကာ ကလင်းရှိပါ ရယူနိုင်ခဲ့တဲ့ အပေါ် ဝမ်းမြောက် ပျော်ရွှင်နေပါတယ်။ ချယ်ဆီးအသင်းဟာ မိနစ် ၉၀ ပြည့် ဖိအားပေး ကစားပြီး ဆာလောင်မှုကို ပြသနိုင်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
စပါးဟာ ချယ်ဆီး အသင်းရဲ့ အပယ်ခံကစားသမား ရူဒီဂါကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် လန်ဒန်ပြိုင်ဘက် ၂သင်းကြား အရောင်းအဝယ်မဖြစ်ခဲ့တာ အတော်ကြာခဲ့ပြီဖြစ်သလို ရူဒီဂါနဲ့ စပါးက အလုပ်ဖြစ်ချင်တာတောင် ချယ်ဆီး ဘက်က အပြောင်းအရွှေ့ကို ငြင်းပယ်နိုင်ပါတယ်။
အာဆင်နယ်ဟာ ချယ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟို အပေါ် စိတ်ဝင်စားနေဆဲဖြစ်တာကြောင့် အီတလီသား အနေနဲ့ ဒီနွေမှာ အံ့အားသင့်စရာ အပြောင်းအရွှေ့ လုပ်နိုင်နေဆဲဖြစ်ပါတယ်။ ဂန်းနားတွေဟာ လိုင်ယွန် ကွင်းလယ်လူ အာဝါကို မခေါ်နိုင်ခဲ့တဲ့နောက် ဂျော်ဂျင်ဟိုကိုပဲ အဓိက အာရုံစိုက်လာခဲ့တာပါ။
ချယ်ဆီး ကွင်းလယ်လူ ဘာကာယိုကိုဟာ တစ်ရာသီအငှားနဲ့ နာပိုလီထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။ ချယ်ဆီး ဟာ သူတို့ရဲ့ အသုံးစရိတ်ကို အနည်းငယ် ပြန်ကာမိအောင် ဘာကာယိုကို ရောင်းချချင်ခဲ့ပေမယ့် ကနဦးအငှားချဖို့ သဘောတူခဲ့တာဖြစ်ပြီး ဒီနေ့မှာ ဆေးစစ်မှု ခံယူတော့မှာဖြစ်ပါတယ်။
လော့ဖ်တပ်ချိခ်ဟာ ပုံမှန်ကစားချိန်ရဖို့ လိုအပ်နေတာကြောင့် ချယ်ဆီးက သူ့ကို အငှားချထားဖို့အတွက် လစာလျှော့ပေးဖို့ ဆန္ဒရှိနေပါတယ်။ သူ့ကို အလိုရှိတဲ့ကလပ်တွေအတွက် ဝန်မပိအောင်လို့ ချယ်ဆီးက သူ့ရဲ့ တစ်ပတ်လုပ်ခ ပေါင် ၁၇၃,၀၀၀ မှာ ပေါင် ၁သိန်း အထိ ပေးချေပေးမှာပဲ ဖြစ်ပါတယ်။
ချယ်ဆီး ဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်အတွင်း ကွင်းလယ်ခံစစ် တစ်ယောက် ခေါ်ယူဖို့ အလိုရှိနေပြီး သောမတ်စ်ပါတေးကို ခေါ်ယူဖို့ အာဆင်နယ်ရဲ့ ကြိုးပမ်းမှုကို ဝင်နှောင့်ပြီး ကြားဖြတ်ဆွဲဖို့ လုပ်လာနိုင်ပါတယ်။ ဒီကလန် ရိုက်စ်ကို မခေါ်နိုင်ခဲ့တဲ့ ချယ်ဆီးဟာ နောက်ထပ်ပစ်မှတ်အဖြစ် ပါတေးကို ချိန်ရွယ်နေတာပါ။
ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ သူတို့ အလိုရှိခဲ့တဲ့ အိုဒွိုင်းကို ခေါ်ယူဖို့ ထပ်မံကြိုးစားလာခဲ့ပြီး နောက်နွေရာသီမှာပေါင်သန်း၇၀နဲ့ ဝယ်ယူခွင့်အပါအဝင် ကနဦး တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် ချယ်ဆီး က ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။
သောမတ်စ်ပါတေးဟာ ကွင်းလယ်ပိုင်း အားဖြည့်ချင်တဲ့ ချယ်ဆီးအတွက် သိပ်ကောင်းတဲ့ခေါ်ယူမှု ဖြစ်လာမှာဖြစ်တဲ့အတွက် အက်သလက်တီကို ကွင်းလယ်လူကို ခေါ်ယူဖို့အာဆင်နယ်နဲ့ အပြိုင်ကြိုးစားဖို့ တောင်ပံ ကစားသမားဟောင်း ဂျိုကိုးလ်က လမ်းပတ်ကို တိုက်တွန်းခဲ့ပါတယ်။
ZAWGYI – ခ်ယ္ဆီးအသင္းဟာ ညက ပဲေလ့စ္နဲ႕ပြဲမွာ လန္ဒန္ျမိဳ႕ခံ ျပိဳင္ဘက္အသင္းကို ေလးဂိုးျပတ္နဲ႕ ျပတ္ျပတ္သားသား အနုိင္ရရွိခဲ့ပါတယ္။ ပြဲအတြင္းမွာ ပင္နယ္တီ နွစ္လံုးရခဲ့ျပီး နွစ္လံုး လံုးကို ေဂ်ာ္ဂ်င္ဟိုက ဂိုး အျဖစ္ မွန္ကန္စြာ ေျပာင္းလဲ ေပးနိုင္ခဲ့ပါတယ္။ ဒုတိယ ပင္နယ္တီကို ေအဗရာဟမ္က ကန္ဖို႔ ၾကိဳးစားခဲ့ေပမယ့္ အသင္းေခါင္းေဆာင္ ကြီတာက အီတလီသားကိုပဲ အခြင့္အေရး ေပးေစခဲ့ပါတယ္။
ခံစစ္မွဴးသစ္ ဘန္ေခ်း၀ဲလ္ကေတာ့ ခ်ယ္ဆီးနဲ႕ ပရီးမီးယားလိဂ္ ပြဲဦးထြက္မွာ ေျခစြမ္းျပနိုင္တဲ့ အျပင္ ဂိုးသြင္းကာ ကလင္းရွိပါ ရယူနိုင္ခဲ့တဲ့ အေပၚ ၀မ္းေျမာက္ ေပ်ာ္ရႊင္ေနပါတယ္။ ခ်ယ္ဆီးအသင္းဟာ မိနစ္ ၉၀ ျပည့္ ဖိအားေပး ကစားျပီး ဆာေလာင္မႈကို ျပသနိုင္ခဲ့တယ္လို႔ ၄င္းက ဆိုပါတယ္။
စပါးဟာ ခ်ယ္ဆီး အသင္းရဲ႕ အပယ္ခံကစားသမား ႐ူဒီဂါကို ေခၚယူဖို႔ စိတ္ဝင္စားေနဆဲ ျဖစ္ပါတယ္။ ဒါေပမယ့္ လန္ဒန္ၿပိဳင္ဘက္ ၂သင္းၾကား အေရာင္းအဝယ္မျဖစ္ခဲ့တာ အေတာ္ၾကာခဲ့ၿပီျဖစ္သလို ႐ူဒီဂါနဲ႔ စပါးက အလုပ္ျဖစ္ခ်င္တာေတာင္ ခ်ယ္ဆီး ဘက္က အေျပာင္းအေ႐ႊ႕ကို ျငင္းပယ္ႏိုင္ပါတယ္။
