လမ့်တေးကို သွားခွင့်ပြုခဲ့တဲ့ ဖရန့်လမ်းပတ် မှားယွင်းကြောင်း ထောက်ပြလိုက်တဲ့ ချယ်ဆီး ဂန္တဝင်

ချယ်ဆီး ဂန္တဝင် ကစားသမားကြီး ဖြစ်တဲ့ အလန် ဟက်ဆန်ကတော့ ဖရန့်လမ်းပတ်ဟာ ချယ်ဆီးအကယ်ဒမီက တောက်ပတဲ့ လူငယ်ကြယ်ပွင့်လေး လမ့်တေး ကို အသင်းကနေ ထွက်ခွာမယ့် ကိစ္စ ပိတ်ပင်ခဲ့သင့်ပြီး ဘရိုက်တန် အသင်းထံ အပါမခံသင့်ခဲ့ဘူးလို့ ယုံကြည်နေပါတယ်။ ထရစ် လမ့်တေးကို လက်လွှတ်လိုက်တာက လမ်းပတ် အမှား ကျူးလွန်လိုက်တာပဲလို့ ဟက်ဆန်က ထောက်ပြခဲ့ပါတယ်။

လမ့်တေးဟာ ချယ်ဆီး အကယ်ဒမီကနေ အလားအလာကောင်းတဲ့ လူငယ်ကြယ်ပွင့်လေး ဖြစ်ပြီး ပထမအသင်းကြီးမှာ ပါဝင်ကစားခွင့် ရဖို့ ကြိုးစားခဲ့သူပါ။ အသင်းကြီးနဲ့ အတူ ပွဲကစားခွင့် မရလို့ မထွက်ခွာခင်မှာ လောက်လောက်လားလား ပွဲထွက်ခွင့် တစ်ကြိမ်သာ ရရှိခဲ့ပြီးနောက် အသက် ၂၀ အရွယ် လူငယ်လေးဟာ ဘရိုက်တန် အသင်းထံ သွားဖို့ ရွေးချယ်ခဲ့ပါတယ်။

လောလောဆယ်မှာလည်း ဘရိုက်တန်အသင်းနဲ့ အတူ ခြေစွမ်းပြနေပြီ ဖြစ်ပါတယ်။ ဟက်ဆန်ကတော့ လမ့်တေးဟာ အနောက်လန်ဒန်ကလပ်မှာ ကွီတာ၊ ရီစီဂျိမ်းစ်တို့နဲ့ ညာစွန် ခံစစ်နေရာကို စိန်ခေါ်နိုင်တဲ့ အရည်အချင်းကောင်း ရှိတယ်လို့ ယုံကြည်နေပြီး အင်္ဂလန်သား လူငယ်လေးကို လက်လွှတ်လိုက်တာက မေးခွန်းထုတ်ဖွဝ် ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

” ချယ်ဆီးတို့ ဘရိုက်တန်ကို ရောင်းထုတ်လိုက်တဲ့ လူင်ယလေး လမ့်တေးကို ကြည့်မိတော့ ကျနော့်မှာ သူ့ခြေစွမ်းကို အထင်ကြီး သဘောကျမိတယ်။ ကျနော်သာ ဆို သူ့ကို သေချာပေါက် ဆွဲထားမှာ။ အနာဂတ်မှာ လုံး၀ တောက်ပလာမယ့် လူငယ်လေး ဖြစ်တယ်။

လော့ဒေါင်းကာလ အပြီးတည်းက ဘရိုက်တန်မှာ သူက လုံး၀ တောက်ပလာခဲ့တယ်။ ခံစစ်ကနေ တိုက်စစ်ကို ကူးပြောင်းရာမှာ သူက လျင်မြန်လှတယ်။ ဒါဟာ ချယ်ဆီးအသင်းမှာ တကယ်လိုအပ် လစ်ဟာ နေတဲ့ အရည်အချင်း တစ်ခု ဖြစ်တယ်။ ဖရန့်လမ်းပတ် လမ့်တေးကို လက်လွှတ်လိုက်တာတော့ တကယ် မှားတယ်လို့ ကျနော် ထင်တယ်။ ” လို့ ဟက်ဆန်က ပြောဆိုခဲ့ပါတယ်။

လမ့်တေးဟာ အသင်းကြီးမှာ ပွဲထွက်ခွင့် ရဖို့ ခက်ခဲပြီး အခြေအနေ မပေးတာကြောင့် အသင်းပြောင်းဖို့ ကစားသမား ကိုယ်တိုင်ကလည်း တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။ ချယ်ဆီး အနေနဲ့လည်း ကစားသမား သစ်တွေကို ငွေကြေးအင်အားသုံး ခေါ်ယူမှုတွေ ပြုလုပ်ဖို့ ပိုမို အားစိုက်လိုတာကြောင့် လမ့်တေးကို မရမက ထိန်းထားတာမျိုး မလုပ်တော့ဘဲ လက်လွှတ်ခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီး ဂႏၱ၀င္ ကစားသမားၾကီး ျဖစ္တဲ့ အလန္ ဟက္ဆန္ကေတာ့ ဖရန္႔လမ္းပတ္ဟာ ခ်ယ္ဆီးအကယ္ဒမီက ေတာက္ပတဲ့ လူငယ္ၾကယ္ပြင့္ေလး လမ့္ေတး ကို အသင္းကေန ထြက္ခြာမယ့္ ကိစၥ ပိတ္ပင္ခဲ့သင့္ျပီး ဘရိုက္တန္ အသင္းထံ အပါမခံသင့္ခဲ့ဘူးလို႔ ယံုၾကည္ေနပါတယ္။ ထရစ္ လမ့္ေတးကို လက္လႊတ္လိုက္တာက လမ္းပတ္ အမွား က်ဴးလြန္လိုက္တာပဲလို႔ ဟက္ဆန္က ေထာက္ျပခဲ့ပါတယ္။

