ယူနိုက်တက် ခေါ်ယူလိုက်တဲ့ ဘရာဇီးသား အစွန် ခံစစ်မှူးသစ် အဲလက်စ် တဲလက်စ်ကတော့ သူဟာ တခြား ခံစစ်မှူးတွေနဲ့ မတူတဲ့ ထူးခြားသူ ဖြစ်ပြီး တည်ကန်ဘောတွေမှာလည်း ထူးချွန်သူ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
အသက်အရွယ် ရနေပြီ ဖြစ်တဲ့ ဝါရင့် တိုက်စစ်မှူး ကာဗာနီကို လစာ မြင့်မားစွာ ပေးကာ ခေါ်ယူခဲ့တဲ့ အပြင် အသင်းရဲ့ ဂန္တဝင် ကျောနံပါတ် ၇ ကိုပါ ပေးအပ်ခဲ့တဲ့ အပေါ် ဝေဖန်မှုတွေ ရှိနေပြီး ကာဗာနီကို စောင့်ကြည့်မှုတွေ ရှိနေပါတယ်။
လီဗာပူးအနေနဲ့ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ယူနိုက်တက် ဂိုးသမား ဆာဂျီယို ရိုမဲရိုးကို မခေါ်ယူခဲ့တဲ့အတွက် ဟယ်ရီရက်နပ်က စိတ်မကောင်း ဖြစ်နေပါတယ်။ အယ်လီဆန် ဒဏ်ရာရနေတဲ့အချိန် အက်ဒရီရန်ကလဲ အားကိုး မရတာကြောင့် ရိုမဲရိုးကို ခေါ်ခဲ့သင့်တယ်လို့ ရက်နပ်က ယုံကြည်နေတာပါ။
ကာဗာနီ ရောက်ရှိလာတာက ယူနိုက်တက် လူငယ်ကြယ်ပွင့်လေး မေဆန် ဂရင်းဝုဒ် အတွက် အကျိုးများစွာ ရှိနိုင်ပြီး ဂရင်းဝုဒ်ဟာ ဝါရင့်တိုက်စစ်သမား ထံကနေ အများကြီး သင်ယူနိုင်မယ်လို့ ရီယို ဖာဒီနန်က ဆိုပါတယ်။
ယူနိုက်တက်ဟာ ပိုချက်တီနိုကို ဆက်သွယ်ခဲ့တာနဲ့အတူ အက်ဝုဒ်ဝဒ်ကလဲ ဆိုးလ်ရှားကို ဖြုတ်ထုတ်ဖို့ အဆင်သင့်ဖြစ်နေပြီး ကလပ်အနေနဲ့ လက်ရှိခြေစွမ်းထက် တိုးတက်မလာခဲ့ရင် သိပ်မကြာခင်မှာပဲ နည်းပြသစ်ခန့်ဖို့ စဉ်းစားနေပြီဖြစ်တာကြောင့် ဆိုးလ်ရှားအတွက်တော့ ဖိအားတွေရလာခဲ့ပြီ ဖြစ်ပါတယ်။
ဘာစီလိုနာ ကြယ်ပွင့် အော့စမန် ဒမ်ဘီလီဟာ ယူနိုက်တက်ထံ ပြောင်းရွှေ့လိုခဲ့သော်လည်း ကတ်တလန်ကလပ်အသင်း က ပိတ်ပင်ခဲ့တဲ့ အပေါ် မပျော်ရွှင် ဖြစ်နေပါတယ်။ အပြောင်းအရွှေ့ ပိတ်ခါနီးမှာ ယူနိုက်တက်က ဒမ်ဘီလီကို ကြိုးစားခဲ့ပေမယ့် ဘာစီလိုနာကတော့ တားဆီးခဲ့ပါတယ်။
ယူနိုက်တက် ဆန်ချို ကို အဆုံးထိ ဒေါ့မွန်တောင်းဆိုသမျှ လိုက်လျောကာ ခေါ်ယူဖို့ မကြိုးစားခဲ့ခြင်းက ဆန်ချို အတွက် ကုန်ကျစရိတ် ယူရို သန်း ၂၅၀ ထိ ရောက်ရှိသွားနိုင်တာကြောင့် မစွန့်စားဘဲ နောက်ဆုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ဒေါ့မွန် အလိုရှိတဲ့ ပြောင်းရွှေ့ကြေးက ယူရို သန်း ၁၂၀ ပဲ ဖြစ်ပေမယ့် အေးဂျင့်ကြေးနဲ့ လစာတွေ တွက်မယ်ဆို ယူရို သန်း ၂၅၀ ထိ ရှိသွားမှာ ဖြစ်ပါတယ်။
