ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (05/10/20)

တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ ယူနိုက်တက် အနေနဲ့ ကြေးကြီး အပြောင်းအရွှေ့တွေကို အဆုံးမှ အလောတကြီး ပြုလုပ်ကာ ကစားသမားသစ်တွေ ခေါ်တာက လက်ရှိယိုယွင်းမှုတွေကို အလိုလျောက် ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။

နည်းပြဟောင်း မော်ရင်ညိုဟာ ယူနိုက်တက်နဲ့ အတူ ပရီးမီးယားလိဂ် မှာ အဆင့် ၂ ရအောင် စွမ်းဆောင်ခဲ့တာက သူ့နည်းပြ ဘ၀ အကြီးမားဆုံး အောင်မြင်မှုပဲလို့ ညွှန်းဆိုမှုကို အခုတော့ နားလည်ပြီ ဖြစ်ကြောင်း ဂယ်ရီနဗီးလ်ကလည်း ဝန်ခံလိုက်ပါတယ်။

ဝါရင့်တိုက်စစ်မှူး ကာဗာနီဟာ ယူနိုက်တက်မှာ တစ်နှစ် လုပ်ခ ယူရို ၁၁ သန်းထိ ရရှိမှာ ဖြစ်တယ်လို့ သိရပြီး အိုးထရက်ဖို့ဒ်မှာ ဘောနပ်စ် ယူရို ၂ သန်းနဲ့ အပြောင်းအရွှေ့ အပြီးသတ်ရင် လက်မှတ်ထိုးကြေး ယူရို ၄ သန်း ရဦးမှာ ဖြစ်ကာ ကာဗာနီအတွက် အေးဂျင့်ကြေးလည်း ပေးခဲ့ရသေးတယ်လို့ သိရပါတယ်။

ကာဗာနီနဲ့ အဲလက်တဲလက်စ်တို့ နှစ်ဦးလုံးဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဆေးစစ်မှု ခံယူနေပြီ ဖြစ်ပြီး မကြာခင် အပြီးသတ်ကာ တရားဝင်ကြေငြာတော့မှာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ ပိတ်ရက်မှာ ဘာစီလိုနာ ကြယ်ပွင့် ဒမ်ဘီလီ ယူနိုက်တက်ထံ ပြောင်းရွှေ့လာဖို့ သတင်းတွေ ရေပန်းစားလာ ပြန်ပြီး ကိုးလ်မန်း ကိုယ်တိုင်ကလည်း ဒမ်ဘီလီ အနေအထား အပေါ် မရေရာတဲ့ စကားများ ပြောဆိုလာတာကြောင့် နောက်ဆုံး မိနစ်ထိ စောင့်ကြည့်ရဖွယ် ရှိပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးဟောင်း လူးဝစ် ဆာဟာ ကလည်း လက်ရှိ ယူနိုက်တက် ရင်ဆိုင်နေရတဲ့ ပြသနာတွေဟာ နည်းပြ ဆိုးရှား ကို ထုတ်ပယ်လိုက်ရုံနဲ့ ထူးခြား သွားမှာ မဟုတ်ကြောင်း သတိပေးလိုက်ပြီး အသင်းဟာ နှစ်နှစ် တစ်ကြိမ်လောက် အပြောင်းအလဲ လုပ်နေတာကို ထပ်ခါ ထပ်ခါ မြင်ခဲ့ရပြီလို့ ဆိုလိုက်ပါတယ်။

ယူနိုက်တက် ဟာ ဒီနွေ တလျောက်လုံးမှာ ဒေါ့မွန်တိုက်စစ်သမား ဆန်ချို နောက်သာ တစိုက်မတ်မတ် လိုက်နေခဲ့တာက ရှိသမျှ ကြက်ဥတွေ အကုန်လုံး ခြင်းတစ်လုံးထဲမှာ စုထည့်လိုက်သလို ပုံအပ်လိုက်ရာ ကျကာ မှားယွင်းခဲ့ကြောင်း ကွင်းလယ်ဟောင်း ချက်ထ်ဝစ် က ထောက်ပြလိုက်ပါတယ်။

စီးရီးအေကလပ် အတ္တလန္တာ အသင်းထံမှ ဆယ်ကျော်သက် တောင်ပံတိုက်စစ်သမားလေး အာမက် ထရာအိုရေး ကို ယူနိုက်တက်ဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ယူရို သန်း ၃၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ကြောင်း ဂါးဒီးယန်း သတင်းစာက ဖော်ပြခဲ့ပါတယ်။

Zawgyi – တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ကေတာ့ ယူနိုက္တက္ အေနနဲ႕ ေၾကးၾကီး အေျပာင္းအေရႊ႕ေတြကို အဆံုးမွ အေလာတၾကီး ျပဳလုပ္ကာ ကစားသမားသစ္ေတြ ေခၚတာက လက္ရွိယိုယြင္းမႈေတြကို အလိုေလ်ာက္ ေျဖရွင္းေပးနိုင္မွာ မဟုတ္ဘူးလို႔ သတိေပးလိုက္ပါတယ္။

