ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (05/10/20)

ချယ်ဆီး နောက်ခံလူ အီမာဆန်ဟာ နောက်ဆုံးရက်မှာ ဂျူဗင်တပ်ကို ပြောင်းရွှေ့နိုင်ဖွယ် ရှိပါတယ်။ လိဂ်မှာ တစ်ပွဲမှ မကစားရသေးတဲ့နောက် အနာဂတ် မရေမရာဖြစ်နေတဲ့ ဘယ်နောက်ခံလူရဲ့ အေးဂျင့်နဲ့ ဂျူဗင်တပ်က ဆွေးနွေးမှုလုပ်ခဲ့ပြီး သူ့ကို အငှားခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာပဲ ဖြစ်ပါတယ်။

ဘင်ချီဝဲဟာ စနေနေ့မှာ သူ့ရဲ့လိဂ်ပွဲ ၁၀၀ပြည့် အဖြစ် ပွဲထွက်ကစားခဲ့ပြီး ပဲလေ့စ်ကို ၄-ဝနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ၁ဂိုးသွင်း၊ ၁ဂိုးဖန်တီးပြီး အဓိက နေရာကနေ ပါဝင်ကူညီ ပေးခဲ့တာနဲ့အတူ နည်းပြလမ်းပတ်က သူ့ရဲ့စွမ်းဆောင်ရည်အတွက် ကျေနပ်နေခဲ့ပြီး ချီးကျူးစကားဆိုခဲ့ပါတယ်။

ချယ်ဆီး တောင်ပံတိုက်စစ်သမား အိုဒွိုင်းဟာ ဘောလုံးနဲ့ အတူ ကစားတာ ကောင်းပေမယ့်လဲ နောက်တစ်ဆင့်ကိုရောက်ဖို့ ဘောလုံး မပါဘဲ ရွေ့လျား ကစားပုံမှာ တိုးတက်လာဖို့ လိုတယ်လို့လမ်းပတ်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ချယ်ဆီးရဲ့ အပယ်ခံကစားသမား ဘာကာယိုကိုဟာ နာပိုလီထံ အငှား သွားကစားတော့မှာ ဖြစ်ပါတယ်။ အသက်၂၆နှစ်အရွယ် လန်ဒန်မှာ မအောင်မြင်တဲ့နောက် ထပ်မံပြီး အငှားထွက် ကစားဖို့ အလိုရှိနေတာဖြစ်ပြီး စီးရီးအေကလပ်နဲ့ ၂၀၂၁ ဇွန်လအထိ စာချုပ် ချုပ်မှာဖြစ်ပေမယ့် အပြီးသတ် ဝယ်ယူခွင့်တော့ မပါဝင်ပါဘူး။

ချယ်ဆီးဟာ အန်တိုနီယို ရူဒီဂါကိုမြို့ခံပြိုင်ဘက် စပါးထံ ရောင်းချဖို့ ဝန်လေးနေပါတယ်။ ကလပ်မှာကစားခွင့်မရတဲ့ ရူဒီဂါကို အသင်းများစွာက အလိုရှိနေပြီး ချယ်ဆီးက သူ့ကို အငှားချဖို့ အဆင်သင့်ဖြစ်နေပေမယ့် ကစားသမားက သွားချင်နေသည့်တိုင် စပါးကိုတော့ ထည့်မစဉ်းစားလိုဘဲ ရှိနေပါတယ်။

အေစီမီလန်ဟာ ရူဒီဂါကိုခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး လန်ဒန်ကလပ်နဲ့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ မီလန်က သူ့အတွက် လစာတချို့ ပေးပြီး အငှားခေါ်ယူချင်နေတာဖြစ်သလို ချယ်ဆီးကတော့ အငှားမချခင် စာချုပ်သက်တမ်းတိုးဖို့ မျှော်လင့်နေတာပါ။

ချယ်ဆီးဟာ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ယူချင်နေဆဲဖြစ်သလို ဟမ်းမားတွေက ၎င်းရဲ့တန်ကြေးကို ပေါင် သန်း ၈၀ သတ်မှတ်ထားတာကြောင့် လက်ရှိ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ အပိုဖြစ်နေတဲ့ လော့ဖ်တပ်ချိခ်နဲ့ ရူဒီဂါကို အလိုက်ပေးပြီး ခေါ်ယူနိုင်ဖို့ အလိုရှိနေပါတယ်။

အင်တာမီလန်ဟာ ဒီနွေမှာချယ်ဆီးနောက်ခံလူ မားကို့စ် အလွန်ဆိုကို ခေါ်ယူမှာမဟုတ်ဘူးလို့ ကလပ် စီအီးအို မာရော့တာက အတည်ပြုခဲ့ ပါတယ်။ ဘင်ချီဝဲ ရောက်လာတဲ့နောက် ကစားချိန်ရဖို့ ရုန်းကန်နေရတဲ့ အလွန်ဆိုဟာ အင်တာနဲ့ ချိတ်ဆက်မှုရှိခဲ့ပေမယ့် မာရော့တာကတော့ အပြောင်းအရွှေ့ကိစ္စကို ငြင်းပယ်ခဲ့တာပါ။

Zawgyi – ခ်ယ္ဆီး ေနာက္ခံလူ အီမာဆန္ဟာ ေနာက္ဆုံးရက္မွာ ဂ်ဴဗင္တပ္ကို ေျပာင္းေ႐ႊ႕ႏိုင္ဖြယ္ ရွိပါတယ္။ လိဂ္မွာ တစ္ပြဲမွ မကစားရေသးတဲ့ေနာက္ အနာဂတ္ မေရမရာျဖစ္ေနတဲ့ ဘယ္ေနာက္ခံလူရဲ႕ ေအးဂ်င့္နဲ႔ ဂ်ဴဗင္တပ္က ေဆြးေႏြးမႈလုပ္ခဲ့ၿပီး သူ႔ကို အငွားေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာပဲ ျဖစ္ပါတယ္။

