ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (05/10/20)

ရှက်ဖီးယူနိုက်တက်ကို နိုင်ခဲ့တဲ့ပွဲမှာ အာဆင်နယ် အတွက် အဖွင့်ဂိုး သွင်းယူနိုင်ခဲ့တဲ့နောက် ဘူကာယို ဆာကာက ဟက်တာ ဘယ်လာရင်ရဲ့ ဖန်တီး ပေးပို့မှုကို ချီးကျူးပြောဆိုခဲ့ပါတယ်။ ဆာကာ၊ ပီပီတို့ရဲ့ ဂိုးတွေနဲ့အနိုင်ရခဲ့တဲ့နောက် အာဆင်နယ်ဟာ အမှတ်ပေးဇယား အဆင့်၄ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ရှက်ဖီးကို ၂-၁နဲ့ နိုင်ခဲ့တဲ့ပွဲမှာ အဆုံးအဖြတ်ဂိုးသွင်းယူခဲ့တဲ့ နီးကိုးလပ် ပီပီရဲ့ စွမ်းဆောင်ရည်ကို နည်းပြ အာတီတာက ချီးကျူးခဲ့ပြီးနောက် ပီပီ အနေနဲ့ ဒီရာသီမှာ အသင်းအတွက် အရေးပါလာမှာ ဖြစ်ပေမယ့် ပုံမှန်ပွဲထွက်ခွင့် ရချင်ရင် ခြေစွမ်းတည်ငြိမ်မှုရှိဖို့ လိုတယ်လို့ သတိပေးခဲ့ပါတယ်။

အာဆင်နယ်ဟာ အက်သလက်တီကို ကွင်းလယ်လူ သောမတ်စ်ပါတေးကိုခေါ်ယူနိုင်ဖို့ ဒီတစ်နွေလုံး ကြိုးစားခဲ့တာ ဖြစ်ပေမယ့် အခုထိ မအောင်မြင်နိုင်သေးဘဲ ရှိနေတာကြောင့် ဒီနေ့ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ချယ်ဆီးအနေနဲ့ ပါတေး ကို ကြားဖြတ်ခေါ်ယူဖို့ ရီယိုဖာဒီနန်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အာဆင်နယ် ပစ်မှတ် ကွင်းလယ်လူ အာဝါက သူဟာ လိုင်ယွန်မှာ ကြီးမားတဲ့ အောင်မြင်မှုရအောင် ကူညီပေးနိုင်တယ်လို့ ယုံကြည်တာကြောင့် ဒီနွေမှာ အာဆင်နယ်ကို ပြောင်းရွှေ့ကစားရမယ့် အခွင့်အရေးကြီးကို ငြင်းပယ်ခဲ့တာဖြစ်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ဂွမ်ဒူဇီဟာ အာဆင်နယ်ကို စွန့်ခွာပြီး ဟယ်သာဘာလင်ထံ အငှားပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ အာဝါကို မရခဲ့တဲ့ အာဆင်နယ်ဟာ ပါတေး ကို အရခေါ်ဖို့ အတွက် အသုံးစရိတ် လိုအပ်နေတာကြောင့် တော်ရဲရားကို အငှားချခဲ့ပေမယ့်လဲ ဂွမ်ဒူဇီကို လစာပေးမယ့် ဟယ်သာအတွက် အငှားကြေး မတောင်းပဲ ထွက်ခွာခွင့်ပေးခဲ့တာပါ။

အာဆင်နယ်ဟာ စီးတီးနောက်ခံလူဟောင်း ကာရင်ရီကစ်ရဲ့ ညီဖြစ်သူ အသက် ၁၈နှစ်အရွယ် ကစားသမား အိုမာရီကစ်ကို ဟယ်သာဘာလင် ထံကနေ ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။ အာဆင်နယ်ဟာ သူ့ကို ယူ၂၃သင်းမှာ ထားမှာဖြစ်ပြီး ခံစစ်မှာ အားကိုးရမယ့်လူဖြစ်လာဖို့ မျှော်လင့်နေ တာပါ။

အာဆင်နယ်ဟာ အာဝါကို ခေါ်ယူဖို့ ကြိုးစားရာမှာ မအောင်မြင်ခဲ့တဲ့နောက် ချယ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ချိန်ရွယ်နေပြီး အပြောင်းအရွှေ့ ကာလ နောက်ဆုံးအချိန်မှာ သူ့ကို အငှားခေါ်ယူနိုင်ရေး သဘောတူညီမှု ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

အာဆင်နယ်နောက်ခံလူ ကိုလာဆီနက်ဟာ ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်ကို ပြောင်းရွှေ့ဖို့နီးစပ်နေပြီဖြစ်ပါတယ်။ လေဗာကူဆင်ဟာ ဝင်ဒယ်ကို ဟယ်သာဘာလင်ထံ ရောင်းချပြီးမှ သူ့ကို ခေါ်ယူနိုင်မှာဖြစ်ပြီး ဂန်းနားတွေကိုတော့ ယူရို ၁၀ သန်း ဝန်းကျင် ပေးဖို့ ပြင်ဆင် ထားတာဖြစ်ပါတယ်။

