နွေမှာ ကစားသမား ရောင်းချမှုကနေ ပေါင် ၁၃၇ သန်း လောက် ရနိုင်မယ့် ချယ်ဆီး

လာမယ့် နွေ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူဖို့ အသုံးစရိတ်တွေ အခက်တွေ့နေကြပေမယ့် ချယ်ဆီးအသင်းကတော့ မသုံးဖြစ်တော့မယ့် ကစားသမားတွေ ရောင်းချမှုကနေတင် ပေါင် သန်း ၁၄၀ နီးပါး ဝင်ငွေရဖို့ ရှိနေပါသေးတယ်။

ချယ်ဆီးမှာ အဆင်မပြေတော့တဲ့ တိုက်စစ်မှူး မိုရာတာကို အက်သလက်တီကို မက်ဒရစ်ထံ အငှားလွှတ်ထားရာ အငှားပြီးဆုံးလို့ အပြီးသတ် ဝယ်ယူမှုကနေ ပေါင် ၄၈.၅ သန်းထိ ဝင်ငွေကြီး တစ်ရပ် ရရှိဖို့ ရှိပါတယ်။ ၂၀၁၇ မှာ ရီးရဲလ်ကနေ ပေါင် ၅၇ သန်းနဲ့ ချယ်ဆီး အသင်းထံ ပြောင်းရွှေ့ လာခဲ့ပေမယ့် ခြေစွမ်း မပြနိုင်တဲ့ မိုရာတာကို ပြီးခဲ့တဲ့နှစ် ဇန်ဝါရီကတော့ တီကိုထံ ၁၈ လ အငှားချခဲ့ပြီး အပြီးသတ် ဝယ်ယူမှု ပါဝင်ပါတယ်။

မိုရာတာက စပိန်မှာတော့ စွမ်းဆောင်ရည်ကောင်းတွေ ပြန်ရနေပြီး ဒီရာသီ ပြိုင်ပွဲစုံ ၄၉ ပွဲ ကစားထားရာ ၁၈ ဂိုး သွင်းယူထားပါတယ်။ လမ်းပတ်ကတော့ စပိန်သားကို ပြန်ခေါ်ပြီး ဒုတိယအကြိမ် အခွင့်အရေး မပေးလိုတော့ဘဲ အပြီး ရောင်းချလိုနေပါတယ်။ ပြီးခဲ့တဲ့ နွေကတော့ နောက်နှစ် နွေ (လာမယ့် အပြောင်းအရွှေ့) မှာ အပြီး ဝယ်ယူဖို့ အက်သလက်တီကိုနဲ့ သဘောတူညီမှု ရထားခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ချယ်ဆီး အသင်းဟာ အငှားစေလွှတ်ထားတဲ့ ကစားသမားများ၊ အသင်း ပွဲထွက် လူစာရင်းမှာ မသုံးဖြစ်တော့တဲ့ ကစားသမားများ ရှိနေပြီး ဒီနွေမှာတော့ ရှင်းထုတ်သွားဖွယ် ရှိနေပါတယ်။ လက်ရှိ Transfermarkt မှ ဈေးကွက် ပေါက်ဈေးအတိုင်း ရောင်းချလို့ ရခဲ့ရင် ချယ်ဆီး ပြန်ရနိုင်မှာက ယူရို သန်း ၁၀၀ နီးပါး ဝင်ငွေ ရှိနေပါတယ်။

မိုရာတာ အတွက် ပေါင် ၄၈.၅ သန်း အပြင် ချယ်ဆီး အခြား ကစားသမားတွေကို ချယ်ဆီး ရောင်းချရင် ရနိုင်မယ့် ပြောင်းရွှေ့ကြေးတွေက ယူရို ၉၉ သန်းလောက် ရှိနေပါသေးတယ်။ အဲဒါတွေကတော့ အလွန်ဆို ယူရို သန်း ၂၀၊ ဘာကာယိုကို ယူရို ၂၅.၅ သန်း၊ ဘတ်ရှူဝါရီ ယူရို ၁၇.၅ သန်း၊ ဇက်ပါကော်စတာ ယူရို ၁၂ သန်း၊ အီမာဆန် ယူရို ၂၄ သန်း တို့ ဖြစ်ပါတယ်။

ထို ရောင်းချရရှိနိုင်ငွေ အားလုံးကို စုစုပေါင်း တွက်ချက်ရင် ပေါင် ၁၃၇ သန်းထိ ရှိနေတယ်လို့ အင်္ဂလန် သတင်းဌာနတွေက တွက်ချက် ဖော်ပြထားပါတယ်။ ထိုပမာဏက နွေမှာ လမ်းပတ် အတွက် ကစားသမား ဝယ်ယူမှု အသုံးစရိတ်မှာ ထပ်ဆောင်း ရနိုင်မယ့် ပမာဏကြီး တစ်ရပ်လည်း ဖြစ်လာနိုင်ပါတယ်။

