ယူနိုက်တက် ဂန္တဝင်ကြီးတွေရဲ့ အငွေ့အသက်တွေပါတဲ့ ကစားသမားသစ်တွေရဲ့ ကျောနံပါတ်များ

ယူနိုက်တက်ဟာ စပါးအသင်းကို ရှုံးနိမ့်တဲ့ ပွဲအပြီးမှာ ရလဒ်ဆိုးကို တုံ့ပြန်တဲ့အနေနဲ့ အပြောင်းအရွှေ့ deadline ရက်အတွင်း ကစားသမားသစ် ၅ ဦးကို ခေါ်ယူမှုတွေ လုပ်ခဲ့တယ်။

ကာဗာနီ၊ တဲလက်စ်၊ ပယ်လီစထရီ၊ ဒီရယ်လိုနဲ့ ဝီလီတို့ကို တရားဝင်စာချုပ် ချုပ်နိုင်ခဲ့ပါတယ်။ အတ္တလန်တာအသင်းမှ အသက် ၁၈ နှစ်အရွယ် အိုင်ဗရီကိုစ့် တိုက်စစ်သမား ဒီရယ်လိုကတော့ ဇန်နဝါရီကျမှသာ အိုးလ်ထရက်ဖို့ဒ်ထံ ရောက်ရှိလာမှာပါ။ ဆိုးချော့အသင်းကနေ ခေါ်ယူခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် နောက်ခံလူ ဝီလီကတော့ လူငယ်အသင်းမှာပဲ ကစားဦးမှာဖြစ်တယ်။

ကာဗာနီက ကျောနံပါတ် ၇၊ တဲလက်စ်က ကျောနံပါတ် ၂၇ နဲ့ ပယ်လီစထရီက ကျောနံပါတ် ၂၈ တို့ကို ဝတ်ဆင်ကစားမှာဖြစ်တယ်။ ဂန္တဝင် ကျောနံပါတ် ၇ ဟာ ယူနိုက်တက်ရဲ့ နာမည်ကျော်စတားတွေ ဝတ်ဆင်ခဲ့တဲ့ နံပါတ်ဖြစ်လို့ အရှိန်အဝါကြီးမားတဲ့ နံပါတ်တစ်ခုလည်း ဖြစ်ပါတယ်။

တဲလက်စ် ဝတ်ဆင်ကစားတဲ့ ကျောနံပါတ်ကို ဂယ်ရီနဗီးနဲ့ မာချီဒါလို ယူနိုက်တက် အကယ်ဒမီထွက်တွေ ဝတ်ဆင်ခဲ့ပါသေးတယ်။ ပယ်လီစထရီ ရွေးတဲ့ ကျောနံပါတ်ကတော့ ပီကေး၊ ဖီးနဗီး၊ အန်ဒါဆန်၊ ဂဘ်ဆန်တို့ ဝတ်ဆင်ခဲ့ဖူးတာပဲ ဖြစ်ပါတယ်။

ပယ်လီစထရီ ကတော့ ‘ မန်နေဂျာရဲ့ ယုံကြည်မှုကို ရတာက အရမ်းကောင်းတဲ့ ခံစားချက်ပါပဲ။ ကျနော်ရဲ့ တိုးတက်မှုအတွက် သူနဲ့ အလုပ်တွဲလုပ်ရတာက ပြီးပြည့်စုံပါလိမ့်မယ်။

ယူနိုက်တက်လို သမိုင်းအစဉ်အလာ ကြီးမားတဲ့ ကလပ်နဲ့ ပူးပေါင်းရတာက အိပ်မက်တွေ အမှန်တကယ် ဖြစ်လာရတာပါ။ Penarol မှာ အများကြီး သင်ယူခဲ့ရပြီး ကျနော်အတွက် သူတို့ လုပ်ပေးခဲ့တာအတွက် ကျေးဇူးတင်ပါတယ် ‘ လို့ ယူနိုက်တက် ဝဘ်ဆိုဒ်ကနေ ပြောဆိုခဲ့တယ်။

နိုင်ငံတကာ သီတင်းပတ် အပြီးမှာတော့ ယူနိုက်တက်ဟာ အောက်တိုဘာ ၁၇ မှာ ပွဲတွေ ပြန်ကစားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ နယူးကာဆယ်နဲ့ ရင်ဆိုင်တွေ့ရမှာပဲဖြစ်ပါတယ်။

