ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (07/10/20)

ဂန်းနား ကစားသမားသစ် သောမတ်စ်ပါတေးဟာ အင်္ဂလန်မှာ အသားကျဖို့ အချိန်အနည်းငယ် လိုအပ်မှာဖြစ်ပေမယ့် သူက အာတီတာ လုပ်ဖို့ ကြိုးစားနေတဲ့ အရာအတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှုဖြစ်တယ်ဆိုတာ သက်သေပြလိမ့်မယ်လို့ အေဗရမ်ဂရန့်က ပြောဆိုခဲ့ပါတယ်။

လူးကပ် တော်ရဲရားဟာ အာဆင်နယ်က ထွက်ခွာသွားခဲ့ပြီးနောက် သောမတ်စ်ပါတေးကို ကံကောင်းစေဖို့ ဆုတောင်းပေးခဲ့ပြီး ဂန်းနားတွေဟာ အမ်းမရိတ်စ်မှာ အက်သလက်တီကို ကွင်းလယ်ကစားသမားဟောင်းကို သိပ်ကောင်းကောင်း ဆက်ဆံလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

မစ်ကယ်အာတီတာဟာ ပါတေးကို ခေါ်ယူခဲ့ပြီးနောက် ၄-၃-၃ ကစားကွက်ကို ပြောင်းလဲဖို့ ရှိနေပါတယ်။ သူဟာ ၃-၄-၃ ကစားကွက်ကို အများဆုံး သုံးခဲ့ပေမယ့် ပါတေးက ရှာကာ၊ ဆီဘယ်လော့တို့နဲ့အတူ box-to-box ကစားပြီး ခံစစ်ရောတိုက်စစ်မှာပါ ကူညီမှာဖြစ်သလို ၄-၃-၃ ပုံစံက ပိုမိုသင့်တော်မယ်လို့ လန်ဒန်သတင်းတွေက ထောက်ပြနေပါတယ်။

အာဆင်နယ်ဟာ နွေကာလအတွင်း ဝီလီယံ ဆလီဘာကို စိန့်အက်တီယန်ထံ အငှားချဖို့ လက်ခံခဲ့ပေမယ့် ကစားသမားကိုယ်တိုင် အလိုရှိနေသည့်တိုင် အပြောင်းအရွှေ့ကို အချိန်မီ မလုပ်ဆောင်နိုင်ခဲ့တာကြောင့် လီဂူးဝမ်းကလပ်က စိတ်ပျက်နေခဲ့ပါတယ်။

ဂိုးသမား ဒေးဗစ်ရာယာဟာ နောက်နွေရာသီအတွက် ဘရန့်ဖို့ဒ်နဲ့ စာချုပ်သစ် ချုပ်ဆိုရာမှာ စာချုပ်ဖျက်သိမ်းကြေးပါဝင်နေပေမယ့် အာဆင်နယ်က သူ့ကို စိတ်ဝင်စားနေဆဲဖြစ်ပြီး အနာဂတ်မှာ စပိန်သားဂိုးသမားကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေဆဲဖြစ်ပါတယ်။

အာဆင်နယ် လာဘ်ကောင် Gunnersaurus ကို တာဝန်ကနေ ရပ်စဲခဲ့တဲ့အပေါ် အိုဇေးက စိတ်မကောင်းဖြစ်ပြီး သူအာဆင်နယ်မှာ ကစားနေသရွေ့ လာဘ်ကောင်အတွက် လစာကို ပေးမှာဖြစ်ကြောင်း ကမ်းလှမ်းခဲ့တဲ့နောက် အာဆင်နယ်က လာဘ်ကောင်ကို အပြီး အလုပ်ထုတ်တာမဟုတ်ပဲ ပရိသတ်တွေဝင်ခွင့်ပေးရင် ပြန်ခေါ်မှာပါလို့ ပြောဆိုခဲ့ပါတယ်။

ဒီနွေမှာ စိန့်အက်တီယန်ကို အငှားပြောင်းရွှေ့ဖို့ မအောင်မြင်ခဲ့ပေမယ့် ဝီလီယံ ဆလီဘာဟာ အာဆင်နယ်အသင်းကြီး ကစားဖို့ အတွေ့အကြုံ လိုအပ်နေသေးတာနဲ့အတူ ချန်ပီယံရှစ်ကလပ်ထံ အငှားချခံရနိုင်ဖွယ်ရှိပြီး ဘရန့်ဖို့ဒ်ဟာ ဗဟိုနောက်ခံလူအတွက် ရွေးချယ်စရာ ဖြစ်နိုင်ပါတယ်။

