ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (07/10/20)

ချယ်ဆီး ကစားသမားသစ် မာလန်ဆားဟာ ပေါ်တိုထံ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ဆားဟာ ပေါ်တူဂီ ချန်ပီယံတွေနဲ့အတူ ချန်ပီယံလိဂ် ကစားခွင့်ရမှာဖြစ်ပြီး ထိပ်တန်း အဆင့်မှာ အတွေ့အကြုံတွေ ပိုရရှိတော့မှာပဲ ဖြစ်ပါတယ်။

ချယ်ဆီး တိုက်စစ်မှူး ဂျီရူးဟာ နောက်၂နှစ်၊ ၃နှစ်အတွင်း ကလပ်ကို စွန့်ခွာပြီးရင် မေဂျာလိဂ်မှာ သွားကစားဖို့ မျှော်လင့်နေပါတယ်။ အသက် ၃၄နှစ်အရွယ် ပြင်သစ်သားဟာ ကစားသမားဘဝ အဆုံးသတ်နား နီးလာပြီဖြစ်ပေမယ့် အခုချိန်မှာတော့ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ဆက်နေဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ကီပါဟာ အကောင်း ဆုံးအနေအထားမှာ လက်စွမ်း တည်ငြိမ်မှုမရှိခဲ့ပဲ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ နံပါတ်တစ် ဂိုးသမားဖြစ်ဖို့ လမ်းပတ်ရဲ့ ယုံကြည်မှုရအောင် မဆွဲဆောင်နိုင်ခဲ့ပေမယ့် အပြောင်းအရွှေ့ကာလမှာ ဘယ်ကိုမှ အငှား ချမခံခဲ့ရတဲ့နောက် ကလပ်မှာ သူ့နေရာကို ပြန်ယူနိုင်ဖို့ ယုံကြည်နေပါတယ်။

ချယ်ဆီး လူငယ်ကြယ်ပွင့် ဂျိတ်ကလတ် ဆဲလ်တာဟာ ချန်ပီယံရှစ်ကလပ်ထံ အငှားပြောင်းရွှေ့ရဖို့ ရှိနေပါတယ်။ မနှစ်က သူ အငှားကစားခဲ့တဲ့ ဘာမင်ဂမ်စီးတီးဟာ သူ့ကို ထပ်မံ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ၁၀ ယောက်တောင် ခေါ်ယူခဲ့ပြီးဖြစ်လို့ ကလတ်ဆဲလ်တာအနေနဲ့ ဘယ်ကိုသွားရမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

ချယ်ဆီးဟာ ဥရောပ နွေအပြောင်းအရွှေ့အတွင်း ရောင်းထုတ်မှု မလုပ်နိုင်ခဲ့တဲ့နောက် အောက်တိုဘာ ၁၆ မတိုင်ခင်အထိ ချန်ပီယံရှစ် ကလပ်တွေနဲ့ အရောင်းအဝယ် လုပ်နိုင်နေဆဲ ဖြစ်သလို ရူဒီဂါအနေနဲ့ အဆင့်နိမ့် လိဂ်က ကလပ်တွေထံ ပြောင်းရွှေ့ရနိုင်ပါတယ်။

ချန်ပီယံရှစ် ကလပ်တွေဖြစ်တဲ့ မစ်ဒယ်ဘရော့နဲ့ ဝက်ဖို့ဒ်တို့ဟာ ချယ်ဆီးထံကနေ အဒယ် ဘာဘာ ရာမန်ကို တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့ကမ်းလှမ်းမှုတွေ လုပ်ခဲ့ပါတယ်။ ၂၀၁၅ မှာ ပေါင်၁၄သန်းနဲ့ ခေါ်ယူခဲ့ရတဲ့ ဂါနာကြယ်ပွင့်ဟာ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ရုန်းကန်ခဲ့ရတဲ့နောက် လေးကြိမ် အငှားထွက် ကစားခဲ့ရပြီး ဖြစ်ပါတယ်။