Zawgyi – ယူနိုက္တက္ ေခၚယူလိုက္တဲ့ ဘရာဇီးသား အစြန္ ခံစစ္မွဴးသစ္ အဲလက္စ္ တဲလက္စ္ကေတာ့ သူဟာ တျခား ခံစစ္မွဴးေတြနဲ႕ မတူတဲ့ ထူးျခားသူ ျဖစ္ျပီး တည္ကန္ေဘာေတြမွာလည္း ထူးခၽြန္သူ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။
အသက္အရြယ္ ရေနျပီ ျဖစ္တဲ့ ၀ါရင့္ တိုက္စစ္မွဴး ကာဗာနီကို လစာ ျမင့္မားစြာ ေပးကာ ေခၚယူခဲ့တဲ့ အျပင္ အသင္းရဲ႕ ဂႏၱ၀င္ ေက်ာနံပါတ္ ၇ ကိုပါ ေပးအပ္ခဲ့တဲ့ အေပၚ ေ၀ဖန္မႈေတြ ရွိေနျပီး ကာဗာနီကို ေစာင့္ၾကည့္မႈေတြ ရွိေနပါတယ္။
လီဗာပူးအေနနဲ႔ အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးရက္မွာ ယူႏိုက္တက္ ဂိုးသမား ဆာဂ်ီယို ႐ိုမဲ႐ိုးကို မေခၚယူခဲ့တဲ့အတြက္ ဟယ္ရီရက္နပ္က စိတ္မေကာင္း ျဖစ္ေနပါတယ္။ အယ္လီဆန္ ဒဏ္ရာရေနတဲ့အခ်ိန္ အက္ဒရီရန္ကလဲ အားကိုး မရတာေၾကာင့္ ႐ိုမဲ႐ိုးကို ေခၚခဲ့သင့္တယ္လို႔ ရက္နပ္က ယုံၾကည္ေနတာပါ။
ကာဗာနီ ေရာက္ရွိလာတာက ယူနိုက္တက္ လူငယ္ၾကယ္ပြင့္ေလး ေမဆန္ ဂရင္း၀ုဒ္ အတြက္ အက်ိဳးမ်ားစြာ ရွိနိုင္ျပီး ဂရင္း၀ုဒ္ဟာ ၀ါရင့္တိုက္စစ္သမား ထံကေန အမ်ားၾကီး သင္ယူနိုင္မယ္လို႔ ရီယို ဖာဒီနန္က ဆိုပါတယ္။
ယူႏိုက္တက္ဟာ ပိုခ်က္တီႏိုကို ဆက္သြယ္ခဲ့တာနဲ႔အတူ အက္ဝုဒ္ဝဒ္ကလဲ ဆိုးလ္ရွားကို ျဖဳတ္ထုတ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီး ကလပ္အေနနဲ႔ လက္ရွိေျခစြမ္းထက္ တိုးတက္မလာခဲ့ရင္ သိပ္မၾကာခင္မွာပဲ နည္းျပသစ္ခန႔္ဖို႔ စဥ္းစားေနၿပီျဖစ္တာေၾကာင့္ ဆိုးလ္ရွားအတြက္ေတာ့ ဖိအားေတြရလာခဲ့ၿပီ ျဖစ္ပါတယ္။
ဘာစီလိုနာ ၾကယ္ပြင့္ ေအာ့စမန္ ဒမ္ဘီလီဟာ ယူနိုက္တက္ထံ ေျပာင္းေရႊ႕လိုခဲ့ေသာ္လည္း ကတ္တလန္ကလပ္အသင္း က ပိတ္ပင္ခဲ့တဲ့ အေပၚ မေပ်ာ္ရႊင္ ျဖစ္ေနပါတယ္။ အေျပာင္းအေရႊ႕ ပိတ္ခါနီးမွာ ယူနုိက္တက္က ဒမ္ဘီလီကို ၾကိဳးစားခဲ့ေပမယ့္ ဘာစီလိုနာကေတာ့ တားဆီးခဲ့ပါတယ္။
ယူနိုက္တက္ ဆန္ခ်ိဳ ကို အဆံုးထိ ေဒါ့မြန္ေတာင္းဆိုသမွ် လိုက္ေလ်ာကာ ေခၚယူဖို႔ မၾကိဳးစားခဲ့ျခင္းက ဆန္ခ်ိဳ အတြက္ ကုန္က်စရိတ္ ယူရို သန္း ၂၅၀ ထိ ေရာက္ရွိသြားနုိင္တာေၾကာင့္ မစြန္႔စားဘဲ ေနာက္ဆုတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရပါတယ္။ ေဒါ့မြန္ အလိုရွိတဲ့ ေျပာင္းေရႊ႕ေၾကးက ယူရို သန္း ၁၂၀ ပဲ ျဖစ္ေပမယ့္ ေအးဂ်င့္ေၾကးနဲ႕ လစာေတြ တြက္မယ္ဆို ယူရို သန္း ၂၅၀ ထိ ရွိသြားမွာ ျဖစ္ပါတယ္။