အာဆင္နယ္ဟာ ခ်ယ္ဆီး ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟို အေပၚ စိတ္ဝင္စားေနဆဲျဖစ္တာေၾကာင့္ အီတလီသား အေနနဲ႔ ဒီေႏြမွာ အံ့အားသင့္စရာ အေျပာင္းအေ႐ႊ႕ လုပ္ႏိုင္ေနဆဲျဖစ္ပါတယ္။ ဂန္းနားေတြဟာ လိုင္ယြန္ ကြင္းလယ္လူ အာဝါကို မေခၚႏိုင္ခဲ့တဲ့ေနာက္ ေဂ်ာ္ဂ်င္ဟိုကိုပဲ အဓိက အာ႐ုံစိုက္လာခဲ့တာပါ။
ခ်ယ္ဆီး ကြင္းလယ္လူ ဘာကာယိုကိုဟာ တစ္ရာသီအငွားနဲ႔ နာပိုလီထံ ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈ ရခဲ့ျပီ ျဖစ္ပါတယ္။ ခ်ယ္ဆီး ဟာ သူတို႔ရဲ႕ အသုံးစရိတ္ကို အနည္းငယ္ ျပန္ကာမိေအာင္ ဘာကာယိုကို ေရာင္းခ်ခ်င္ခဲ့ေပမယ့္ ကနဦးအငွားခ်ဖို႔ သေဘာတူခဲ့တာျဖစ္ၿပီး ဒီေန႔မွာ ေဆးစစ္မႈ ခံယူေတာ့မွာျဖစ္ပါတယ္။
ေလာ့ဖ္တပ္ခ်ိခ္ဟာ ပုံမွန္ကစားခ်ိန္ရဖို႔ လိုအပ္ေနတာေၾကာင့္ ခ်ယ္ဆီးက သူ႔ကို အငွားခ်ထားဖို႔အတြက္ လစာေလွ်ာ့ေပးဖို႔ ဆႏၵရွိေနပါတယ္။ သူ႔ကို အလိုရွိတဲ့ကလပ္ေတြအတြက္ ဝန္မပိေအာင္လို႔ ခ်ယ္ဆီးက သူ႔ရဲ႕ တစ္ပတ္လုပ္ခ ေပါင္ ၁၇၃,၀၀၀ မွာ ေပါင္ ၁သိန္း အထိ ေပးေခ်ေပးမွာပဲ ျဖစ္ပါတယ္။
ခ်ယ္ဆီး ဟာ အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးရက္အတြင္း ကြင္းလယ္ခံစစ္ တစ္ေယာက္ ေခၚယူဖို႔ အလိုရွိေနျပီး ေသာမတ္စ္ပါေတးကို ေခၚယူဖို႔ အာဆင္နယ္ရဲ႕ ႀကိဳးပမ္းမႈကို ဝင္ေႏွာင့္ၿပီး ၾကားျဖတ္ဆြဲဖို႔ လုပ္လာႏိုင္ပါတယ္။ ဒီကလန္ ႐ိုက္စ္ကို မေခၚႏိုင္ခဲ့တဲ့ ခ်ယ္ဆီးဟာ ေနာက္ထပ္ပစ္မွတ္အျဖစ္ ပါေတးကို ခ်ိန္႐ြယ္ေနတာပါ။
ဘိုင္ယန္ျမဴးနစ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ သူတို႔ အလိုရွိခဲ့တဲ့ အိုဒြိဳင္းကို ေခၚယူဖို႔ ထပ္မံႀကိဳးစားလာခဲ့ၿပီး ေနာက္ေႏြရာသီမွာေပါင္သန္း၇၀နဲ႔ ဝယ္ယူခြင့္အပါအဝင္ ကနဦး တစ္ရာသီအငွားနဲ႔ ေခၚယူဖို႔ ကမ္းလွမ္းမႈ လုပ္ခဲ့ေပမယ့္ ခ်ယ္ဆီး က ျငင္းပယ္ခဲ့တယ္လို႔ သိရပါတယ္။
ေသာမတ္စ္ပါေတးဟာ ကြင္းလယ္ပိုင္း အားျဖည့္ခ်င္တဲ့ ခ်ယ္ဆီးအတြက္ သိပ္ေကာင္းတဲ့ေခၚယူမႈ ျဖစ္လာမွာျဖစ္တဲ့အတြက္ အက္သလက္တီကို ကြင္းလယ္လူကို ေခၚယူဖို႔အာဆင္နယ္နဲ႔ အၿပိဳင္ႀကိဳးစားဖို႔ ေတာင္ပံ ကစားသမားေဟာင္း ဂ်ိဳကိုးလ္က လမ္းပတ္ကို တိုက္တြန္းခဲ့ပါတယ္။