နည္းျပေဟာင္း ေမာ္ရင္ညိဳဟာ ယူနိုက္တက္နဲ႕ အတူ ပရီးမီးယားလိဂ္ မွာ အဆင့္ ၂ ရေအာင္ စြမ္းေဆာင္ခဲ့တာက သူ႔နည္းျပ ဘ၀ အၾကီးမားဆံုး ေအာင္ျမင္မႈပဲလို႔ ညႊန္းဆိုမႈကို အခုေတာ့ နားလည္ျပီ ျဖစ္ေၾကာင္း ဂယ္ရီနဗီးလ္ကလည္း ၀န္ခံလိုက္ပါတယ္။

၀ါရင့္တိုက္စစ္မွဴး ကာဗာနီဟာ ယူနိုက္တက္မွာ တစ္နွစ္ လုပ္ခ ယူရို ၁၁ သန္းထိ ရရွိမွာ ျဖစ္တယ္လို႔ သိရျပီး အိုးထရက္ဖို႔ဒ္မွာ ေဘာနပ္စ္ ယူရို ၂ သန္းနဲ႕ အေျပာင္းအေရႊ႕ အျပီးသတ္ရင္ လက္မွတ္ထိုးေၾကး ယူရို ၄ သန္း ရဦးမွာ ျဖစ္ကာ ကာဗာနီအတြက္ ေအးဂ်င့္ေၾကးလည္း ေပးခဲ့ရေသးတယ္လို႔ သိရပါတယ္။

ကာဗာနီနဲ႕ အဲလက္တဲလက္စ္တို႔ နွစ္ဦးလံုးဟာ အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္မွာ ေဆးစစ္မႈ ခံယူေနျပီ ျဖစ္ျပီး မၾကာခင္ အျပီးသတ္ကာ တရား၀င္ေၾကျငာေတာ့မွာ ျဖစ္ပါတယ္။

အေျပာင္းအေရႊ႔ ပိတ္ရက္မွာ ဘာစီလိုနာ ၾကယ္ပြင့္ ဒမ္ဘီလီ ယူနိုက္တက္ထံ ေျပာင္းေရႊ႕လာဖို႔ သတင္းေတြ ေရပန္းစားလာ ျပန္ျပီး ကိုးလ္မန္း ကိုယ္တိုင္ကလည္း ဒမ္ဘီလီ အေနအထား အေပၚ မေရရာတဲ့ စကားမ်ား ေျပာဆိုလာတာေၾကာင့္ ေနာက္ဆံုး မိနစ္ထိ ေစာင့္ၾကည့္ရဖြယ္ ရွိပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း လူး၀စ္ ဆာဟာ ကလည္း လက္ရွိ ယူနိုက္တက္ ရင္ဆိုင္ေနရတဲ့ ျပသနာေတြဟာ နည္းျပ ဆိုးရွား ကို ထုတ္ပယ္လိုက္ရံုနဲ႕ ထူးျခား သြားမွာ မဟုတ္ေၾကာင္း သတိေပးလိုက္ျပီး အသင္းဟာ နွစ္နွစ္ တစ္ၾကိမ္ေလာက္ အေျပာင္းအလဲ လုပ္ေနတာကို ထပ္ခါ ထပ္ခါ ျမင္ခဲ့ရျပီလို႕ ဆိုလိုက္ပါတယ္။

ယူနိုက္တက္ ဟာ ဒီေႏြ တေလ်ာက္လံုးမွာ ေဒါ့မြန္တိုက္စစ္သမား ဆန္ခ်ိဳ ေနာက္သာ တစိုက္မတ္မတ္ လိုက္ေနခဲ့တာက ရွိသမွ် ၾကက္ဥေတြ အကုန္လံုး ျခင္းတစ္လံုးထဲမွာ စုထည့္လိုက္သလို ပံုအပ္လိုက္ရာ က်ကာ မွားယြင္းခဲ့ေၾကာင္း ကြင္းလယ္ေဟာင္း ခ်က္ထ္၀စ္ က ေထာက္ျပလိုက္ပါတယ္။

စီးရီးေအကလပ္ အတၱလႏၱာ အသင္းထံမွ ဆယ္ေက်ာ္သက္ ေတာင္ပံတိုက္စစ္သမားေလး အာမက္ ထရာအိုေရး ကို ယူနိုက္တက္ဟာ အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္မွာ ယူရို သန္း ၃၀ နဲ႕ ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ေၾကာင္း ဂါးဒီးယန္း သတင္းစာက ေဖာ္ျပခဲ့ပါတယ္။