ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (04/10/20)

ဘိုင်ယန်မြူးနစ်ဟာ အာဆင်နယ် စိတ်ဝင်စားနေတဲ့ အက်စ်ပန်ညို ကွင်းလယ်လူ မက်ရိုကာကို ကြားဖြတ် ခေါ်ယူဖို့ ပြင်နေပါတယ်။ သောမတ်စ်ပါတေး အစားထိုး ပစ်မှတ် အဖြစ် အာဆင်နယ်က သူ့ကို အလိုရှိခဲ့ပေမယ့် ကစားသမားက ဘိုင်ယန်ကို သွားချင်နေတာကြောင့် အာဆင်နယ်တို့ နောက်ထပ် တစ်ယောက်ကို လက်လွှတ်ရဦးမှာပါ။

လိဒ်နဲ့ ဖူလ်ဟမ်တို့ဟာ အာဆင်နယ် လူငယ်ခံစစ်မှူးလေး ဝီလျံ ဆလီဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဂန်းနားတွေဟာ အသက် ၁၉နှစ် အရွယ် ကစားသမားကို အငှားချထားချင်နေတာဖြစ်ပြီး တန်းတက် အသင်းတွေက သူ့ကို အပြောင်းအရွှေ့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

အာဆင်နယ် ကွင်းလယ်လူ တော်ရဲရားဟာ အက်သလက်တီကိုထံ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ အသက်၂၄နှစ် အရွယ် ကစားသမားဟာ လာလီဂါကလပ်နဲ့ ဆေးစစ်မှုလုပ်ခဲ့ပြီးဖြစ်ပြီး အငှား စာချုပ်မှာ အပြီးသတ် ဝယ်ယူခွင့်လဲ ပါဝင်မှာဖြစ်ပါတယ်။

အာဆင်နယ်ဟာ လာမယ့်ရာသီအတွက် သူတို့ရဲ့ အစီအစဉ်မှာ ဆိုကရေးတစ် မပါဝင်ဘူးလို့ အသိပေးခဲ့ပေမယ့် နောက်ခံလူအတွက် ရွေးချယ်စရာတွေက နည်းပါးနေပါတယ်။ အဲဗာတန်က သူ့ကို စိတ်ဝင်စားခဲ့ပေမယ့် နောဝစ်ခ်ျစီးတီးရဲ့ ဂေါ့ဖရေးကို ခေါ်ယူခဲ့တာကြောင့် ဆိုကရေးတစ်အတွက် လမ်းပျောက်နေတာပါ။

လိုင်ယွန်ကွင်းလယ်လူ အာဝါဟာ အာဆင်နယ်ရဲ့ စိတ်ဝင်စားမှုကို ရရှိထားပေမယ့်လဲ ကလပ်မှာပဲ ဆက်နေမှာဖြစ်ကြောင်း အသင်းဖော်တွေကို အသိပေးခဲ့ပါတယ်။ သူ့အတွက် အာဆင်နယ်က နောက်ထပ် ကမ်းလှမ်းမှုလုပ်ခဲ့ပေမယ့် အာဝါက အသင်းပြောင်းဖို့ ငြင်းပယ်ခဲ့တာပဲဖြစ်ပါတယ်။

အာဆင်နယ်နဲ့ သင့်တော်တဲ့ သူက သောမတ်စ်ပါတေး ဖြစ်တာကြောင့် အာဝါကိုမေ့ထားပြီး အက်သလက်တီကို ကြယ်ပွင့်ကို အရခေါ်ဖို့ ကြိုးစားသင့်တယ်လို့ ဂျွန်ဘန်းစ်က အကြံပေးခဲ့ပါတယ်။ တိုက်စစ်မှာ အဆင်ပြေတဲ့ အာဆင်နယ်ဟာ ခံစစ် အားနည်းနေသေးတာကြောင့် ကွင်းလယ်ခံစစ်ဖြစ်တဲ့ ပါတေးကို ခေါ်ယူဖို့ လိုအပ်နေတာပါ။

အာဆင်နယ် အသင်းဖော် မိတ်လန်နိုင်းစ်က ပြီးခဲ့တဲ့ နိုင်ငံတကာသီတင်းပတ်မှာ ပွဲဦးထွက်ခွင့် ရခဲ့တာနဲ့အတူ ဘူကာယိုဆာကာကလဲ အခု ပထမဆုံးအကြိမ် အင်္ဂလန် အသင်းအတွက် ရွေးချယ်ခြင်း ခံခဲ့ရလို့ ပျော်ရွှင်နေပြီး ဝေးလ်၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယမ်တို့နဲ့ပွဲတွေမှာ အခွင့်အရေးဖို့ မျှော်လင့်နေပါတယ်။

