ယူနိုက်တက် နည်းပြ ဆိုးရှားဟာ ခြေစွမ်း မပြနိုင်တဲ့ အသင်းသားတွေကို တွန်းအားကောင်းတွေ ပေးနိုင်တယ်လို့ ယုံကြည်မှု ရှိရမှာ ဖြစ်ပြီး ကိုယ်ထိလက်ရောက် မဟုတ်တောင် ကစားသမားတွေကို တက်ကြွလာဖို့ ခပ်ကြမ်းကြမ်း ပြောဆို ကိုင်တွယ် သင့်ကြောင်း တိုက်စစ်မှူးဟောင်းကြီး ဒွိုက်ယော့ခ်က တိုက်တွန်းလိုက်ပါတယ်။
သွင်းဂိုးတွေ အတွက် ယူနိုက်တက် မျှော်လင့်တကြီး ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် တိုက်စစ်မှူး ကာဗာနီဟာ အင်္ဂလန် စည်းမျဉ်းများအရ ကွာရန်တင်း ဝင်ရဦးမှာ ဖြစ်လို့ နိုင်ငံတကာ သီတင်းပတ် အပြီး နယူးကာဆယ်နဲ့ ပွဲမှာ ပါဝင်နိုင်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ နွေ အပြောင်းအရွှေ့ အသုံးစရိတ် စာရင်းများ ထွက်ပေါ်လာရာ ယူနိုက်တက်က ပေါင် ၅၄.၄ သန်း သုံးစွဲထားပြီး အဆင့် ၁၀ နေရာမှာ ရှိပါတယ်။ ထိပ်ဆုံးမှာတော့ ချယ်ဆီးက ပေါင် ၂၂၆.၁ သန်း သုံးကာ ပထမနေရာမှာ ရပ်တည်နေပြီး ဒုတိယကတော့ ပေါင် ၁၄၇ သန်းနဲ့ မန်စီးတီး ဖြစ်ပါတယ်။
အပြောင်းအရွှေ့ ပိတ်ရက် မှာ ယူနိုက်တက်တံ ပြောင်းရွှေ့ဖို့ ငြင်းပယ်ခဲ့တဲ့ ဒမ်ဘီလီကို ဘာစီလိုနာက ဒေါသထွက်နေပါတယ်။ ဆန်ချိုကို မရတဲ့ ယူနိုက်တက်က ဒမ်ဘီလီကို အလိုရှိခဲ့ပေမယ့် အပြောင်းအရွှေ့ မအောင်မြင်ခဲ့တာကြောင့် ဘာစီလိုနာအတွက်လဲ မန်းဖစ် ဒီပေးကို မခေါ်ယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့ ဒီနွေမှာ ဆန်ချိုကို မခေါ်ယူနိုင်ခဲ့တာကြောင့် အပြောင်းအရွှေ့ရာသီ ပြန်လည်ဖွင့်လှစ်တဲ့အခါ ပြိုင်ဆိုင်သူတွေနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပြီး လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ ယူနိုက်တက်နဲ့ အပြိုင် ဂျေဒန်ဆန်ချိုကို ကြိုးစားဖို့ ပြင်ဆင်ထားကြပါတယ်။
ယူနိုက်တက်နဲ့ အကြိမ်ကြိမ် ညှိနှိုင်းမှုတွေ လုပ်ခဲ့ရပြီး အဆုံးမှာတော့ ရိုးမားသို့ ပြောင်းရွှေ့ခွင့် ရတဲ့ အတွက် စိတ်သက်သာရာ ရသွားခဲ့ပြီ ဖြစ်ကြောင်း ခံစစ်မှူး စမောလင်းက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ရိုးမားဟာ စမောလင်း အတွက် ယူရို ၁၅ သန်း ပြောင်းရွှေ့ကြေး ပေးခဲ့ရပါတယ်။