ZAWGYI

ဂန္းနား ကစားသမားသစ္ ေသာမတ္စ္ပါေတးဟာ အဂၤလန္မွာ အသားက်ဖို႔ အခ်ိန္အနည္းငယ္ လိုအပ္မွာျဖစ္ေပမယ့္ သူက အာတီတာ လုပ္ဖို႔ ႀကိဳးစားေနတဲ့ အရာအတြက္ ၿပီးျပည့္စုံတဲ့ ေခၚယူမႈျဖစ္တယ္ဆိုတာ သက္ေသျပလိမ့္မယ္လို႔ ေအဗရမ္ဂရန႔္က ေျပာဆိုခဲ့ပါတယ္။

လူးကပ္ ေတာ္ရဲရားဟာ အာဆင္နယ္က ထြက္ခြာသြားခဲ့ၿပီးေနာက္ ေသာမတ္စ္ပါေတးကို ကံေကာင္းေစဖို႔ ဆုေတာင္းေပးခဲ့ၿပီး ဂန္းနားေတြဟာ အမ္းမရိတ္စ္မွာ အက္သလက္တီကို ကြင္းလယ္ကစားသမားေဟာင္းကို သိပ္ေကာင္းေကာင္း ဆက္ဆံလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

မစ္ကယ္အာတီတာဟာ ပါေတးကို ေခၚယူခဲ့ၿပီးေနာက္ ၄-၃-၃ ကစားကြက္ကို ေျပာင္းလဲဖို႔ ရွိေနပါတယ္။ သူဟာ ၃-၄-၃ ကစားကြက္ကို အမ်ားဆုံး သုံးခဲ့ေပမယ့္ ပါေတးက ရွာကာ၊ ဆီဘယ္ေလာ့တို႔နဲ႔အတူ box-to-box ကစားၿပီး ခံစစ္ေရာတိုက္စစ္မွာပါ ကူညီမွာျဖစ္သလို ၄-၃-၃ ပုံစံက ပိုမိုသင့္ေတာ္မယ္လို႔ လန္ဒန္သတင္းေတြက ေထာက္ျပေနပါတယ္။

အာဆင္နယ္ဟာ ေႏြကာလအတြင္း ဝီလီယံ ဆလီဘာကို စိန႔္အက္တီယန္ထံ အငွားခ်ဖို႔ လက္ခံခဲ့ေပမယ့္ ကစားသမားကိုယ္တိုင္ အလိုရွိေနသည့္တိုင္ အေျပာင္းအေ႐ႊ႕ကို အခ်ိန္မီ မလုပ္ေဆာင္ႏိုင္ခဲ့တာေၾကာင့္ လီဂူးဝမ္းကလပ္က စိတ္ပ်က္ေနခဲ့ပါတယ္။

ဂိုးသမား ေဒးဗစ္ရာယာဟာ ေနာက္ေႏြရာသီအတြက္ ဘရန႔္ဖို႔ဒ္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုရာမွာ စာခ်ဳပ္ဖ်က္သိမ္းေၾကးပါဝင္ေနေပမယ့္ အာဆင္နယ္က သူ႔ကို စိတ္ဝင္စားေနဆဲျဖစ္ၿပီး အနာဂတ္မွာ စပိန္သားဂိုးသမားကို ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနဆဲျဖစ္ပါတယ္။

အာဆင္နယ္ လာဘ္ေကာင္ Gunnersaurus ကို တာဝန္ကေန ရပ္စဲခဲ့တဲ့အေပၚ အိုေဇးက စိတ္မေကာင္းျဖစ္ၿပီး သူအာဆင္နယ္မွာ ကစားေနသေ႐ြ႕ လာဘ္ေကာင္အတြက္ လစာကို ေပးမွာျဖစ္ေၾကာင္း ကမ္းလွမ္းခဲ့တဲ့ေနာက္ အာဆင္နယ္က လာဘ္ေကာင္ကို အၿပီး အလုပ္ထုတ္တာမဟုတ္ပဲ ပရိသတ္ေတြဝင္ခြင့္ေပးရင္ ျပန္ေခၚမွာပါလို႔ ေျပာဆိုခဲ့ပါတယ္။

ဒီေႏြမွာ စိန႔္အက္တီယန္ကို အငွားေျပာင္းေ႐ႊ႕ဖို႔ မေအာင္ျမင္ခဲ့ေပမယ့္ ဝီလီယံ ဆလီဘာဟာ အာဆင္နယ္အသင္းႀကီး ကစားဖို႔ အေတြ႕အႀကဳံ လိုအပ္ေနေသးတာနဲ႔အတူ ခ်န္ပီယံရွစ္ကလပ္ထံ အငွားခ်ခံရႏိုင္ဖြယ္ရွိၿပီး ဘရန႔္ဖို႔ဒ္ဟာ ဗဟိုေနာက္ခံလူအတြက္ ေ႐ြးခ်ယ္စရာ ျဖစ္ႏိုင္ပါတယ္။