ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (05/10/20)

မနေ့က ယူနိုက်တက်ဟာ စပါးကို ၆-၁နဲ့ ရှုံးခဲ့ပြီး ဒီရာသီ လိဂ် အဖွင့်၃ပွဲမှာ ၃မှတ်သာ ရရှိခဲ့တဲ့နောက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ပရိသတ်တွေ ကို တောင်းပန်ခဲ့ပြီး မိမိတို့ အသင်းအနေနဲ့ မြန်မြန် တိုးတက်လာဖို့ လိုအပ်တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ အရှက်တကွဲ ရှုံးနိမ့်မှုအတွက် တာဝန်ရှိသူက မိမိသာဖြစ်ကြောင်း နည်းပြဆိုးလ်ရှားက ဆိုပါတယ်။ သူနဲ့အတူ ကစားသမား တွေက နာကျင်ခံစားခဲ့ရပေမယ့် ပြန်လာနိုင်ဖို့ကြိုးစားမှာဖြစ်ပြီး ရလဒ်ကို ပြောင်းပြန်လှန်နိုင်ဖို့တတ်နိုင်သမျှ အားလုံး လုပ်သွားမှာပါလို့ ကတိပေးခဲ့ပါတယ်။

ဆောက်သမ်တန်ဟာ ယူနိုက်တက် နောက်ခံလူ ဘရန်ဒန် ဝီလီယံကို အငှားခေါ်ယူဖို့အတွက်ကလပ်ထံ စုံစမ်းမှု လုပ်ခဲ့ပါတယ်။ အဲလက်စ် တဲလက်စ် ရောက်လာရင် ဝီလီယံအတွက် ကစားချိန်ရဖို့ ပိုခက်ခဲမှာဖြစ်သလို အသက်၂၀အရွယ်ကစားသမားက အသင်းကနေ ထွက်ခွာလိုနေတာပါ။

ယူနိုက်တက်ဟာ စပါးကို ဂိုးအပြတ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လဲ ဆိုးလ်ရှားဟာကလပ်ကို တိုးတက်လာစေခဲ့သူဖြစ်ပြီး ကစားသမားတွေရဲ့ အပြည့်အဝ ထောက်ခံမှုကို ရရှိထားတာနဲ့အတူ နောက်ပွဲတွေမှာ အရှုံးကို တုံ့ပြန်ပြလိမ့်မယ်လို့ မော်ရင်ညိုက အားပေးစကားပြောခဲ့ပါတယ်။

ဒမ်ဘီလီဟာ မန်ချက်စတာယူနိုက်တက်ထံအပြောင်းအရွှေ့လုပ်ဖို့ ဆက်လက် ချိတ်ဆက်နေခဲ့တာဖြစ်သလို အပြောင်းအရွှေ့ရာသီ ပိတ်သိမ်း သွားတဲ့အခါ လူငယ်တိုက်စစ်မှူးအနေနဲ့ ဘယ်မှာ ကစားနေမလဲဆိုတာ မပြောနိုင်သေးပဲ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ရော်နယ်ကိုးမန်းက ပြောဆိုခဲ့ပါတယ်။

အင်္ဂလန်အသင်းနဲ့ ပူးပေါင်းဖို့ရှိနေတဲ့ဆန်ချိုဟာ အဖျားကြောင့် ဒေါ့မွန်ရဲ့ နောက်ဆုံး၂ပွဲကို လွဲချော်ခဲ့ပေမယ့် အခု အင်္ဂလန်ကို ရောက်နေတာ ဖြစ်ပြီး ယူနိုက်တက် အတွက် နောက်ဆုံးမိနစ်မှာ ဒေါ့မွန်နဲ့ သဘောတူညီမှုရရင် စာချုပ်ချုပ်ဖို့ ပိုလွယ်စေမှာဖြစ်သလို တကယ်ပဲ အပြောင်းအရွှေ့ ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

ရိုးမားဟာ အပြောင်းအရွှေ့ နောက်ဆုံးမိနစ်မတိုင်ခင် နောက်ခံလူ ခရစ်စမောလင်းကို ခေါ်ယူနိုင်ဖို့ကြိုးစားနေသလို ယူနိုက်တက်နဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုမှာ အဆင်မပြေ ဖြစ်ခဲ့ပေမယ့် အခု ယူရို ၁၅သန်းနဲ့ နောက်ဆုံး ကမ်းလှမ်းမှု လုပ်ခဲ့တယ်လို့သိရပါတယ်။

ဘာစီလိုနာဟာ ဒမ်ဘီလီအတွက် ယူနိုက်တက်ထံက အချိန်မီ ဖုန်းခေါ်ဆိုမှုလုပ်လာဖို့ စောင့်မျှော်နေပါတယ်။စပါးကို ဂိုးပြတ်ရှုံးခဲ့တဲ့နောက် ယူနိုက်တက်ဟာ အသင်း အင်အားမြှင့်တင်ဖို့ ပိုအရှိန်မြှင့်လာမှာဖြစ်ပြီး အပြီးသတ်ဝယ်ယူခွင်နဲ့အတူ ဒမ်ဘီလီကိုအငှားခေါ်ယူဖို့ ကြိုးစားနိုင်ဖွယ် ရှိပါတယ်။