Zawgyi – ရွက္ဖီးယူႏိုက္တက္ကို ႏိုင္ခဲ့တဲ့ပြဲမွာ အာဆင္နယ္ အတြက္ အဖြင့္ဂိုး သြင္းယူႏိုင္ခဲ့တဲ့ေနာက္ ဘူကာယို ဆာကာက ဟက္တာ ဘယ္လာရင္ရဲ႕ ဖန္တီး ေပးပို႔မႈကို ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။ ဆာကာ၊ ပီပီတို႔ရဲ႕ ဂိုးေတြနဲ႔အႏိုင္ရခဲ့တဲ့ေနာက္ အာဆင္နယ္ဟာ အမွတ္ေပးဇယား အဆင့္၄ ေနရာမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

ရွက္ဖီးကို ၂-၁နဲ႔ နိုင္ခဲ့တဲ့ပြဲမွာ အဆုံးအျဖတ္ဂိုးသြင္းယူခဲ့တဲ့ နီးကိုးလပ္ ပီပီရဲ႕ စြမ္းေဆာင္ရည္ကို နည္းျပ အာတီတာက ခ်ီးက်ဴးခဲ့ၿပီးေနာက္ ပီပီ အေနနဲ႔ ဒီရာသီမွာ အသင္းအတြက္ အေရးပါလာမွာ ျဖစ္ေပမယ့္ ပုံမွန္ပြဲထြက္ခြင့္ ရခ်င္ရင္ ေျခစြမ္းတည္ၿငိမ္မႈရွိဖို႔ လိုတယ္လို႔ သတိေပးခဲ့ပါတယ္။

အာဆင္နယ္ဟာ အက္သလက္တီကို ကြင္းလယ္လူ ေသာမတ္စ္ပါေတးကိုေခၚယူႏိုင္ဖို႔ ဒီတစ္ေႏြလုံး ႀကိဳးစားခဲ့တာ ျဖစ္ေပမယ့္ အခုထိ မေအာင္ျမင္ႏိုင္ေသးဘဲ ရွိေနတာေၾကာင့္ ဒီေန႔ အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္မွာ ခ်ယ္ဆီးအေနနဲ႔ ပါေတး ကို ၾကားျဖတ္ေခၚယူဖို႔ ရီယိုဖာဒီနန္က တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ ပစ္မွတ္ ကြင္းလယ္လူ အာဝါက သူဟာ လိုင္ယြန္မွာ ႀကီးမားတဲ့ ေအာင္ျမင္မႈရေအာင္ ကူညီေပးႏိုင္တယ္လို႔ ယုံၾကည္တာေၾကာင့္ ဒီေႏြမွာ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ကစားရမယ့္ အခြင့္အေရးႀကီးကို ျငင္းပယ္ခဲ့တာျဖစ္တယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

ဂြမ္ဒူဇီဟာ အာဆင္နယ္ကို စြန္႔ခြာၿပီး ဟယ္သာဘာလင္ထံ အငွားေျပာင္းေ႐ႊ႕ေတာ့မွာ ျဖစ္ပါတယ္။ အာဝါကို မရခဲ့တဲ့ အာဆင္နယ္ဟာ ပါေတး ကို အရေခၚဖို႔ အတြက္ အသုံးစရိတ္ လိုအပ္ေနတာေၾကာင့္ ေတာ္ရဲရားကို အငွားခ်ခဲ့ေပမယ့္လဲ ဂြမ္ဒူဇီကို လစာေပးမယ့္ ဟယ္သာအတြက္ အငွားေၾကး မေတာင္းပဲ ထြက္ခြာခြင့္ေပးခဲ့တာပါ။

အာဆင္နယ္ဟာ စီးတီးေနာက္ခံလူေဟာင္း ကာရင္ရီကစ္ရဲ႕ ညီျဖစ္သူ အသက္ ၁၈ႏွစ္အ႐ြယ္ ကစားသမား အိုမာရီကစ္ကို ဟယ္သာဘာလင္ ထံကေန ေခၚယူႏိုင္ဖြယ္ရွိေနပါတယ္။ အာဆင္နယ္ဟာ သူ႔ကို ယူ၂၃သင္းမွာ ထားမွာျဖစ္ၿပီး ခံစစ္မွာ အားကိုးရမယ့္လူျဖစ္လာဖို႔ ေမွ်ာ္လင့္ေန တာပါ။

အာဆင္နယ္ဟာ အာဝါကို ေခၚယူဖို႔ ႀကိဳးစားရာမွာ မေအာင္ျမင္ခဲ့တဲ့ေနာက္ ခ်ယ္ဆီး ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုကို ခ်ိန္႐ြယ္ေနၿပီး အေျပာင္းအေ႐ႊ႕ ကာလ ေနာက္ဆုံးအခ်ိန္မွာ သူ႔ကို အငွားေခၚယူႏိုင္ေရး သေဘာတူညီမႈ ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

အာဆင္နယ္ေနာက္ခံလူ ကိုလာဆီနက္ဟာ ဘြန္ဒက္စ္လီဂါကလပ္ ေလဗာကူဆင္ကို ေျပာင္းေ႐ႊ႕ဖို႔နီးစပ္ေနၿပီျဖစ္ပါတယ္။ ေလဗာကူဆင္ဟာ ဝင္ဒယ္ကို ဟယ္သာဘာလင္ထံ ေရာင္းခ်ၿပီးမွ သူ႔ကို ေခၚယူႏိုင္မွာျဖစ္ၿပီး ဂန္းနားေတြကိုေတာ့ ယူ႐ို ၁၀ သန္း ဝန္းက်င္ ေပးဖို႔ ျပင္ဆင္ ထားတာျဖစ္ပါတယ္။