ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (08/10/20)

ဆိုးလ်ရှားဟာဒီနွေမှာ ဆန်ချို၊ ဂျက်ဂရီးလစ်ရှ်၊ နာသန်အကီ၊ အူပါမီကာနိုတို့ကို အလိုရှိခဲ့ပေမယ့် ယူနိုက်တက်က သူ လိုချင်ခဲ့တဲ့ ကစားသမား တစ်ယောက်မှ မခေါ်ပေးနိုင်ခဲ့တာနဲ့အတူ သူတို့ဝယ်ထားတဲ့ ကစားသမားတွေနဲ့ ဘယ်လိုရှေ့ဆက်မလဲဆိုတာအတွက် တိကျတဲ့ ဗျူဟာ ရှိမနေဘူးလို့ သိရပါတယ်။

ကာဗာနီဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ရင် ကစားသမားဘဝကနေ အနားယူမယ့် နေရာကို စီစဉ်ထားပြီးဖြစ်ပြီး ဘိုကာဂျူနီယာအသင်း အတွက် ကစားပေးဖို့ စဉ်းစားထားပေမယ့် တောင်အမေရိကကို အလျင်စလို ပြန်မှာမဟုတ်ဘူး လို့ ဝန်ခံခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီနွေမှာ အူပါမီကာနိုရဲ့ တန်ကြေး ပေါင် သန်း၇၀ ကြောင့် အပြောင်းအရွှေ့ကို အကောင်အထည် မဖော်နိုင်ခဲ့ပေမယ့် နောက်နှစ်မှာ ရက်ဘူးလိုက်ပ်ဇစ်နဲ့ သူ့ရဲ့ စာချုပ်ပါ ဖျက်သိမ်းကြေး အရ ပေါင် ၃၈သန်းလောက်နဲ့ ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။

ကာဗာနီဟာ မန်ချက်စတာမှာ ကွာရန်တင်း ဝင်ရမှာဖြစ်တာကြောင့် ယူနိုက်တက်အတွက် ပွဲဦးထွက် ကစားခွင့်ရဖို့ အချိန်နောက်ကျနိုင်ပါတယ်။ တနင်္ဂနွေနေ့မှာ အင်္ဂလန်ကို သူ ရောက်လာခဲ့ပေမယ့် ကွာရန်တင်း ၁၄ရက် စည်းမျဉ်းကြောင့် နယူးကာဆယ်နဲ့ လိဂ်ပွဲကို လွဲချော်ရမှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အပြောင်းအရွှေ့ နောက်ဆုံးရက် မှာ ပေါ်တိုဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ်ကို မခေါ်ယူနိုင်ခဲ့ရင် ချယ်ဆီးထံကနေ အီမာဆန်ကို ခေါ်ယူဖို့ စီစဉ်ထားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ တဲလက်စ်ကို အချိန်မီခေါ်နိုင်ခဲ့ပြီးတော့ ၄နှစ် စာချုပ် ချုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒို နောက်ပိုင်း ယူနိုက်တက် ခေါ်ယူခဲ့သမျှ တောင်ပံကစားသမား ၁၃ ယောက်ကို အဆင့် သတ်မှတ်ခဲ့ရာ ပတ်ဂျီဆန်က နံပါတ် ၁ နေရာ ရခဲ့ပြီး သူ့နောက်မှာ နာနီ၊ ဟွမ်မာတာ၊ ဗလင်စီယာ၊ အက်ရှ်လေယန်း၊ အမ်ခီတာရန်တို့ ရပ်တည်နေကာ ဆန်းချက်ကတော့ အဆင့် ၁၁ နေရာမှာ ရှိနေခဲ့ပါတယ်။

ရာသီအစ တာထွက် မလှခဲ့တဲ့နောက် ဆိုးလ်ရှားဟာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ ဖိအားတွေ ရှိနေပြီးပိုချက်တီနိုနဲ့ အစားထိုးဖို့ ကောလာဟလတွေ ထွက်နေသလို စပါးနည်းပြဟောင်းဟာ အတော်ဆုံး နည်းပြ တစ်ယောက်ဖြစ်ပေမယ့် ဗန်ဟား၊ မိုယက်စ်၊ မော်ရင်ညိုတို့လို ပြဿနာတွေရှိလာနိုင်တယ်လို့ ဘာဘာတော့ဗ် က သတိပေးခဲ့ပါတယ်။