ဘင္ခ်ီဝဲဟာ စေနေန႔မွာ သူ႔ရဲ႕လိဂ္ပြဲ ၁၀၀ျပည့္ အျဖစ္ ပြဲထြက္ကစားခဲ့ၿပီး ပဲေလ့စ္ကို ၄-၀နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ၁ဂိုးသြင္း၊ ၁ဂိုးဖန္တီးၿပီး အဓိက ေနရာကေန ပါဝင္ကူညီ ေပးခဲ့တာနဲ႔အတူ နည္းျပလမ္းပတ္က သူ႔ရဲ႕စြမ္းေဆာင္ရည္အတြက္ ေက်နပ္ေနခဲ့ၿပီး ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။

ခ်ယ္ဆီး ေတာင္ပံတိုက္စစ္သမား အိုဒြိဳင္းဟာ ေဘာလံုးနဲ႕ အတူ ကစားတာ ေကာင္းေပမယ့္လဲ ေနာက္တစ္ဆင့္ကိုေရာက္ဖို႔ ေဘာလံုး မပါဘဲ ေရြ႕လ်ား ကစားပုံမွာ တိုးတက္လာဖို႔ လိုတယ္လို႔လမ္းပတ္က တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးရဲ႕ အပယ္ခံကစားသမား ဘာကာယိုကိုဟာ နာပိုလီထံ အငွား သြားကစားေတာ့မွာ ျဖစ္ပါတယ္။ အသက္၂၆ႏွစ္အ႐ြယ္ လန္ဒန္မွာ မေအာင္ျမင္တဲ့ေနာက္ ထပ္မံၿပီး အငွားထြက္ ကစားဖို႔ အလိုရွိေနတာျဖစ္ၿပီး စီးရီးေအကလပ္နဲ႔ ၂၀၂၁ ဇြန္လအထိ စာခ်ဳပ္ ခ်ဳပ္မွာျဖစ္ေပမယ့္ အၿပီးသတ္ ဝယ္ယူခြင့္ေတာ့ မပါဝင္ပါဘူး။

ခ်ယ္ဆီးဟာ အန္တိုနီယို ႐ူဒီဂါကိုၿမိဳ႕ခံၿပိဳင္ဘက္ စပါးထံ ေရာင္းခ်ဖို႔ ဝန္ေလးေနပါတယ္။ ကလပ္မွာကစားခြင့္မရတဲ့ ႐ူဒီဂါကို အသင္းမ်ားစြာက အလိုရွိေနျပီး ခ်ယ္ဆီးက သူ႔ကို အငွားခ်ဖို႔ အဆင္သင့္ျဖစ္ေနေပမယ့္ ကစားသမားက သြားခ်င္ေနသည့္တိုင္ စပါးကိုေတာ့ ထည့္မစဥ္းစားလိုဘဲ ရွိေနပါတယ္။

ေအစီမီလန္ဟာ ႐ူဒီဂါကိုေခၚယူႏိုင္ဖို႔ ေရပန္းအစားဆုံးျဖစ္ေနၿပီး လန္ဒန္ကလပ္နဲ႔ ေဆြးေႏြးမႈေတြ လုပ္ေနပါတယ္။ မီလန္က သူ႔အတြက္ လစာတခ်ိဳ႕ ေပးၿပီး အငွားေခၚယူခ်င္ေနတာျဖစ္သလို ခ်ယ္ဆီးကေတာ့ အငွားမခ်ခင္ စာခ်ဳပ္သက္တမ္းတိုးဖို႔ ေမွ်ာ္လင့္ေနတာပါ။

ခ်ယ္ဆီးဟာ ဝက္စ္ဟမ္း ကြင္းလယ္လူ ဒီကလန္႐ိုက္စ္ကို ေခၚယူခ်င္ေနဆဲျဖစ္သလို ဟမ္းမားေတြက ၎ရဲ႕တန္ေၾကးကို ေပါင္ သန္း ၈၀ သတ္မွတ္ထားတာေၾကာင့္ လက္ရွိ စတန္းဖို႔ဒ္ဘရစ္ခ္်မွာ အပိုျဖစ္ေနတဲ့ ေလာ့ဖ္တပ္ခ်ိခ္နဲ႔ ႐ူဒီဂါကို အလိုက္ေပးၿပီး ေခၚယူႏိုင္ဖို႔ အလိုရွိေနပါတယ္။

အင္တာမီလန္ဟာ ဒီေႏြမွာခ်ယ္ဆီးေနာက္ခံလူ မားကို႔စ္ အလြန္ဆိုကို ေခၚယူမွာမဟုတ္ဘူးလို႔ ကလပ္ စီအီးအို မာေရာ့တာက အတည္ျပဳခဲ့ ပါတယ္။ ဘင္ခ်ီဝဲ ေရာက္လာတဲ့ေနာက္ ကစားခ်ိန္ရဖို႔ ႐ုန္းကန္ေနရတဲ့ အလြန္ဆိုဟာ အင္တာနဲ႔ ခ်ိတ္ဆက္မႈရွိခဲ့ေပမယ့္ မာေရာ့တာကေတာ့ အေျပာင္းအေ႐ႊ႕ကိစၥကို ျငင္းပယ္ခဲ့တာပါ။