ဘာကာယိုကိုဟာ နာပိုလီထံ အငှားမပြောင်းရွှေ့ခင် အေစီမီလန်နဲ့ ကာလရှည်ကြာ သတင်းထွက်နေခဲ့တာဖြစ်ပေမယ့် ရိတ်ဒ် ကရုနစ် ထွက်ခွာတဲ့အထိ စောင့်ပေးဖို့ မီလန်ကလပ်က တောင်းဆိုခဲ့ပြီး အချိန်ဆွဲ ခဲ့ပေမယ့် ဘာမှဖြစ်မလာခဲ့တာကြောင့် စိတ်ပျက် ဒေါသထွက်နေခဲ့ပါတယ်။

ချယ်ဆီးဟာ ဒီနွေမှာ ဒီကလန်ရိုက်စ်ကို မခေါ်ယူနိုင်ခဲ့ပေမယ့် နောက်နှစ်မှာတော့ ထပ်မံ ကြိုးစားလုပ်ဆောင်ဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။ ရိုက်စ်အနေနဲ့ ဆက်လက် တိုးတက်လာနေရင် ဝက်စ်ဟမ်းအတွက် အပြောင်းအရွှေ့ကာလ ဖွင့်လှစ်တိုင်း သူ့ကို ဆက် ထိန်းသိမ်းနိုင်ဖို့ တိုက်ပွဲဝင်နေရမှာဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီး ကစားသမားသစ္ မာလန္ဆားဟာ ေပၚတိုထံ တစ္ရာသီအငွားနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ေၾကာင္း အတည္ျပဳခဲ့ပါတယ္။ ဆားဟာ ေပၚတူဂီ ခ်န္ပီယံေတြနဲ႔အတူ ခ်န္ပီယံလိဂ္ ကစားခြင့္ရမွာျဖစ္ၿပီး ထိပ္တန္း အဆင့္မွာ အေတြ႕အႀကဳံေတြ ပိုရရွိေတာ့မွာပဲ ျဖစ္ပါတယ္။

ခ်ယ္ဆီး တိုက္စစ္မႉး ဂ်ီ႐ူးဟာ ေနာက္၂ႏွစ္၊ ၃ႏွစ္အတြင္း ကလပ္ကို စြန္႔ခြာၿပီးရင္ ေမဂ်ာလိဂ္မွာ သြားကစားဖို႔ ေမွ်ာ္လင့္ေနပါတယ္။ အသက္ ၃၄ႏွစ္အ႐ြယ္ ျပင္သစ္သားဟာ ကစားသမားဘဝ အဆုံးသတ္နား နီးလာၿပီျဖစ္ေပမယ့္ အခုခ်ိန္မွာေတာ့ စတန္းဖို႔ဒ္ဘရစ္ခ္်မွာ ဆက္ေနဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။

ကီပါဟာ အေကာင္း ဆုံးအေနအထားမွာ လက္စြမ္း တည္ၿငိမ္မႈမရွိခဲ့ပဲ စတန္းဖို႔ဒ္ဘရစ္ခ္်မွာ နံပါတ္တစ္ ဂိုးသမားျဖစ္ဖို႔ လမ္းပတ္ရဲ႕ ယုံၾကည္မႈရေအာင္ မဆြဲေဆာင္ႏိုင္ခဲ့ေပမယ့္ အေျပာင္းအေ႐ႊ႕ကာလမွာ ဘယ္ကိုမွ အငွား ခ်မခံခဲ့ရတဲ့ေနာက္ ကလပ္မွာ သူ႔ေနရာကို ျပန္ယူႏိုင္ဖို႔ ယုံၾကည္ေနပါတယ္။