ZAWGYI

ယူႏိုက္တက္ဟာ စပါးအသင္းကို ရႈံးနိမ့္တဲ့ ပြဲအျပီးမွာ ရလဒ္ဆိုးကို တုံ႔ျပန္တဲ့အေနနဲ႔ အေျပာင္းအေ႐ႊ႕ deadline ရက္အတြင္း ကစားသမားသစ္ ၅ ဦးကို ေခၚယူမႈေတြ လုပ္ခဲ့တယ္။

ကာဗာနီ၊ တဲလက္စ္၊ ပယ္လီစထရီ၊ ဒီရယ္လိုနဲ႔ ဝီလီတို႔ကို တရားဝင္စာခ်ဳပ္ ခ်ဳပ္ႏိုင္ခဲ့ပါတယ္။ အတၱလန္တာအသင္းမွ အသက္ ၁၈ ႏွစ္အရြယ္ အိုင္ဗရီကိုစ့္ တိုက္စစ္သမား ဒီရယ္လိုကေတာ့ ဇန္နဝါရီက်မွသာ အိုးလ္ထရက္ဖို႔ဒ္ထံ ေရာက္ရွိလာမွာပါ။ ဆိုးေခ်ာ့အသင္းကေန ေခၚယူခဲ့တဲ့ အသက္ ၁၆ ႏွစ္အ႐ြယ္ ေနာက္ခံလူ ဝီလီကေတာ့ လူငယ္အသင္းမွာပဲ ကစားဦးမွာျဖစ္တယ္။

ကာဗာနီက ေက်ာနံပါတ္ ၇၊ တဲလက္စ္က ေက်ာနံပါတ္ ၂၇ နဲ႔ ပယ္လီစထရီက ေက်ာနံပါတ္ ၂၈ တို႔ကို ဝတ္ဆင္ကစားမွာျဖစ္တယ္။ ဂႏၱဝင္ ေက်ာနံပါတ္ ၇ ဟာ ယူႏုိက္တက္ရဲ႕ နာမည္ေက်ာ္စတားေတြ ဝတ္ဆင္ခဲ့တဲ့ နံပါတ္ျဖစ္လို႔ အရွိန္အဝါၾကီးမားတဲ့ နံပါတ္တစ္ခုလည္း ျဖစ္ပါတယ္။

တဲလက္စ္ ဝတ္ဆင္ကစားတဲ့ ေက်ာနံပါတ္ကို ဂယ္ရီနဗီးနဲ႔ မာခ်ီဒါလို ယူႏုိက္တက္ အကယ္ဒမီထြက္ေတြ ဝတ္ဆင္ခဲ့ပါေသးတယ္။ ပယ္လီစထရီ ေရြးတဲ့ ေက်ာနံပါတ္ကေတာ့ ပီေကး၊ ဖီးနဗီး၊ အန္ဒါဆန္၊ ဂဘ္ဆန္တို႔ ဝတ္ဆင္ခဲ့ဖူးတာပဲ ျဖစ္ပါတယ္။

ပယ္လီစထရီ ကေတာ့ ‘ မန္ေနဂ်ာရဲ႕ ယံုၾကည္မႈကို ရတာက အရမ္းေကာင္းတဲ့ ခံစားခ်က္ပါပဲ။ က်ေနာ္ရဲ႕ တိုးတက္မႈအတြက္ သူနဲ႔ အလုပ္တြဲလုပ္ရတာက ျပီးျပည့္စံုပါလိမ့္မယ္။

ယူနုိက္တက္လို သမိုင္းအစဥ္အလာ ၾကီးမားတဲ့ ကလပ္နဲ႔ ပူးေပါင္းရတာက အိပ္မက္ေတြ အမွန္တကယ္ ျဖစ္လာရတာပါ။ Penarol မွာ အမ်ားၾကီး သင္ယူခဲ့ရျပီး က်ေနာ္အတြက္ သူတို႔ လုပ္ေပးခဲ့တာအတြက္ ေက်းဇူးတင္ပါတယ္ ‘ လို႔ ယူႏုိက္တက္ ဝဘ္ဆိုဒ္ကေန ေျပာဆိုခဲ့တယ္။

ႏိုင္ငံတကာ သီတင္းပတ္ အၿပီးမွာေတာ့ ယူႏိုက္တက္ဟာ ေအာက္တိုဘာ ၁၇ မွာ ပြဲေတြ ျပန္ကစားရမွာျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ နယူးကာဆယ္နဲ႔ ရင္ဆိုင္ေတြ႕ရမွာပဲျဖစ္ပါတယ္။