ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (04/10/20)

ယူနိုက်တက် တိုက်စစ်မှူးဟောင်း လူကာကူကတော့ ဈေးကွက် မပိတ်ခင် တိုက်စစ်မှူး တစ်ဦး ထပ်မံ ခေါ်ယူလိုက်ရင် လက်ရှိ တိုက်စစ်မှူး မာရှယ်ရဲ့ အရည်အသွေးကို ကျဆင်းသွားစေနိုင်ကြောင်း သတိပေးလိုက်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ရုန်းကန်ခဲ့တဲ့ လူကာကူဟာ အင်တာမီလန်မှာ ခြေစွမ်းပြနေပြီ ဖြစ်ပါတယ်။

ဆိုးရှား အလိုရှိခဲ့တဲ့ ဒေါ့မွန်တောင်ပံတိုက်စစ်သမား ဆန်ချို ကို မခေါ်ယူနိင်တာက ယူနိုက်တက် ဟာ အပြောင်းအရွှေ့ ကိစ္စ လှုပ်ရှားမှုတွေမှာ ပြိုင်ဘက်တွေနဲ့ ယှဉ်ရင် နောက်ကျ ကျန်နေခဲ့တာကို မြင်သာစေခဲ့ပြီး ဆိုးရှားရဲ့ အစီအမံတွေကို အလုပ်မဖြစ်အောင် နှောင့်ယှက်ရာကျတယ်လို့ နဗီးလ်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

စပါးခံစစ်မှူး အဲရစ် ဒိုင်ယာကတော့ တနင်္ဂနွေနေ့ည ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာ ပြိုင်ဘက် တိုက်စစ်ကို မစိုးရိမ်ဘဲ ပင်နယ်တီ ပေးကာ ဂိုးခွင့်ပြုရမှာကို စိုးရိမ်နေပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲမှာလည်း ပွဲပြီးခါနီးမှ VAR ကြည့်ကာ ပင်နယ်တီ ပေးခဲ့ရတာကြောင့် ၁ ဂိုးစီ သရေကျခဲ့ပါတယ်။

ပီအက်စ်ဂျီ တိုက်စစ်မှူးဟောင်း ကာဗာနီဟာ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရပြီး ဖြစ်ကြောင်း ကစားသမားရဲ့ အေးဂျင့်က အတည်ပြုပြောဆိုခဲ့ပါတယ်။ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဆာဟာကတော့ ကာဗာနီက ယူနိုက်တက် အတွက် ထိပ်တန်း ခေါ်ယူမှု ဖြစ်လိမ့်မယ်လို့ ထောက်ခံခဲ့ပါတယ်။

ကာဗာနီ ယူနိုက်တက်ထံ ရောက်ရှိလာရင် ဝတ်ဆင်နိုင်မယ့် လက်ရှိ လစ်လပ် ကျောနံပါတ်တွေကတော့ နံပါတ် ၇၊ ၁၉၊ ၂၇၊ ၂၈၊ ၃၀နဲ့ ၃၂ တို့ ဖြစ်တယ်လို့ မန်ချက်စတာ အခြေစိုက် MEN သတင်းဌာနက သုံးသပ်ထားပါတယ်။

စပါးအသင်း နည်းပြ မော်ရင်ညိုကတော့ သူ့ရဲ့ ကလပ်အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဟာ အချိန်တစ်ခုကြာရင် အရင်လိုပဲ အဓိက ဆုဖလားတွေ ပြန်လည် သိမ်းပိုက်လာနိုင်မယ် ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်းနီကတော့ လက်ရှိ အသင်းခံစစ်မှူး ဝမ် ဘစ်ဆာကာ ရဲ့ စွမ်းဆောင်ရည်ကို အားမရ ဖြစ်နေပြီး ယူနိက်တက်ဟာ ချယ်ဆီး လူငယ်ဟောင်း လက်ရှိ ဘရိုက်တန်မှာ ကစားနေတဲ့ လမ့်တေး လို တိုက်စစ် ဦးနှောက်ရှိတဲ့ ခံစစ်သမားကို ခေါ်ယူသင့်တာ ဖြစ်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

Zawgyi – ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း လူကာကူကေတာ့ ေစ်းကြက္ မပိတ္ခင္ တိုက္စစ္မွဴး တစ္ဦး ထပ္မံ ေခၚယူလိုက္ရင္ လက္ရွိ တိုက္စစ္မွဴး မာရွယ္ရဲ႕ အရည္အေသြးကို က်ဆင္းသြားေစနုိင္ေၾကာင္း သတိေပးလိုက္ပါတယ္။ အိုးထရက္ဖို႔ဒ္မွာ ရုန္းကန္ခဲ့တဲ့ လူကာကူဟာ အင္တာမီလန္မွာ ေျခစြမ္းျပေနျပီ ျဖစ္ပါတယ္။

