ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (07/10/20)

မန်ချက်စတာ ယူနိုက်တက်ဟာ ဦးဆောင်နိုင်သူတွေ ကင်းမဲ့နေတာဖြစ်ပြီး ဆိုးလ်ရှားအနေနဲ့ ကစားသမားတွေနဲ့ စကားပြော ဆက်ဆံတဲ့နေရာမှာမှာ သူ့ရဲ့ ညှာတာမှုမရှိတဲ့ ပုံစံကို ပြသဖို့ လိုတယ်လို့ တိုက်စစ်မှူးဟောင်း ဒွိုက်ယော့ခ်က ပြောဆိုခဲ့ပါတယ်။

မနှစ်က နွေရာသီမှာ ယူနိုက်တက်ဟာ မက်ဂွဲရားကို ခေါ်ယူခဲ့တဲ့နောက် ပေါလ်မာဆွန် ပြောခဲ့တဲ့ ဝေဖန်စကားတွေဟာ အခုချိန်မှာ ပြန်ပေါ်ထွက်လာခဲ့ပါတယ်။ သန်း ၈၀ ပေးခေါ်တာက ရယ်စရာ ကောင်းပြီး ဘာ ကောင်းကျိုးမှမရှိဘူးလို့ ပေါလ်က ပြောခဲ့တာက အခုမှန်နေပြီလို့ ပရိသတ်တွေက ထောက်ခံနေတာပါ။

စပါးနဲ့ ပွဲအတွင်း ဗီဒီယိုတစ်ခုမှာ ကွင်းလယ်ဒိုင်က မာရှယ်ကို အနီကဒ်ပြသခဲ့တဲ့အပေါ် ‘လာမယ်လာက အရင်လုပ်တာ’ဆိုပြီး ရက်ရှ်ဖို့ဒ်က စောဒက တက်ခဲ့ပေမယ့် မက်ဂွဲရားကတော့ ဒိုင်ကို ထောက်ခံခဲ့ပြီး ‘လာမယ်လာ မမှားဘူး’ ဆိုကာ ရက်ရှ်ဖို့ဒ်ကို ရန်ပြန်လုပ်ခဲ့တာကြောင့် ပရိသတ်တွေက ဒေါသဖြစ်နေကြပါတယ်။

စမောလင်းကို ရိုးမားထံ ရောင်းချခဲ့တာက ယူနိုက်တက်နဲ့ အက်ဝုဒ်ဝဒ်တို့ အမှား လုပ်ခဲ့တာပဲလို့ အင်္ဂလန်ကြယ်ပွင့်ဟောင်း ပေါလ်ရော်ဘင်ဆန်က ပြောဆိုခဲ့ပါတယ်။ မနှစ်က ရိုးမားမှာ အငှားကစား အောင်မြင်ခဲ့တဲ့ နောက်ခံလူကို ယူနိုက်တက်က ထိန်းသိမ်းခဲ့သင့်တယ်လို့ ရော်ဘင်ဆန်က ယုံကြည်နေတာပါ။

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေဟာ ကာဗာနီကို နံပါတ် ၇ ပေးခဲ့တဲ့အတွက် ဒေါသတကြီး တုံ့ပြန်ခဲ့ကြပြီး ဒီနံပါတ်က ဆန်ချိုအတွက် ဖြစ်ခဲ့သင့်တာလို့ ပြောဆိုနေကြပါတယ်။ ကာဗာနီကို ဂန္တဝင် ကျောနံပါတ် ပေးတာက လေးစားမှုမရှိရာကျသလို စိတ်ပျက်စရာ ကောင်းတယ်လို့ ဝေဖန်နေကြပါတယ်။

ကာဗာနီကတော့ သူ့အနေနဲ့ ယူနိုက်တက်ရဲ့ ဂန္တဝင် ကျောနံပါတ် ၇ကို ဝတ်ဆင်ရတဲ့ တာဝန်အတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောဆိုခဲ့ပါတယ်။ ဘက်ခမ်း၊ ရော်နယ်ဒိုတို့ အောင်မြင်ခဲ့တဲ့ ကျောနံပါတ်ဟာ ဖိအားတွေ အများကြီးရှိနေပေမယ့် အသက်၃၃နှစ်အရွယ် ကစားသမားကတော့ မျှော်လင့်သလို စွမ်းဆောင်ပြနိုင်ဖို့ ယုံကြည်နေတာပါ။