Zawgyi – လာမယ့္ ေႏြ အေျပာင္းအေရႊ႕မွာ ကစားသမား ေခၚယူဖို႔ အသံုးစရိတ္ေတြ အခက္ေတြ႔ေနၾကေပမယ့္ ခ်ယ္ဆီးအသင္းကေတာ့ မသံုးျဖစ္ေတာ့မယ့္ ကစားသမားေတြ ေရာင္းခ်မႈကေနတင္ ေပါင္ သန္း ၁၄၀ နီးပါး ၀င္ေငြရဖို႔ ရွိေနပါေသးတယ္။

ခ်ယ္ဆီးမွာ အဆင္မေျပေတာ့တဲ့ တိုက္စစ္မွဴး မုိရာတာကို အက္သလက္တီကို မက္ဒရစ္ထံ အငွားလႊတ္ထားရာ အငွားျပီးဆံုးလို႔ အျပီးသတ္ ၀ယ္ယူမႈကေန ေပါင္ ၄၈.၅ သန္းထိ ၀င္ေငြၾကီး တစ္ရပ္ ရရွိဖို႔ ရွိပါတယ္။ ၂၀၁၇ မွာ ရီးရဲလ္ကေန ေပါင္ ၅၇ သန္းနဲ႕ ခ်ယ္ဆီး အသင္းထံ ေျပာင္းေရႊ႕ လာခဲ့ေပမယ့္ ေျခစြမ္း မျပနိုင္တဲ့ မိုရာတာကို ျပီးခဲ့တဲ့နွစ္ ဇန္၀ါရီကေတာ့ တီကိုထံ ၁၈ လ အငွားခ်ခဲ့ျပီး အျပီးသတ္ ၀ယ္ယူမႈ ပါ၀င္ပါတယ္။

မိုရာတာက စပိန္မွာေတာ့ စြမ္းေဆာင္ရည္ေကာင္းေတြ ျပန္ရေနျပီး ဒီရာသီ ျပိဳင္ပြဲစံု ၄၉ ပြဲ ကစားထားရာ ၁၈ ဂိုး သြင္းယူထားပါတယ္။ လမ္းပတ္ကေတာ့ စပိန္သားကို ျပန္ေခၚျပီး ဒုတိယအၾကိမ္ အခြင့္အေရး မေပးလိုေတာ့ဘဲ အျပီး ေရာင္းခ်လိုေနပါတယ္။ ျပီးခဲ့တဲ့ ေႏြကေတာ့ ေနာက္နွစ္ ေႏြ (လာမယ့္ အေျပာင္းအေရႊ႕) မွာ အျပီး ၀ယ္ယူဖို႔ အက္သလက္တီကိုနဲ႕ သေဘာတူညီမႈ ရထားခဲ့ျပီ ျဖစ္ပါတယ္။

ဒါ့အျပင္ ခ်ယ္ဆီး အသင္းဟာ အငွားေစလႊတ္ထားတဲ့ ကစားသမားမ်ား၊ အသင္း ပြဲထြက္ လူစာရင္းမွာ မသံုးျဖစ္ေတာ့တဲ့ ကစားသမားမ်ား ရွိေနျပီး ဒီေႏြမွာေတာ့ ရွင္းထုတ္သြားဖြယ္ ရွိေနပါတယ္။ လက္ရွိ Transfermarkt မွ ေစ်းကြက္ ေပါက္ေစ်းအတိုင္း ေရာင္းခ်လို႔ ရခဲ့ရင္ ခ်ယ္ဆီး ျပန္ရနိုင္မွာက ယူရို သန္း ၁၀၀ နီးပါး ၀င္ေငြ ရွိေနပါတယ္။

မိုရာတာ အတြက္ ေပါင္ ၄၈.၅ သန္း အျပင္ ခ်ယ္ဆီး အျခား ကစားသမားေတြကို ခ်ယ္ဆီး ေရာင္းခ်ရင္ ရနိုင္မယ့္ ေျပာင္းေရႊ႕ေၾကးေတြက ယူရို ၉၉ သန္းေလာက္ ရွိေနပါေသးတယ္။ အဲဒါေတြကေတာ့ အလြန္ဆို ယူရို သန္း ၂၀၊ ဘာကာယိုကို ယူရို ၂၅.၅ သန္း၊ ဘတ္ရွဴ၀ါရီ ယူရို ၁၇.၅ သန္း၊ ဇက္ပါေကာ္စတာ ယူရို ၁၂ သန္း၊ အီမာဆန္ ယူရို ၂၄ သန္း တို႔ ျဖစ္ပါတယ္။

ထို ေရာင္းခ်ရရွိိနိုင္ေငြ အားလံုးကို စုစုေပါင္း တြက္ခ်က္ရင္ ေပါင္ ၁၃၇ သန္းထိ ရွိေနတယ္လို႔ အဂၤလန္ သတင္းဌာနေတြက တြက္ခ်က္ ေဖာ္ျပထားပါတယ္။ ထိုပမာဏက ေႏြမွာ လမ္းပတ္ အတြက္ ကစားသမား ၀ယ္ယူမႈ အသံုးစရိတ္မွာ ထပ္ေဆာင္း ရနုိင္မယ့္ ပမာဏၾကီး တစ္ရပ္လည္း ျဖစ္လာနုိင္ပါတယ္။