Zawgyi – ဆိုးလ္ရွားဟာဒီေႏြမွာ ဆန္ခ်ိဳ၊ ဂ်က္ဂရီးလစ္ရွ္၊ နာသန္အကီ၊ အူပါမီကာႏိုတို႔ကို အလိုရွိခဲ့ေပမယ့္ ယူႏိုက္တက္က သူ လိုခ်င္ခဲ့တဲ့ ကစားသမား တစ္ေယာက္မွ မေခၚေပးႏိုင္ခဲ့တာနဲ႔အတူ သူတို႔ဝယ္ထားတဲ့ ကစားသမားေတြနဲ႔ ဘယ္လိုေရွ႕ဆက္မလဲဆိုတာအတြက္ တိက်တဲ့ ဗ်ဴဟာ ရွိမေနဘူးလို႔ သိရပါတယ္။

ကာဗာနီဟာ ယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ရင္ ကစားသမားဘဝကေန အနားယူမယ့္ ေနရာကို စီစဥ္ထားၿပီးျဖစ္ၿပီး ဘိုကာဂ်ဴနီယာအသင္း အတြက္ ကစားေပးဖို႔ စဥ္းစားထားေပမယ့္ ေတာင္အေမရိကကို အလ်င္စလို ျပန္မွာမဟုတ္ဘူး လို႔ ဝန္ခံခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ဒီေႏြမွာ အူပါမီကာႏိုရဲ႕ တန္ေၾကး ေပါင္ သန္း၇၀ ေၾကာင့္ အေျပာင္းအေ႐ႊ႕ကို အေကာင္အထည္ မေဖာ္ႏိုင္ခဲ့ေပမယ့္ ေနာက္ႏွစ္မွာ ရက္ဘူးလိုက္ပ္ဇစ္နဲ႔ သူ႔ရဲ႕ စာခ်ဳပ္ပါ ဖ်က္သိမ္းေၾကး အရ ေပါင္ ၃၈သန္းေလာက္နဲ႔ ေခၚယူႏိုင္ေတာ့မွာျဖစ္ပါတယ္။

ကာဗာနီဟာ မန္ခ်က္စတာမွာ ကြာရန္တင္း ဝင္ရမွာျဖစ္တာေၾကာင့္ ယူႏိုက္တက္အတြက္ ပြဲဦးထြက္ ကစားခြင့္ရဖို႔ အခ်ိန္ေနာက္က်ႏိုင္ပါတယ္။ တနဂၤေႏြေန႔မွာ အဂၤလန္ကို သူ ေရာက္လာခဲ့ေပမယ့္ ကြာရန္တင္း ၁၄ရက္ စည္းမ်ဥ္းေၾကာင့္ နယူးကာဆယ္နဲ႔ လိဂ္ပြဲကို လြဲေခ်ာ္ရမွာျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္ မွာ ေပၚတိုဘယ္ေနာက္ခံလူ အဲလက္စ္ တဲလက္စ္ကို မေခၚယူႏိုင္ခဲ့ရင္ ခ်ယ္ဆီးထံကေန အီမာဆန္ကို ေခၚယူဖို႔ စီစဥ္ထားခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္ဟာ တဲလက္စ္ကို အခ်ိန္မီေခၚႏိုင္ခဲ့ၿပီးေတာ့ ၄ႏွစ္ စာခ်ဳပ္ ခ်ဳပ္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္ဒို ေနာက္ပိုင္း ယူႏိုက္တက္ ေခၚယူခဲ့သမွ် ေတာင္ပံကစားသမား ၁၃ ေယာက္ကို အဆင့္ သတ္မွတ္ခဲ့ရာ ပတ္ဂ်ီဆန္က နံပါတ္ ၁ ေနရာ ရခဲ့ၿပီး သူ႔ေနာက္မွာ နာနီ၊ ဟြမ္မာတာ၊ ဗလင္စီယာ၊ အက္ရွ္ေလယန္း၊ အမ္ခီတာရန္တို႔ ရပ္တည္ေနကာ ဆန္းခ်က္ကေတာ့ အဆင့္ ၁၁ ေနရာမွာ ရွိေနခဲ့ပါတယ္။

ရာသီအစ တာထြက္ မလွခဲ့တဲ့ေနာက္ ဆိုးလ္ရွားဟာ ရာထူးကေန ထုတ္ပယ္ခံရဖို႔ ဖိအားေတြ ရွိေနၿပီးပိုခ်က္တီႏိုနဲ႔ အစားထိုးဖို႔ ေကာလာဟလေတြ ထြက္ေနသလို စပါးနည္းျပေဟာင္းဟာ အေတာ္ဆုံး နည္းျပ တစ္ေယာက္ျဖစ္ေပမယ့္ ဗန္ဟား၊ မိုယက္စ္၊ ေမာ္ရင္ညိဳတို႔လို ျပႆနာေတြရွိလာႏိုင္တယ္လို႔ ဘာဘာေတာ့ဗ္ က သတိေပးခဲ့ပါတယ္။