Zawgyi – ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ ေျခစြမ္း မျပနိုင္တဲ့ အသင္းသားေတြကို တြန္းအားေကာင္းေတြ ေပးနုိင္တယ္လို႔ ယံုၾကည္မႈ ရွိရမွာ ျဖစ္ျပီး ကိုယ္ထိလက္ေရာက္ မဟုတ္ေတာင္ ကစားသမားေတြကို တက္ၾကြလာဖို႔ ခပ္ၾကမ္းၾကမ္း ေျပာဆို ကိုင္တြယ္ သင့္ေၾကာင္း တိုက္စစ္မွွဴးေဟာင္းၾကီး ဒြိဳက္ေယာ့ခ္က တိုက္တြန္းလိုက္ပါတယ္။
သြင္းဂိုးေတြ အတြက္ ယူနိုက္တက္ ေမွ်ာ္လင့္တၾကီး ေခၚယူခဲ့တာ ျဖစ္ေပမယ့္ တိုက္စစ္မွဴး ကာဗာနီဟာ အဂၤလန္ စည္းမ်ဥ္းမ်ားအရ ကြာရန္တင္း ၀င္ရဦးမွာ ျဖစ္လို႔ နုိင္ငံတကာ သီတင္းပတ္ အျပီး နယူးကာဆယ္နဲ႕ ပြဲမွာ ပါ၀င္နုိင္ဦးမွာ မဟုတ္ဘူးလို႔ သိရပါတယ္။
ပရီးမီးယားလိဂ္ ကလပ္အသင္းေတြရဲ႕ ေႏြ အေျပာင္းအေရႊ႕ အသံုးစရိတ္ စာရင္းမ်ား ထြက္ေပၚလာရာ ယူနိုက္တက္က ေပါင္ ၅၄.၄ သန္း သံုးစြဲထားျပီး အဆင့္ ၁၀ ေနရာမွာ ရွိပါတယ္။ ထိပ္ဆံုးမွာေတာ့ ခ်ယ္ဆီးက ေပါင္ ၂၂၆.၁ သန္း သံုးကာ ပထမေနရာမွာ ရပ္တည္ေနျပီး ဒုတိယကေတာ့ ေပါင္ ၁၄၇ သန္းနဲ႕ မန္စီးတီး ျဖစ္ပါတယ္။
အေျပာင္းအေရႊ႕ ပိတ္ရက္ မွာ ယူႏိုက္တက္တံ ေျပာင္းေ႐ႊ႕ဖို႔ ျငင္းပယ္ခဲ့တဲ့ ဒမ္ဘီလီကို ဘာစီလိုနာက ေဒါသထြက္ေနပါတယ္။ ဆန္ခ်ိဳကို မရတဲ့ ယူႏိုက္တက္က ဒမ္ဘီလီကို အလိုရွိခဲ့ေပမယ့္ အေျပာင္းအေ႐ႊ႕ မေအာင္ျမင္ခဲ့တာေၾကာင့္ ဘာစီလိုနာအတြက္လဲ မန္းဖစ္ ဒီေပးကို မေခၚယူႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။
ယူႏိုက္တက္အေနနဲ႔ ဒီေႏြမွာ ဆန္ခ်ိဳကို မေခၚယူႏိုင္ခဲ့တာေၾကာင့္ အေျပာင္းအေ႐ႊ႕ရာသီ ျပန္လည္ဖြင့္လွစ္တဲ့အခါ ၿပိဳင္ဆိုင္သူေတြနဲ႔ ရင္ဆိုင္ရေတာ့မွာျဖစ္ၿပီး လီဗာပူးနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ဟာ ယူႏိုက္တက္နဲ႔ အၿပိဳင္ ေဂ်ဒန္ဆန္ခ်ိဳကို ႀကိဳးစားဖို႔ ျပင္ဆင္ထားၾကပါတယ္။
ယူနိုက္တက္နဲ႕ အၾကိမ္ၾကိမ္ ညွိနိႈင္းမႈေတြ လုပ္ခဲ့ရျပီး အဆံုးမွာေတာ့ ရိုးမားသို႔ ေျပာင္းေရႊ႕ခြင့္ ရတဲ့ အတြက္ စိတ္သက္သာရာ ရသြားခဲ့ျပီ ျဖစ္ေၾကာင္း ခံစစ္မွဴး စေမာလင္းက ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။ ရိုးမားဟာ စေမာလင္း အတြက္ ယူရို ၁၅ သန္း ေျပာင္းေရႊ႕ေၾကး ေပးခဲ့ရပါတယ္။