ကစားသမားကောင်းတွေ ခေါ်ယူလိုပေမယ့် မခေါ်နိုင်ရခြင်း အကြောင်းရင်းကို ဆိုးရှား ပြော

ယူနိုက်တက်ဟာ ဆာအဲလက်စ် ဖာဂူဆန် လက်အောက်က ရွှေရောင်နေ့ရက်တွေကို ပြန်ရဖို့အတွက် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း နာမည်ကြီးများစွာကို ငွေပမာဏများစွာ သုံးစွဲပြီး ခေါ်ယူခဲ့တယ်။

ဒါပေမယ့် ဆန်းချက်၊ ဒီမာရီယာ၊ လူကာကူတို့လို နာမည်ကြီး၊ ဈေးကြီးတဲ့ ကစားသမားတွေဟာ ၎င်းတို့ရဲ့ တန်ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး မအောင်မြင်တဲ့ ကစားသမားတွေအဖြစ် ထွက်ခွာသွားခဲ့ရတာပါ။

ဒီနွေဈေးကွက်မှာ ဗန်ဒီဘိခ်နဲ့ ကာဗာနီကိုသာ ခေါ်ယူထားနိုင်ခဲ့တာနဲ့အတူ ယခင်ရာသီတွေနဲ့ ယှဉ်ကြည့်ရင် အတော်လေး လှုပ်ရှားမှု နည်းပါးနေခဲ့တာဖြစ်တယ်။ ဆိုးရှားကတော့ မိုယက်စ်၊ ဗန်ဟားနဲ့ မော်ရင်ညို တို့တွေက မှားယွင်းတဲ့ ခေါ်ယူမှုတွေ လုပ်ခဲ့ကြတာကြောင့် အခု မိမိအလှည့်မှာ စိတ်ကြိုက် အသုံးချခွင့် မရခဲ့တာပါလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

ဆိုးရှားက “ မပြောင်းရွှေ့ခင် ယူနိုက်တက်မှာ အောင်မြင်တဲ့ ကစားသမားဘဝ မရရှိခဲ့ကြတဲ့ သူတွေအကြောင်း ကျွန်တော် မပြောချင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ကလပ်မှာ လူတွေ မအောင်မြင်ရတဲ့ အကြောင်းပြချက် များစွာ ရှိပါတယ်၊ ဒါပေမယ့် အခု ကျွန်တော်တို့တွေ ကစားသမားသစ်တွေကို ဈေးကြီးပေး ခေါ်မယ်ဆိုရင် အရမ်းဂရုတစိုက် သတိထားနေရတယ်။

သူတို့က အနာဂတ်အတွက် သင့်တော်တဲ့သူဖြစ်ရမယ်၊ လက်ရှိမှာလဲ အဆင်ပြေရမယ်၊ အသင်းနဲ့ အံဝင်ရမယ်၊ စတဲ့အချက်တွေပေါ့၊ ဒါက ကစားသမားတစ်ယောက်ကို လက်ညှိုးထိုးပြီး ‘ဒီကောင့်မှာ အရည်အချင်းရှိတယ်’လို့ ပြောတာထက် ပိုပြီး ရှုပ်ထွေးပါတယ်၊ ကစားသမားတွေ ခေါ်ယူတဲ့အခါ သူတို့က ကလပ်အတွက် သင့်တော်ပါ့မလားဆိုတာကို သေချာလေ့လာရတယ်။

ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို ရွေးချယ်ဖို့ လွယ်ပါတယ်၊ ကလပ်တိုင်းက သူတို့ကိုသိတယ်လေ၊ လူသစ်ခေါ်တဲ့အလုပ်က သုံးလိုက်ရတဲ့ငွေနဲ့ တန်တာပြန်ရဖို့ အရေးကြီးတယ်။

ကျွန်တော်တို့ ဆုံးရှုံးခဲ့ရတဲ့ ကစားသမားအချို့က တခြားကလပ်တွေမှာ တောက်ပနေတာတွေ ရှိတယ်၊ ဒါပေမယ့် ကျွန်တော်တို့က မတူညီတဲ့လမ်းကြောင်းကို သွားချင်ခဲ့တာပါ၊ ကျွန်တော် ရောက်လာထဲက လူငယ်ကစားသမားတွေကို အခွင့်အရေးပေးမယ်လို့ စဉ်းစားထားခဲ့ပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI – ယူႏိုက္တက္ဟာ ဆာအဲလက္စ္ ဖာဂူဆန္ လက္ေအာက္က ေ႐ႊေရာင္ေန႔ရက္ေတြကို ျပန္ရဖို႔အတြက္ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း နာမည္ႀကီးမ်ားစြာကို ေငြပမာဏမ်ားစြာ သုံးစြဲၿပီး ေခၚယူခဲ့တယ္။

