ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (06/10/20)

ယူနိုက်တက်ဟာ Deadline day မှာ လူသစ်ခေါ်ယူမှုတွေ လုပ်ဖို့ လိုအပ်ခဲ့တာနဲ့အတူ စုစုပေါင်း ကစားသမားသစ် ၅ယောက်အဖြစ် ပေါ်တိုမှ နောက်ခံလူ အဲလက်စ်တဲလက်စ်၊ ဆိုချော့ လူငယ်ကြယ်ပွင့် ကမ့်ဝါဘာ၊ အတ္တလန္တာအသင်းမှ လူငယ် တောင်ပံကစားသမား ထရာအိုရေး၊ ပီနာရိုက ပယ်လစ်စထွီနဲ့ ကာဗာနီတို့ကို ခေါ်ယူနိုင်ခဲ့ပါတယ်။

အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ရောက်လာခဲ့တဲ့ အဲလက်စ် တဲလက်စ်က ဘရူနိုဖာနန်ဒက်စ်ရဲ့ ကြိုဆိုမှုနဲ့အတူ အံ့ဩစရာကောင်းတဲ့ အသင်းနဲ့ တွေ့ဆုံရဖို့ မျှော်လင့်နေပြီး ကလပ်မှာ ကောင်းကောင်း အထိုင်ကျနိုင်ဖို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ စပါးကို အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့နောက် နည်းပြ ဆိုးလ်ရှားနဲ့ အနာဂတ်က မေးခွန်းထုတ်စရာ ဖြစ်ခဲ့သလို ကလပ်ဟာ သူ့နေရာကို အစားထိုးဖို့ အလားအလာနဲ့ ပတ်သက်လို့ ပိုချက်တီနိုထံ ဆက်သွယ်မှု လုပ်ခဲ့တယ်လို့သိရပါတယ်။

ယူနိုက်တက်ဟာ ပီနာရိုက အသက်၁၈နှစ်အရွယ် ကစားသမား ပယ်လစ်စထွီကို ယူရို၁၀သန်းနဲ့အတူ ၅နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့နောက် နည်းပြ ဆိုးလ်ရှားက သူနဲ့ တွဲလုပ်ဖို့ စိတ်လှုပ်ရှားနေပြီး ၎င်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ တိုးတက်ဖို့အတွက် ပြီးပြည့်စုံတဲ့ အရည်အသွေးရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်မှာ ဆယ်နှစ်ကြာ ကစားခဲ့တဲ့ ဝါရင့်ခံစစ်မှူး စမောလင်းဟာ နောက်ဆုံးမှာတော့ ရိုးမားအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီး အပြီး ပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပီအက်စ်ဂျီ ကြယ်ပွင့်ဟောင်း ကာဗာနီကို နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့် နဲ့အတူ တစ်ပတ်လုပ်ခ ပေါင်၂သိန်းခွဲနဲ့ တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် သူဟာ အိုးလ်ထရက်ဖို့ဒ်မှာ ဂန္တဝင် ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ကာဗာနီဟာ ပီအက်စ်ဂျီမှာ ထာဝရ ထိပ်တန်းဂိုးသွင်းရှင် စာရင်းဝင်ဖြစ်ခဲ့တာနဲ့အတူ သူ့လို အရည်အချင်းရှိတဲ့သူ့ကို ခေါ်ယူနိုင်ခဲ့လို့ ဆိုးလ်ရှားက ဝမ်းသာနေပြီး သူဟာ အိုးလ်ထရက်ဖို့ဒ်ထံ အင်အား၊ခေါင်းဆောင်နိုင်စွမ်းနဲ့ တိုက်ပွဲဝင်စိတ်ဓာတ်တွေ ယူလာပေးမှာဖြစ်ပြီး ဂိုးတွေ အများကြီး သွင်းယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Zawgyi – ယူႏိုက္တက္ဟာ Deadline day မွာ လူသစ္ေခၚယူမႈေတြ လုပ္ဖို႔ လိုအပ္ခဲ့တာနဲ႔အတူ စုစုေပါင္း ကစားသမားသစ္ ၅ေယာက္အျဖစ္ ေပၚတိုမွ ေနာက္ခံလူ အဲလက္စ္တဲလက္စ္၊ ဆိုေခ်ာ့ လူငယ္ၾကယ္ပြင့္ ကမ့္ဝါဘာ၊ အတၱလႏၲာအသင္းမွ လူငယ္ ေတာင္ပံကစားသမား ထရာအိုေရး၊ ပီနာ႐ိုက ပယ္လစ္စထြီနဲ႔ ကာဗာနီတို႔ကို ေခၚယူႏိုင္ခဲ့ပါတယ္။

အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးရက္မွာ ေရာက္လာခဲ့တဲ့ အဲလက္စ္ တဲလက္စ္က ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ ႀကိဳဆိုမႈနဲ႔အတူ အံ့ဩစရာေကာင္းတဲ့ အသင္းနဲ႔ ေတြ႕ဆုံရဖို႔ ေမွ်ာ္လင့္ေနၿပီး ကလပ္မွာ ေကာင္းေကာင္း အထိုင္က်ႏိုင္ဖို႔ ယုံၾကည္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ စပါးကို အရွက္တကြဲရႈံးနိမ့္ခဲ့တဲ့ေနာက္ နည္းျပ ဆိုးလ္ရွားနဲ႔ အနာဂတ္က ေမးခြန္းထုတ္စရာ ျဖစ္ခဲ့သလို ကလပ္ဟာ သူ႔ေနရာကို အစားထိုးဖို႔ အလားအလာနဲ႔ ပတ္သက္လို႔ ပိုခ်က္တီႏိုထံ ဆက္သြယ္မႈ လုပ္ခဲ့တယ္လို႔သိရပါတယ္။

ယူႏိုက္တက္ဟာ ပီနာ႐ိုက အသက္၁၈ႏွစ္အ႐ြယ္ ကစားသမား ပယ္လစ္စထြီကို ယူ႐ို၁၀သန္းနဲ႔အတူ ၅ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ခဲ့တဲ့ေနာက္ နည္းျပ ဆိုးလ္ရွားက သူနဲ႔ တြဲလုပ္ဖို႔ စိတ္လႈပ္ရွားေနၿပီး ၎ဟာ အိုးလ္ထရက္ဖို႔ဒ္မွာ တိုးတက္ဖို႔အတြက္ ၿပီးျပည့္စုံတဲ့ အရည္အေသြးရွိတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္မွာ ဆယ္နွစ္ၾကာ ကစားခဲ့တဲ့ ၀ါရင့္ခံစစ္မွဴး စေမာလင္းဟာ ေနာက္ဆံုးမွာေတာ့ ရိုးမားအသင္းထံ ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈ ရခဲ့ျပီး အျပီး ေျပာင္းသြားခဲ့ျပီ ျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ပီအက္စ္ဂ်ီ ၾကယ္ပြင့္ေဟာင္း ကာဗာနီကို ေနာက္ထပ္တစ္ႏွစ္ သက္တမ္းတိုးခြင့္ နဲ႔အတူ တစ္ပတ္လုပ္ခ ေပါင္၂သိန္းခြဲနဲ႔ တစ္ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီးေနာက္ သူဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ဂႏၲဝင္ ေက်ာနံပါတ္ ၇ ကို ဝတ္ဆင္ကစားမွာျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။

ကာဗာနီဟာ ပီအက္စ္ဂ်ီမွာ ထာဝရ ထိပ္တန္းဂိုးသြင္းရွင္ စာရင္းဝင္ျဖစ္ခဲ့တာနဲ႔အတူ သူ႔လို အရည္အခ်င္းရွိတဲ့သူ႔ကို ေခၚယူႏိုင္ခဲ့လို႔ ဆိုးလ္ရွားက ဝမ္းသာေနၿပီး သူဟာ အိုးလ္ထရက္ဖို႔ဒ္ထံ အင္အား၊ေခါင္းေဆာင္ႏိုင္စြမ္းနဲ႔ တိုက္ပြဲဝင္စိတ္ဓာတ္ေတြ ယူလာေပးမွာျဖစ္ၿပီး ဂိုးေတြ အမ်ားႀကီး သြင္းယူႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။