လမ့္ေတးဟာ ခ်ယ္ဆီး အကယ္ဒမီကေန အလားအလာေကာင္းတဲ့ လူငယ္ၾကယ္ပြင့္ေလး ျဖစ္ျပီး ပထမအသင္းၾကီးမွာ ပါ၀င္ကစားခြင့္ ရဖို႔ ၾကိဳးစားခဲ့သူပါ။ အသင္းၾကီးနဲ႕ အတူ ပြဲကစားခြင့္ မရလို႔ မထြက္ခြာခင္မွာ ေလာက္ေလာက္လားလား ပြဲထြက္ခြင့္ တစ္ၾကိမ္သာ ရရွိခဲ့ျပီးေနာက္ အသက္ ၂၀ အရြယ္ လူငယ္ေလးဟာ ဘရိုက္တန္ အသင္းထံ သြားဖို႔ ေရြးခ်ယ္ခဲ့ပါတယ္။

ေလာေလာဆယ္မွာလည္း ဘရိုက္တန္အသင္းနဲ႕ အတူ ေျခစြမ္းျပေနျပီ ျဖစ္ပါတယ္။ ဟက္ဆန္ကေတာ့ လမ့္ေတးဟာ အေနာက္လန္ဒန္ကလပ္မွာ ကြီတာ၊ ရီစီဂ်ိမ္းစ္တို႕နဲ႕ ညာစြန္ ခံစစ္ေနရာကို စိန္ေခၚနုိင္တဲ့ အရည္အခ်င္းေကာင္း ရွိတယ္လို႔ ယံုၾကည္ေနျပီး အဂၤလန္သား လူငယ္ေလးကို လက္လႊတ္လိုက္တာက ေမးခြန္းထုတ္ဖြဝ္ ျဖစ္တယ္လို႔ ဆိုလိုက္ပါတယ္။

” ခ်ယ္ဆီးတို႔ ဘရိုက္တန္ကို ေရာင္းထုတ္လိုက္တဲ့ လူင္ယေလး လမ့္ေတးကို ၾကည့္မိေတာ့ က်ေနာ့္မွာ သူ႔ေျခစြမ္းကို အထင္ၾကီး သေဘာက်မိတယ္။ က်ေနာ္သာ ဆို သူ႔ကို ေသခ်ာေပါက္ ဆြဲထားမွာ။ အနာဂတ္မွာ လံုး၀ ေတာက္ပလာမယ့္ လူငယ္ေလး ျဖစ္တယ္။

ေလာ့ေဒါင္းကာလ အျပီးတည္းက ဘရိုက္တန္မွာ သူက လံုး၀ ေတာက္ပလာခဲ့တယ္။ ခံစစ္ကေန တိုက္စစ္ကို ကူးေျပာင္းရာမွာ သူက လ်င္ျမန္လွတယ္။ ဒါဟာ ခ်ယ္ဆီးအသင္းမွာ တကယ္လိုအပ္ လစ္ဟာ ေနတဲ့ အရည္အခ်င္း တစ္ခု ျဖစ္တယ္။ ဖရန္႔လမ္းပတ္ လမ့္ေတးကို လက္လႊတ္လိုက္တာေတာ့ တကယ္ မွားတယ္လို႔ က်ေနာ္ ထင္တယ္။ ” လို႔ ဟက္ဆန္က ေျပာဆိုခဲ့ပါတယ္။

လမ့္ေတးဟာ အသင္းၾကီးမွာ ပြဲထြက္ခြင့္ ရဖို႔ ခက္ခဲျပီး အေျခအေန မေပးတာေၾကာင့္ အသင္းေျပာင္းဖို႔ ကစားသမား ကိုယ္တိုင္ကလည္း တြန္းအားေပးခဲ့တာ ျဖစ္ပါတယ္။ ခ်ယ္ဆီး အေနနဲ႕လည္း ကစားသမား သစ္ေတြကို ေငြေၾကးအင္အားသံုး ေခၚယူမႈေတြ ျပဳလုပ္ဖို႔ ပိုမို အားစိုက္လိုတာေၾကာင့္ လမ့္ေတးကို မရမက ထိန္းထားတာမ်ိဳး မလုပ္ေတာ့ဘဲ လက္လႊတ္ခဲ့ပါတယ္။