ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (06/10/20)

ချယ်ဆီး ကွင်းလယ်သမား ရူဘန် လော့ဖ်တပ်ချိခ်ဟာ ဖူလ်ဟမ်ထံ အငှားပြောင်းရွှေ့သွားခဲ့ပြီဖြစ်ကြောင်း ကလပ်က အတည်ပြုခဲ့ပါတယ်။ လော့ဖ်တပ်ချိခ် က ချယ်ဆီးမှာ နေရာပျောက်နေခဲ့တာဖြစ်ပြီး ဖူလ်ဟမ်မှာတော့ သူ့ရဲ့ နေရာမှန်မှာ ကစားခွင့်ရဖို့မျှော်လင့်ရပါတယ်။

လမ်းပတ်ရဲ့ အသင်းဟာ ဒီရာသီမှာဖလားစိန်ခေါ်ဖို့ မျှော်လင့်နေတာနဲ့အတူ စနေနေ့က ပဲလေ့စ်ကို အနိုင်ရခဲ့သလို လာမယ့်အပတ်တွေမှာလဲ နိုင်ပွဲဆက်နိုင်ဖို့ ကိုင်ဟားဗတ်က ယုံကြည်နေပါတယ်။ ချယ်ဆီးဟာ လိဂ်အဖွင့် ၄ပွဲမှာ ၇မှတ် ရခဲ့ပြီး နိုင်ငံတကာ သီတင်းပတ်အပြီးမှာ ဆောက်သမ်တန်နဲ့ တွေ့ရမှာဖြစ်ပါတယ်။

ချယ်ဆီး ဗဟိုနောက်ခံလူ တိုမိုရီ အတွက် ဝက်စ်ဟမ်းရဲ့ အငှားကမ်းလှမ်းမှုဟာ နောက်ဆုံးမိနစ်ပဲ ပျက်ပြယ်ခဲ့ရပါတယ်။ အင်္ဂလန်သားက စတန်းဖို့ဒ်ဘရစ်ခ်ျ မှာ ဆက်နေကာ နေရာအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် သူတို့ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာပါ။

ချယ်ဆီးဟာ အပြောင်းအရွှေ့ နောက်ဆုံးရက် မှာ အီမာဆန် ဒါမှမဟုတ် မားကို့စ်အလွန်ဆိုကို ရောင်းထုတ်ဖို့ မျှော်လင့်ခဲ့ပေမယ့် တစ်ယောက်မှ အဆင်မပြေ ခဲ့တာကြောင့် အသင်းရဲ့ ဗဟိုခံစစ်နေရာမှာ ဖောင်းပွမှုက ဆက်ရှိနေခဲ့ပြီး လမ်းပတ်အတွက်တော့ အပို၂ယောက် ဖြစ်နေဦးမှာပါ။

တန်မီအေဗရာဟမ်၊ ဘင်ချီဝဲနဲ့ ဂျေဒန်ဆန်ချိုတို့ဟာ ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ပြီး လူအယောက်၂၀ ရှိတဲ့ မွေးနေ့ပါတီ လုပ်ခဲ့တာကြောင့် သူတို့ ၃ယောက်ကို အင်္ဂလန်လက်ရွေးစင် အသင်းကနေ ချန်လှပ်ခဲ့ပြီး ဝေးလ်နဲ့ ပွဲကို လွဲချော်ရတော့မှာပါ။

ချယ်ဆီးနောက်ခံလူ အန်တိုနီယို ရူဒီဂါဟာ စတန်းဖို့ဒ်ဘရစ်ခ်ျ ပရိသတ်တွေရဲ့ ရန်ဘက်ဖြစ်မှာ စိုးတာကြောင့် စပါးကို မပြောင်းဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ ဂျာမန်နောက်ခံလူဟာ ကလပ်ကနေ ထွက်ခွာဖို့ရှိခဲ့သလို မော်ရင်ညိုရဲ့အသင်းနဲ့ ချိတ်ဆက်ခဲ့ပေမယ့် ချယ်ဆီးကတော့ မြို့ခံပြိုင်ဘက်ထံ မရောင်းချလိုခဲ့တာပါ။

ချယ်ဆီးဟာ ဒီနွေမှာ ပေါင် သန်း၂၀၀ကျော် သုံးစွဲခဲ့တဲ့နောက် နောက်ထပ် ကစားသမားသစ်တွေ ထပ်မခေါ်ပဲ ရောင်းချဖို့သာ စဉ်းစား ခဲ့တာကြောင့် အက်သလက်တီကို ကွင်းလယ်လူသောမတ်စ်ပါတေးကို အာဆင်နယ်ထံ လက်လွှတ်ခဲ့တာဖြစ်တယ်လို့ အကြောင်းပြ ခဲ့ပါတယ်။

ပြင်သစ် ကပ္ပတိန်ဟောင်းနဲ့ လက်ရှိ နည်းပြ ဖြစ်တဲ့ မစ်ချယ် ပလာတီနီက ယူကရိန်းနဲ့ ခြေစမ်းပွဲမတိုင်ခင် အိုလီဗီယာ ဂျီရူးကို ထောက်ခံ အားပေးခဲ့ပြီး ချယ်ဆီး တိုက်စစ်မှူးဟာ ပြင်သစ်တိုက်စစ်ကြောင်းကို ဦးဆောင်နိုင်တဲ့ အရည်အချင်းရှိတယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီး ကြင္းလယ္သမား ႐ူဘန္ ေလာ့ဖ္တပ္ခ်ိခ္ဟာ ဖူလ္ဟမ္ထံ အငွားေျပာင္းေ႐ႊ႕သြားခဲ့ၿပီျဖစ္ေၾကာင္း ကလပ္က အတည္ျပဳခဲ့ပါတယ္။ ေလာ့ဖ္တပ္ခ်ိခ္ က ခ်ယ္ဆီးမွာ ေနရာေပ်ာက္ေနခဲ့တာျဖစ္ၿပီး ဖူလ္ဟမ္မွာေတာ့ သူ႔ရဲ႕ ေနရာမွန္မွာ ကစားခြင့္ရဖို႔ေမွ်ာ္လင့္ရပါတယ္။

