ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (06/10/20)

သောမတ်စ်ပါတေးဟာ အာဆင်နယ်ကို ပေါင် ၄၅သန်း နဲ့ ပြောင်းရွှေ့ခဲ့တဲ့နောက် နည်းပြ အာတီတာက ဝမ်းမြောက်နေပြီး ကွင်းလယ်လူဟာ နှစ်များစွာ လာလီဂါနဲ့ ချန်ပီယံလိဂ်ရဲ့ အမြင့်ဆုံးအဆင့်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ထိပ်တန်းကလပ်ကနေ အတွေ့အကြုံများစွာ ယူဆောင်လာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

အာဆင်နယ် အနေနဲ့ ကစားသမားသစ် သောမတ်စ်ပါတေးရဲ့ အကောင်းဆုံးပုံစံ ရရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိပြီးသားဖြစ်တယ်လို့ အားကစား ဒါရိုက်တာ အီဒူး က ပြောဆိုခဲ့ပါတယ်။ သူဟာကွင်းတွင်းကွင်းပြင်ပ ခေါင်းဆောင် တစ်ယောက်ဖြစ်ပြီး ကလပ်က အလိုရှိတဲ့ ကစားသမားမျိုးပါလို့လဲ ချီးကျူးခဲ့ပါသေးတယ်။

ပါတေးဟာ ဂန်းနားတွေနဲ့ ၄နှစ် စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် အသင်းသစ်မှာ ကျောနံပါတ် ၁၈ ကို ဝတ်ဆင်ကစားမှာဖြစ်ပါတယ်။ နောက်ဆုံးအကြိမ် ဒီနံပါတ်ကို ဝတ်ဆင်ခဲ့သူက နာချို့ မွန်ရီးရဲဖြစ်ခဲ့ပြီး သူကတော့ မနှစ်က အမ်းမရိတ်စ်ကနေ မထွက်ခွာခင် အောင်မြင်တဲ့ကစားသမားဘဝ ရရှိခဲ့တာပါ။

ဂွမ်ဒူဇီဟာ ဇွန်လကတည်းက အာဆင်နယ် အတွက် တစ်ပွဲမှ ပါဝင်ကစားပေးခွင့် မရခဲ့သလို သူ့ကို ဒီနွေမှာ ခေါ်ယူဖို့ ဗီလာရီးရဲ၊ ရိုးမားနဲ့ ဗလင်စီယာတို့က ချိတ်ဆက်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ဟယ်သာဘာလင်ထံ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

လူးကပ်စ် တော်ရဲရားဟာ တစ်ရာသီအငှားနဲ့ အက်သလက်တီကိုထံ ပြောင်းရွှေ့နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဥရုဂွေး ကွင်းလယ်လူဟာ အာတီတာ လက်အောက် မျက်နှာသာအပေးမခံခဲ့ရပဲ ရှာကာ၊ ဆီဘယ်လော့နဲ့ အယ်နီနီတို့နောက်ကို ရောက်ခဲ့တဲ့နောက် စပိန်ကလပ်ထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အက်သလက်တီကို နည်းပြ ဆီမြွန်နီက သောမတ်စ်ပါတေးနဲ့အတူ အသင်းကွင်းလယ်ကို တည်ဆောက်ဖို့ စီစဉ်ထားတာဖြစ်ပြီး အာဆင်နယ်ကို သွားမှာ မဟုတ်ဘူးလို့ ထင်ခဲ့ပေမယ့် အာဆင်နယ်က စာချုပ် ဖျက်သိမ်းကြေး ပေါင် ၄၅သန်းကို ပုံပေးပြီး ခေါ်သွားတာကြောင့် ဒေါသထွက် နေခဲ့ပါတယ်။

မနှစ်က အာဆင်နယ် ခေါ်ယူခဲ့ထဲအထဲမှာ အကောင်းဆုံးလုပ်ရပ်က ကလပ်ရဲ့နည်းပြအဖြစ် မီခေးလ် အာတီတာကို ခေါ်ခဲ့တာပဲလို့ ဂျေမီ ရက်နပ်က ယုံကြည်နေပါတယ်။ အာတီတာလက်အောက် အာဆင်နယ်ဟာ ကစားပုံရော ရလဒ်တွေပါ ပြောင်းလဲတိုးတက်လာခဲ့ပြီး အောင်မြင်မှု လမ်းကြောင်းပေါ် စတင်နိုင်ခဲ့တာပါ။

ဂွမ်ဒူဇီ ထွက်ခွာသွားတဲ့နောက် အိုဇေးက သူ့ကို ဂျာမနီမှာ အောင်မြင်စေဖို့ ဆုတောင်းပေးခဲ့သလို ဂွမ်ဒူဇီကလဲ အိုဇေးကို ပြန်လည် ချီးကျူးခဲ့ပြီး အာတီတာဟာ လန်ဒန်မှာရော ကမ္ဘာ့ဘောလုံးလောကမှာပါ အကောင်းဆုံး နံပါတ် ၁၀ ကစားသမားကို မျက်ကွယ်ပြုနေတာဖြစ်တယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