Zawgyi – မေန႔က ယူႏိုက္တက္ဟာ စပါးကို ၆-၁နဲ႔ ရႈံးခဲ့ၿပီး ဒီရာသီ လိဂ္ အဖြင့္၃ပြဲမွာ ၃မွတ္သာ ရရွိခဲ့တဲ့ေနာက္ ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္က ပရိသတ္ေတြ ကို ေတာင္းပန္ခဲ့ၿပီး မိမိတို႔ အသင္းအေနနဲ႔ ျမန္ျမန္ တိုးတက္လာဖို႔ လိုအပ္တယ္လို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ရဲ႕ အရွက္တကြဲ ရႈံးနိမ့္မႈအတြက္ တာဝန္ရွိသူက မိမိသာျဖစ္ေၾကာင္း နည္းျပဆိုးလ္ရွားက ဆိုပါတယ္။ သူနဲ႔အတူ ကစားသမား ေတြက နာက်င္ခံစားခဲ့ရေပမယ့္ ျပန္လာႏိုင္ဖို႔ႀကိဳးစားမွာျဖစ္ၿပီး ရလဒ္ကို ေျပာင္းျပန္လွန္ႏိုင္ဖို႔တတ္ႏိုင္သမွ် အားလုံး လုပ္သြားမွာပါလို႔ ကတိေပးခဲ့ပါတယ္။

ေဆာက္သမ္တန္ဟာ ယူႏိုက္တက္ ေနာက္ခံလူ ဘရန္ဒန္ ဝီလီယံကို အငွားေခၚယူဖို႔အတြက္ကလပ္ထံ စုံစမ္းမႈ လုပ္ခဲ့ပါတယ္။ အဲလက္စ္ တဲလက္စ္ ေရာက္လာရင္ ဝီလီယံအတြက္ ကစားခ်ိန္ရဖို႔ ပိုခက္ခဲမွာျဖစ္သလို အသက္၂၀အ႐ြယ္ကစားသမားက အသင္းကေန ထြက္ခြာလိုေနတာပါ။

ယူႏိုက္တက္ဟာ စပါးကို ဂိုးအျပတ္နဲ႔ ရႈံးနိမ့္ခဲ့ေပမယ့္လဲ ဆိုးလ္ရွားဟာကလပ္ကို တိုးတက္လာေစခဲ့သူျဖစ္ၿပီး ကစားသမားေတြရဲ႕ အျပည့္အဝ ေထာက္ခံမႈကို ရရွိထားတာနဲ႔အတူ ေနာက္ပြဲေတြမွာ အရႈံးကို တုံ႔ျပန္ျပလိမ့္မယ္လို႔ ေမာ္ရင္ညိဳက အားေပးစကားေျပာခဲ့ပါတယ္။

ဒမ္ဘီလီဟာ မန္ခ်က္စတာယူႏိုက္တက္ထံအေျပာင္းအေ႐ႊ႕လုပ္ဖို႔ ဆက္လက္ ခ်ိတ္ဆက္ေနခဲ့တာျဖစ္သလို အေျပာင္းအေ႐ႊ႕ရာသီ ပိတ္သိမ္း သြားတဲ့အခါ လူငယ္တိုက္စစ္မႉးအေနနဲ႔ ဘယ္မွာ ကစားေနမလဲဆိုတာ မေျပာႏိုင္ေသးပဲ ေစာင့္ၾကည့္ရဦးမွာျဖစ္ေၾကာင္း ေရာ္နယ္ကိုးမန္းက ေျပာဆိုခဲ့ပါတယ္။

အဂၤလန္အသင္းနဲ႔ ပူးေပါင္းဖို႔ရွိေနတဲ့ဆန္ခ်ိဳဟာ အဖ်ားေၾကာင့္ ေဒါ့မြန္ရဲ႕ ေနာက္ဆုံး၂ပြဲကို လြဲေခ်ာ္ခဲ့ေပမယ့္ အခု အဂၤလန္ကို ေရာက္ေနတာ ျဖစ္ၿပီး ယူႏိုက္တက္ အတြက္ ေနာက္ဆုံးမိနစ္မွာ ေဒါ့မြန္နဲ႔ သေဘာတူညီမႈရရင္ စာခ်ဳပ္ခ်ဳပ္ဖို႔ ပိုလြယ္ေစမွာျဖစ္သလို တကယ္ပဲ အေျပာင္းအေ႐ႊ႕ ျဖစ္လာမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

႐ိုးမားဟာ အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးမိနစ္မတိုင္ခင္ ေနာက္ခံလူ ခရစ္စေမာလင္းကို ေခၚယူႏိုင္ဖို႔ႀကိဳးစားေနသလို ယူႏိုက္တက္နဲ႔ ေျပာင္းေ႐ႊ႕ေၾကး ညႇိႏႈိင္းမႈမွာ အဆင္မေျပ ျဖစ္ခဲ့ေပမယ့္ အခု ယူ႐ို ၁၅သန္းနဲ႔ ေနာက္ဆုံး ကမ္းလွမ္းမႈ လုပ္ခဲ့တယ္လို႔သိရပါတယ္။

ဘာစီလိုနာဟာ ဒမ္ဘီလီအတြက္ ယူႏိုက္တက္ထံက အခ်ိန္မီ ဖုန္းေခၚဆိုမႈလုပ္လာဖို႔ ေစာင့္ေမွ်ာ္ေနပါတယ္။စပါးကို ဂိုးျပတ္ရႈံးခဲ့တဲ့ေနာက္ ယူႏိုက္တက္ဟာ အသင္း အင္အားျမႇင့္တင္ဖို႔ ပိုအရွိန္ျမႇင့္လာမွာျဖစ္ၿပီး အၿပီးသတ္ဝယ္ယူခြင္နဲ႔အတူ ဒမ္ဘီလီကိုအငွားေခၚယူဖို႔ ႀကိဳးစားႏိုင္ဖြယ္ ရွိပါတယ္။