ခ်ယ္ဆီး လူငယ္ၾကယ္ပြင့္ ဂ်ိတ္ကလတ္ ဆဲလ္တာဟာ ခ်န္ပီယံရွစ္ကလပ္ထံ အငွားေျပာင္းေ႐ႊ႕ရဖို႔ ရွိေနပါတယ္။ မႏွစ္က သူ အငွားကစားခဲ့တဲ့ ဘာမင္ဂမ္စီးတီးဟာ သူ႔ကို ထပ္မံ ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ ၁၀ ေယာက္ေတာင္ ေခၚယူခဲ့ၿပီးျဖစ္လို႔ ကလတ္ဆဲလ္တာအေနနဲ႔ ဘယ္ကိုသြားရမလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။

ခ်ယ္ဆီးဟာ ဥေရာပ ေႏြအေျပာင္းအေ႐ႊ႕အတြင္း ေရာင္းထုတ္မႈ မလုပ္ႏိုင္ခဲ့တဲ့ေနာက္ ေအာက္တိုဘာ ၁၆ မတိုင္ခင္အထိ ခ်န္ပီယံရွစ္ ကလပ္ေတြနဲ႔ အေရာင္းအဝယ္ လုပ္ႏိုင္ေနဆဲ ျဖစ္သလို ႐ူဒီဂါအေနနဲ႔ အဆင့္နိမ့္ လိဂ္က ကလပ္ေတြထံ ေျပာင္းေ႐ႊ႕ရႏိုင္ပါတယ္။

ခ်န္ပီယံရွစ္ ကလပ္ေတြျဖစ္တဲ့ မစ္ဒယ္ဘေရာ့နဲ႔ ဝက္ဖို႔ဒ္တို႔ဟာ ခ်ယ္ဆီးထံကေန အဒယ္ ဘာဘာ ရာမန္ကို တစ္ရာသီအငွားနဲ႔ ေခၚယူဖို႔ကမ္းလွမ္းမႈေတြ လုပ္ခဲ့ပါတယ္။ ၂၀၁၅ မွာ ေပါင္၁၄သန္းနဲ႔ ေခၚယူခဲ့ရတဲ့ ဂါနာၾကယ္ပြင့္ဟာ စတန္းဖို႔ဒ္ဘရစ္ခ္်မွာ ႐ုန္းကန္ခဲ့ရတဲ့ေနာက္ ေလးႀကိမ္ အငွားထြက္ ကစားခဲ့ရၿပီး ျဖစ္ပါတယ္။

ဘာကာယိုကိုဟာ နာပိုလီထံ အငွားမေျပာင္းေ႐ႊ႕ခင္ ေအစီမီလန္နဲ႔ ကာလရွည္ၾကာ သတင္းထြက္ေနခဲ့တာျဖစ္ေပမယ့္ ရိတ္ဒ္ က႐ုနစ္ ထြက္ခြာတဲ့အထိ ေစာင့္ေပးဖို႔ မီလန္ကလပ္က ေတာင္းဆိုခဲ့ၿပီး အခ်ိန္ဆြဲ ခဲ့ေပမယ့္ ဘာမွျဖစ္မလာခဲ့တာေၾကာင့္ စိတ္ပ်က္ ေဒါသထြက္ေနခဲ့ပါတယ္။

ခ်ယ္ဆီးဟာ ဒီေႏြမွာ ဒီကလန္႐ိုက္စ္ကို မေခၚယူႏိုင္ခဲ့ေပမယ့္ ေနာက္ႏွစ္မွာေတာ့ ထပ္မံ ႀကိဳးစားလုပ္ေဆာင္ဖို႔ ေမွ်ာ္လင့္ေနဆဲ ျဖစ္ပါတယ္။ ႐ိုက္စ္အေနနဲ႔ ဆက္လက္ တိုးတက္လာေနရင္ ဝက္စ္ဟမ္းအတြက္ အေျပာင္းအေ႐ႊ႕ကာလ ဖြင့္လွစ္တိုင္း သူ႔ကို ဆက္ ထိန္းသိမ္းႏိုင္ဖို႔ တိုက္ပြဲဝင္ေနရမွာျဖစ္ပါတယ္။