Zawgyi – ေသာမတ္စ္ပါေတးဟာ အာဆင္နယ္ကို ေပါင္ ၄၅သန္း နဲ႔ ေျပာင္းေ႐ႊ႕ခဲ့တဲ့ေနာက္ နည္းျပ အာတီတာက ဝမ္းေျမာက္ေနၿပီး ကြင္းလယ္လူဟာ ႏွစ္မ်ားစြာ လာလီဂါနဲ႔ ခ်န္ပီယံလိဂ္ရဲ႕ အျမင့္ဆုံးအဆင့္မွာ ယွဥ္ၿပိဳင္ခဲ့တ့ဲ ထိပ္တန္းကလပ္ကေန အေတြ႕အႀကဳံမ်ားစြာ ယူေဆာင္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

အာဆင္နယ္ အေနနဲ႔ ကစားသမားသစ္ ေသာမတ္စ္ပါေတးရဲ႕ အေကာင္းဆုံးပုံစံ ရရွိေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာ သိၿပီးသားျဖစ္တယ္လို႔ အားကစား ဒါ႐ိုက္တာ အီဒူး က ေျပာဆိုခဲ့ပါတယ္။ သူဟာကြင္းတြင္းကြင္းျပင္ပ ေခါင္းေဆာင္ တစ္ေယာက္ျဖစ္ၿပီး ကလပ္က အလိုရွိတဲ့ ကစားသမားမ်ိဳးပါလို႔လဲ ခ်ီးက်ဴးခဲ့ပါေသးတယ္။

ပါေတးဟာ ဂန္းနားေတြနဲ႔ ၄ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီးေနာက္ အသင္းသစ္မွာ ေက်ာနံပါတ္ ၁၈ ကို ဝတ္ဆင္ကစားမွာျဖစ္ပါတယ္။ ေနာက္ဆုံးအႀကိမ္ ဒီနံပါတ္ကို ဝတ္ဆင္ခဲ့သူက နာခ်ိဳ႕ မြန္ရီးရဲျဖစ္ခဲ့ၿပီး သူကေတာ့ မႏွစ္က အမ္းမရိတ္စ္ကေန မထြက္ခြာခင္ ေအာင္ျမင္တဲ့ကစားသမားဘဝ ရရွိခဲ့တာပါ။

ဂြမ္ဒူဇီဟာ ဇြန္လကတည္းက အာဆင္နယ္ အတြက္ တစ္ပြဲမွ ပါဝင္ကစားေပးခြင့္ မရခဲ့သလို သူ႔ကို ဒီေႏြမွာ ေခၚယူဖို႔ ဗီလာရီးရဲ၊ ႐ိုးမားနဲ႔ ဗလင္စီယာတို႔က ခ်ိတ္ဆက္ခဲ့ၾကေပမယ့္ ေနာက္ဆုံးမွာေတာ့ ဟယ္သာဘာလင္ထံ အငွားနဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့တာ ျဖစ္ပါတယ္။

လူးကပ္စ္ ေတာ္ရဲရားဟာ တစ္ရာသီအငွားနဲ႔ အက္သလက္တီကိုထံ ေျပာင္းေ႐ႊ႕ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ဥ႐ုေဂြး ကြင္းလယ္လူဟာ အာတီတာ လက္ေအာက္ မ်က္ႏွာသာအေပးမခံခဲ့ရပဲ ရွာကာ၊ ဆီဘယ္ေလာ့နဲ႔ အယ္နီနီတို႔ေနာက္ကို ေရာက္ခဲ့တဲ့ေနာက္ စပိန္ကလပ္ထံ ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့တာပါ။

အက္သလက္တီကို နည္းျပ ဆီႁမြန္နီက ေသာမတ္စ္ပါေတးနဲ႔အတူ အသင္းကြင္းလယ္ကို တည္ေဆာက္ဖို႔ စီစဥ္ထားတာျဖစ္ၿပီး အာဆင္နယ္ကို သြားမွာ မဟုတ္ဘူးလို႔ ထင္ခဲ့ေပမယ့္ အာဆင္နယ္က စာခ်ဳပ္ ဖ်က္သိမ္းေၾကး ေပါင္ ၄၅သန္းကို ပုံေပးၿပီး ေခၚသြားတာေၾကာင့္ ေဒါသထြက္ ေနခဲ့ပါတယ္။

မႏွစ္က အာဆင္နယ္ ေခၚယူခဲ့ထဲအထဲမွာ အေကာင္းဆုံးလုပ္ရပ္က ကလပ္ရဲ႕နည္းျပအျဖစ္ မီေခးလ္ အာတီတာကို ေခၚခဲ့တာပဲလို႔ ေဂ်မီ ရက္နပ္က ယုံၾကည္ေနပါတယ္။ အာတီတာလက္ေအာက္ အာဆင္နယ္ဟာ ကစားပုံေရာ ရလဒ္ေတြပါ ေျပာင္းလဲတိုးတက္လာခဲ့ၿပီး ေအာင္ျမင္မႈ လမ္းေၾကာင္းေပၚ စတင္ႏိုင္ခဲ့တာပါ။

ဂြမ္ဒူဇီ ထြက္ခြာသြားတဲ့ေနာက္ အိုေဇးက သူ႔ကို ဂ်ာမနီမွာ ေအာင္ျမင္ေစဖို႔ ဆုေတာင္းေပးခဲ့သလို ဂြမ္ဒူဇီကလဲ အိုေဇးကို ျပန္လည္ ခ်ီးက်ဴးခဲ့ၿပီး အာတီတာဟာ လန္ဒန္မွာေရာ ကမာၻ႔ေဘာလုံးေလာကမွာပါ အေကာင္းဆုံး နံပါတ္ ၁၀ ကစားသမားကို မ်က္ကြယ္ျပဳေနတာျဖစ္တယ္လို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။