ဆိုးရွား အလိုရွိခဲ့တဲ့ ေဒါ့မြန္ေတာင္ပံတိုက္စစ္သမား ဆန္ခ်ိဳ ကို မေခၚယူနိင္တာက ယူနိုက္တက္ ဟာ အေျပာင္းအေရႊ႕ ကိစၥ လႈပ္ရွားမႈေတြမွာ ျပိဳင္ဘက္ေတြနဲ႕ ယွဥ္ရင္ ေနာက္က် က်န္ေနခဲ့တာကို ျမင္သာေစခဲ့ျပီး ဆိုးရွားရဲ႕ အစီအမံေတြကို အလုပ္မျဖစ္ေအာင္ ေနွာင့္ယွက္ရာက်တယ္လို႔ နဗီးလ္က ျပင္းျပင္းထန္ထန္ ေ၀ဖန္လိုက္ပါတယ္။

စပါးခံစစ္မွဴး အဲရစ္ ဒိုင္ယာကေတာ့ တနဂၤေႏြေန႔ည ယူနိုက္တက္နဲ႕ ရင္ဆိုင္ရမွာ ျပိဳင္ဘက္ တိုက္စစ္ကို မစိုးရိမ္ဘဲ ပင္နယ္တီ ေပးကာ ဂိုးခြင့္ျပဳရမွာကို စိုးရိမ္ေနပါတယ္။ စပါးအသင္းဟာ ျပီးခဲ့တဲ့ နယူးကာဆယ္နဲ႕ ပြဲမွာလည္း ပြဲျပီးခါနီးမွ VAR ၾကည့္ကာ ပင္နယ္တီ ေပးခဲ့ရတာေၾကာင့္ ၁ ဂိုးစီ သေရက်ခဲ့ပါတယ္။

ပီအက္စ္ဂ်ီ တိုက္စစ္မွဴးေဟာင္း ကာဗာနီဟာ မန္ခ်က္စတာ ယူနိုက္တက္ထံ ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈ ရျပီး ျဖစ္ေၾကာင္း ကစားသမားရဲ႕ ေအးဂ်င့္က အတည္ျပဳေျပာဆိုခဲ့ပါတယ္။ ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း ဆာဟာကေတာ့ ကာဗာနီက ယူနိုက္တက္ အတြက္ ထိပ္တန္း ေခၚယူမႈ ျဖစ္လိမ့္မယ္လို႔ ေထာက္ခံခဲ့ပါတယ္။

ကာဗာနီ ယူနုိက္တက္ထံ ေရာက္ရွိလာရင္ ၀တ္ဆင္နုိင္မယ့္ လက္ရွိ လစ္လပ္ ေက်ာနံပါတ္ေတြကေတာ့ နံပါတ္ ၇၊ ၁၉၊ ၂၇၊ ၂၈၊ ၃၀နဲ႕ ၃၂ တို႔ ျဖစ္တယ္လို႔ မန္ခ်က္စတာ အေျခစိုက္ MEN သတင္းဌာနက သံုးသပ္ထားပါတယ္။

စပါးအသင္း နည္းျပ ေမာ္ရင္ညိဳကေတာ့ သူ႔ရဲ႕ ကလပ္အသင္းေဟာင္း မန္ခ်က္စတာ ယူနိုက္တက္ဟာ အခ်ိန္တစ္ခုၾကာရင္ အရင္လိုပဲ အဓိက ဆုဖလားေတြ ျပန္လည္ သိမ္းပိုက္လာနိုင္မယ္ ယံုၾကည္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ အသင္းေခါင္းေဆာင္ေဟာင္း ၀ိန္းရြန္းနီကေတာ့ လက္ရွိ အသင္းခံစစ္မွဴး ၀မ္ ဘစ္ဆာကာ ရဲ႕ စြမ္းေဆာင္ရည္ကို အားမရ ျဖစ္ေနျပီး ယူနိက္တက္ဟာ ခ်ယ္ဆီး လူငယ္ေဟာင္း လက္ရွိ ဘရိုက္တန္မွာ ကစားေနတဲ့ လမ့္ေတး လို တိုက္စစ္ ဦးေနွာက္ရွိတဲ့ ခံစစ္သမားကို ေခၚယူသင့္တာ ျဖစ္ေၾကာင္း တိုက္တြန္းလိုက္ပါတယ္။