ဒါေပမယ့္ ဆန္းခ်က္၊ ဒီမာရီယာ၊ လူကာကူတို႔လို နာမည္ႀကီး၊ ေဈးႀကီးတဲ့ ကစားသမားေတြဟာ ၎တို႔ရဲ႕ တန္ေၾကးနဲ႔ ထိုက္တန္တဲ့ ေျခစြမ္းျပသႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး မေအာင္ျမင္တဲ့ ကစားသမားေတြအျဖစ္ ထြက္ခြာသြားခဲ့ရတာပါ။

ဒီေႏြေစ်းကြက္မွာ ဗန္ဒီဘိခ္နဲ႔ ကာဗာနီကိုသာ ေခၚယူထားႏိုင္ခဲ့တာနဲ႔အတူ ယခင္ရာသီေတြနဲ႔ ယွဥ္ၾကည့္ရင္ အေတာ္ေလး လႈပ္ရွားမႈ နည္းပါးေနခဲ့တာျဖစ္တယ္။ ဆိုးရွားကေတာ့ မိုယက္စ္၊ ဗန္ဟားနဲ႔ ေမာ္ရင္ညိဳ တို႔ေတြက မွားယြင္းတဲ့ ေခၚယူမႈေတြ လုပ္ခဲ့ၾကတာေၾကာင့္ အခု မိမိအလွည့္မွာ စိတ္ႀကိဳက္ အသုံးခ်ခြင့္ မရခဲ့တာပါလို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။

ဆိုးရွားက “ မေျပာင္းေ႐ႊ႕ခင္ ယူႏိုက္တက္မွာ ေအာင္ျမင္တဲ့ ကစားသမားဘဝ မရရွိခဲ့ၾကတဲ့ သူေတြအေၾကာင္း ကြၽန္ေတာ္ မေျပာခ်င္ပါဘူး၊ ဘာေၾကာင့္လဲဆိုေတာ့ ကလပ္မွာ လူေတြ မေအာင္ျမင္ရတဲ့ အေၾကာင္းျပခ်က္ မ်ားစြာ ရွိပါတယ္၊ ဒါေပမယ့္ အခု ကြၽန္ေတာ္တို႔ေတြ ကစားသမားသစ္ေတြကို ေဈးႀကီးေပး ေခၚမယ္ဆိုရင္ အရမ္းဂ႐ုတစိုက္ သတိထားေနရတယ္။

သူတို႔က အနာဂတ္အတြက္ သင့္ေတာ္တဲ့သူျဖစ္ရမယ္၊ လက္ရွိမွာလဲ အဆင္ေျပရမယ္၊ အသင္းနဲ႔ အံဝင္ရမယ္၊ စတဲ့အခ်က္ေတြေပါ့၊ ဒါက ကစားသမားတစ္ေယာက္ကို လက္ညႇိဳးထိုးၿပီး ‘ဒီေကာင့္မွာ အရည္အခ်င္းရွိတယ္’လို႔ ေျပာတာထက္ ပိုၿပီး ရႈပ္ေထြးပါတယ္၊ ကစားသမားေတြ ေခၚယူတဲ့အခါ သူတို႔က ကလပ္အတြက္ သင့္ေတာ္ပါ့မလားဆိုတာကို ေသခ်ာေလ့လာရတယ္။

ကမာၻ႔အေကာင္းဆုံး ကစားသမားေတြကို ေ႐ြးခ်ယ္ဖို႔ လြယ္ပါတယ္၊ ကလပ္တိုင္းက သူတို႔ကိုသိတယ္ေလ၊ လူသစ္ေခၚတဲ့အလုပ္က သုံးလိုက္ရတဲ့ေငြနဲ႔ တန္တာျပန္ရဖို႔ အေရးႀကီးတယ္။

ကြၽန္ေတာ္တို႔ ဆုံးရႈံးခဲ့ရတဲ့ ကစားသမားအခ်ိဳ႕က တျခားကလပ္ေတြမွာ ေတာက္ပေနတာေတြ ရွိတယ္၊ ဒါေပမယ့္ ကြၽန္ေတာ္တို႔က မတူညီတဲ့လမ္းေၾကာင္းကို သြားခ်င္ခဲ့တာပါ၊ ကြၽန္ေတာ္ ေရာက္လာထဲက လူငယ္ကစားသမားေတြကို အခြင့္အေရးေပးမယ္လို႔ စဥ္းစားထားခဲ့ပါတယ္ ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။