Zawgyi – ဘိုင္ယန္ျမဴးနစ္ဟာ အာဆင္နယ္ စိတ္ဝင္စားေနတဲ့ အက္စ္ပန္ညိဳ ကြင္းလယ္လူ မက္႐ိုကာကို ၾကားျဖတ္ ေခၚယူဖို႔ ျပင္ေနပါတယ္။ ေသာမတ္စ္ပါေတး အစားထိုး ပစ္မွတ္ အျဖစ္ အာဆင္နယ္က သူ႔ကို အလိုရွိခဲ့ေပမယ့္ ကစားသမားက ဘိုင္ယန္ကို သြားခ်င္ေနတာေၾကာင့္ အာဆင္နယ္တို႔ ေနာက္ထပ္ တစ္ေယာက္ကို လက္လႊတ္ရဦးမွာပါ။

လိဒ္နဲ႔ ဖူလ္ဟမ္တို႔ဟာ အာဆင္နယ္ လူငယ္ခံစစ္မွဴးေလး ဝီလ်ံ ဆလီဘာကို ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။ ဂန္းနားေတြဟာ အသက္ ၁၉ႏွစ္ အ႐ြယ္ ကစားသမားကို အငွားခ်ထားခ်င္ေနတာျဖစ္ၿပီး တန္းတက္ အသင္းေတြက သူ႔ကို အေျပာင္းအေ႐ႊ႕ ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။

အာဆင္နယ္ ကြင္းလယ္လူ ေတာ္ရဲရားဟာ အက္သလက္တီကိုထံ တစ္ရာသီအငွားနဲ႔ ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ေနၿပီျဖစ္ပါတယ္။ အသက္၂၄ႏွစ္ အ႐ြယ္ ကစားသမားဟာ လာလီဂါကလပ္နဲ႔ ေဆးစစ္မႈလုပ္ခဲ့ၿပီးျဖစ္ၿပီး အငွား စာခ်ဳပ္မွာ အၿပီးသတ္ ဝယ္ယူခြင့္လဲ ပါဝင္မွာျဖစ္ပါတယ္။

အာဆင္နယ္ဟာ လာမယ့္ရာသီအတြက္ သူတို႔ရဲ႕ အစီအစဥ္မွာ ဆိုကေရးတစ္ မပါဝင္ဘူးလို႔ အသိေပးခဲ့ေပမယ့္ ေနာက္ခံလူအတြက္ ေ႐ြးခ်ယ္စရာေတြက နည္းပါးေနပါတယ္။ အဲဗာတန္က သူ႔ကို စိတ္ဝင္စားခဲ့ေပမယ့္ ေနာဝစ္ခ္်စီးတီးရဲ႕ ေဂါ့ဖေရးကို ေခၚယူခဲ့တာေၾကာင့္ ဆိုကေရးတစ္အတြက္ လမ္းေပ်ာက္ေနတာပါ။

လိုင္ယြန္ကြင္းလယ္လူ အာဝါဟာ အာဆင္နယ္ရဲ႕ စိတ္ဝင္စားမႈကို ရရွိထားေပမယ့္လဲ ကလပ္မွာပဲ ဆက္ေနမွာျဖစ္ေၾကာင္း အသင္းေဖာ္ေတြကို အသိေပးခဲ့ပါတယ္။ သူ႔အတြက္ အာဆင္နယ္က ေနာက္ထပ္ ကမ္းလွမ္းမႈလုပ္ခဲ့ေပမယ့္ အာဝါက အသင္းေျပာင္းဖို႔ ျငင္းပယ္ခဲ့တာပဲျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ သင့္ေတာ္တဲ့ သူက ေသာမတ္စ္ပါေတး ျဖစ္တာေၾကာင့္ အာဝါကိုေမ့ထားၿပီး အက္သလက္တီကို ၾကယ္ပြင့္ကို အရေခၚဖို႔ ႀကိဳးစားသင့္တယ္လို႔ ဂြၽန္ဘန္းစ္က အႀကံေပးခဲ့ပါတယ္။ တိုက္စစ္မွာ အဆင္ေျပတဲ့ အာဆင္နယ္ဟာ ခံစစ္ အားနည္းေနေသးတာေၾကာင့္ ကြင္းလယ္ခံစစ္ျဖစ္တဲ့ ပါေတးကို ေခၚယူဖို႔ လိုအပ္ေနတာပါ။

အာဆင္နယ္ အသင္းေဖာ္ မိတ္လန္ႏိုင္းစ္က ၿပီးခဲ့တဲ့ နိုင္ငံတကာသီတင္းပတ္မွာ ပြဲဦးထြက္ခြင့္ ရခဲ့တာနဲ႔အတူ ဘူကာယိုဆာကာကလဲ အခု ပထမဆုံးအႀကိမ္ အဂၤလန္ အသင္းအတြက္ ေ႐ြးခ်ယ္ျခင္း ခံခဲ့ရလို႔ ေပ်ာ္႐ႊင္ေနၿပီး ေဝးလ္၊ ဒိန္းမတ္၊ ဘယ္လ္ဂ်ီယမ္တို႔နဲ႔ပြဲေတြမွာ အခြင့္အေရးဖို႔ ေမွ်ာ္လင့္ေနပါတယ္။