Zawgyi – မန္ခ်က္စတာ ယူႏိုက္တက္ဟာ ဦးေဆာင္ႏိုင္သူေတြ ကင္းမဲ့ေနတာျဖစ္ၿပီး ဆိုးလ္ရွားအေနနဲ႔ ကစားသမားေတြနဲ႔ စကားေျပာ ဆက္ဆံတဲ့ေနရာမွာမွာ သူ႔ရဲ႕ ညႇာတာမႈမရွိတဲ့ ပုံစံကို ျပသဖို႔ လိုတယ္လို႔ တိုက္စစ္မႉးေဟာင္း ဒြိဳက္ေယာ့ခ္က ေျပာဆိုခဲ့ပါတယ္။

မႏွစ္က ေႏြရာသီမွာ ယူႏိုက္တက္ဟာ မက္ဂြဲရားကို ေခၚယူခဲ့တဲ့ေနာက္ ေပါလ္မာဆြန္ ေျပာခဲ့တဲ့ ေဝဖန္စကားေတြဟာ အခုခ်ိန္မွာ ျပန္ေပၚထြက္လာခဲ့ပါတယ္။ သန္း ၈၀ ေပးေခၚတာက ရယ္စရာ ေကာင္းၿပီး ဘာ ေကာင္းက်ိဳးမွမရွိဘူးလို႔ ေပါလ္က ေျပာခဲ့တာက အခုမွန္ေနၿပီလို႔ ပရိသတ္ေတြက ေထာက္ခံေနတာပါ။

စပါးနဲ႔ ပြဲအတြင္း ဗီဒီယိုတစ္ခုမွာ ကြင္းလယ္ဒိုင္က မာရွယ္ကို အနီကဒ္ျပသခဲ့တဲ့အေပၚ ‘လာမယ္လာက အရင္လုပ္တာ’ဆိုၿပီး ရက္ရွ္ဖို႔ဒ္က ေစာဒက တက္ခဲ့ေပမယ့္ မက္ဂြဲရားကေတာ့ ဒိုင္ကို ေထာက္ခံခဲ့ၿပီး ‘လာမယ္လာ မမွားဘူး’ ဆိုကာ ရက္ရွ္ဖို႔ဒ္ကို ရန္ျပန္လုပ္ခဲ့တာေၾကာင့္ ပရိသတ္ေတြက ေဒါသျဖစ္ေနၾကပါတယ္။

စေမာလင္းကို ႐ိုးမားထံ ေရာင္းခ်ခဲ့တာက ယူႏိုက္တက္နဲ႔ အက္ဝုဒ္ဝဒ္တို႔ အမွား လုပ္ခဲ့တာပဲလို႔ အဂၤလန္ၾကယ္ပြင့္ေဟာင္း ေပါလ္ေရာ္ဘင္ဆန္က ေျပာဆိုခဲ့ပါတယ္။ မႏွစ္က ႐ိုးမားမွာ အငွားကစား ေအာင္ျမင္ခဲ့တဲ့ ေနာက္ခံလူကို ယူႏိုက္တက္က ထိန္းသိမ္းခဲ့သင့္တယ္လို႔ ေရာ္ဘင္ဆန္က ယုံၾကည္ေနတာပါ။

မန္ခ်က္စတာ ယူႏိုက္တက္ ပရိသတ္ေတြဟာ ကာဗာနီကို နံပါတ္ ၇ ေပးခဲ့တဲ့အတြက္ ေဒါသတႀကီး တုံ႔ျပန္ခဲ့ၾကၿပီး ဒီနံပါတ္က ဆန္ခ်ိဳအတြက္ ျဖစ္ခဲ့သင့္တာလို႔ ေျပာဆိုေနၾကပါတယ္။ ကာဗာနီကို ဂႏၲဝင္ ေက်ာနံပါတ္ ေပးတာက ေလးစားမႈမရွိရာက်သလို စိတ္ပ်က္စရာ ေကာင္းတယ္လို႔ ေဝဖန္ေနၾကပါတယ္။

ကာဗာနီကေတာ့ သူ႔အေနနဲ႔ ယူႏိုက္တက္ရဲ႕ ဂႏၲဝင္ ေက်ာနံပါတ္ ၇ကို ဝတ္ဆင္ရတဲ့ တာဝန္အတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔ ေျပာဆိုခဲ့ပါတယ္။ ဘက္ခမ္း၊ ေရာ္နယ္ဒိုတို႔ ေအာင္ျမင္ခဲ့တဲ့ ေက်ာနံပါတ္ဟာ ဖိအားေတြ အမ်ားႀကီးရွိေနေပမယ့္ အသက္၃၃ႏွစ္အ႐ြယ္ ကစားသမားကေတာ့ ေမွ်ာ္လင့္သလို စြမ္းေဆာင္ျပႏိုင္ဖို႔ ယုံၾကည္ေနတာပါ။