လမ္းပတ္ရဲ႕ အသင္းဟာ ဒီရာသီမွာဖလားစိန္ေခၚဖို႔ ေမွ်ာ္လင့္ေနတာနဲ႔အတူ စေနေန႔က ပဲေလ့စ္ကို အႏိုင္ရခဲ့သလို လာမယ့္အပတ္ေတြမွာလဲ ႏိုင္ပြဲဆက္ႏိုင္ဖို႔ ကိုင္ဟားဗတ္က ယုံၾကည္ေနပါတယ္။ ခ်ယ္ဆီးဟာ လိဂ္အဖြင့္ ၄ပြဲမွာ ၇မွတ္ ရခဲ့ၿပီး ႏိုင္ငံတကာ သီတင္းပတ္အၿပီးမွာ ေဆာက္သမ္တန္နဲ႔ ေတြ႕ရမွာျဖစ္ပါတယ္။

ခ်ယ္ဆီး ဗဟိုေနာက္ခံလူ တိုမိုရီ အတြက္ ဝက္စ္ဟမ္းရဲ႕ အငွားကမ္းလွမ္းမႈဟာ ေနာက္ဆုံးမိနစ္ပဲ ပ်က္ျပယ္ခဲ့ရပါတယ္။ အဂၤလန္သားက စတန္းဖို႔ဒ္ဘရစ္ခ္် မွာ ဆက္ေနကာ ေနရာအတြက္ တိုက္ပြဲဝင္ဖို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ သူတို႔ရဲ႕ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့တာပါ။

ခ်ယ္ဆီးဟာ အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္ မွာ အီမာဆန္ ဒါမွမဟုတ္ မားကို႔စ္အလြန္ဆိုကို ေရာင္းထုတ္ဖို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ တစ္ေယာက္မွ အဆင္မေျပ ခဲ့တာေၾကာင့္ အသင္းရဲ႕ ဗဟိုခံစစ္ေနရာမွာ ေဖာင္းပြမႈက ဆက္ရွိေနခဲ့ၿပီး လမ္းပတ္အတြက္ေတာ့ အပို၂ေယာက္ ျဖစ္ေနဦးမွာပါ။

တန္မီေအဗရာဟမ္၊ ဘင္ခ်ီဝဲနဲ႔ ေဂ်ဒန္ဆန္ခ်ိဳတို႔ဟာ ကိုဗစ္ေရာဂါနဲ႔ ပတ္သက္လို႔ စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ခဲ့ၿပီး လူအေယာက္၂၀ ရွိတဲ့ ေမြးေန႔ပါတီ လုပ္ခဲ့တာေၾကာင့္ သူတို႔ ၃ေယာက္ကို အဂၤလန္လက္ေ႐ြးစင္ အသင္းကေန ခ်န္လွပ္ခဲ့ၿပီး ေဝးလ္နဲ႔ ပြဲကို လြဲေခ်ာ္ရေတာ့မွာပါ။

ခ်ယ္ဆီးေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါဟာ စတန္းဖို႔ဒ္ဘရစ္ခ္် ပရိသတ္ေတြရဲ႕ ရန္ဘက္ျဖစ္မွာ စိုးတာေၾကာင့္ စပါးကို မေျပာင္းဖို႔ ဆုံးျဖတ္ ခဲ့ပါတယ္။ ဂ်ာမန္ေနာက္ခံလူဟာ ကလပ္ကေန ထြက္ခြာဖို႔ရွိခဲ့သလို ေမာ္ရင္ညိဳရဲ႕အသင္းနဲ႔ ခ်ိတ္ဆက္ခဲ့ေပမယ့္ ခ်ယ္ဆီးကေတာ့ ၿမိဳ႕ခံၿပိဳင္ဘက္ထံ မေရာင္းခ်လိုခဲ့တာပါ။

ခ်ယ္ဆီးဟာ ဒီေႏြမွာ ေပါင္ သန္း၂၀၀ေက်ာ္ သုံးစြဲခဲ့တဲ့ေနာက္ ေနာက္ထပ္ ကစားသမားသစ္ေတြ ထပ္မေခၚပဲ ေရာင္းခ်ဖို႔သာ စဥ္းစား ခဲ့တာေၾကာင့္ အက္သလက္တီကို ကြင္းလယ္လူေသာမတ္စ္ပါေတးကို အာဆင္နယ္ထံ လက္လႊတ္ခဲ့တာျဖစ္တယ္လို႔ အေၾကာင္းျပ ခဲ့ပါတယ္။

ျပင္သစ္ ကပၸတိန္ေဟာင္းနဲ႔ လက္ရွိ နည္းျပ ျဖစ္တဲ့ မစ္ခ်ယ္ ပလာတီနီက ယူကရိန္းနဲ႔ ေျခစမ္းပြဲမတိုင္ခင္ အိုလီဗီယာ ဂ်ီ႐ူးကို ေထာက္ခံ အားေပးခဲ့ၿပီး ခ်ယ္ဆီး တိုက္စစ္မႉးဟာ ျပင္သစ္တိုက္စစ္ေၾကာင္းကို ဦးေဆာင္ႏိုင္တဲ့ အရည္အခ်င္းရွိတယ္လို႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။