ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (08/10/20)
ယူနိုက်တက်ဟာ ၎င်းတို့ အသည်းအသန် ကြိုးစားခဲ့တဲ့ ဒေါ့မွန် ကြယ်ပွင့် ဆန်ချို ကို မခေါ်ယူနိုင်ခဲ့တဲ့နောက် ယူနိုက်တက်မှာ ဒန်နီရယ် ဂျိမ်းစ် အနေနဲ့ တစ်ဆင့်တက်လာနိုင်အောင် အားထုတ် ကြိုးစားပြဖို့ ရိုင်ယန်ဂစ် က တိုက်တွန်းလိုက်ပါတယ်။
ပြီးသွားတဲ့ နွေမှာ ယူနိုက်တက် အကြီးအကဲ အက် ဝုဒ်ဝပ်က ယူနိုက်တက် ခံစစ်မှူး ရိုဂျိုရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ ရှိခဲ့ပေမယ့် ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ အာဂျင်တိုင်းသားရဲ့ တစ်ပတ် လုပ်ခက ပေါင် ၈ သန်းလောက် ရှိပြီး ၎င်းကို စိတ်ဝင်စားတဲ့ ကလပ်အသင်းတွေ တူရကီဘက်က ရှိခဲ့ပေမယ့် ပြောင်းရွှေ့ကြေး ပေါင် ၇.၅ သန်းကို ပေးဖို့ မတတ်နိုင်ခဲ့တာကြောင့် အပြောင်းအရွှေ့ မဖြစ်ခဲ့ပါဘူး။
ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ဥရောပမှ ကစားသမားများ ကို ခေါ်ယူခွင့် မရှိတော့ပေမယ့် ဥရောပကလပ်တွေကတော့ ၎င်းတို့ အပြောင်းအရွှေ့ မပိတ်သေးတာကြောင့် ဆက်လက် လှုပ်ရှားနေဆဲ ဖြစ်ကာ ယူနိုက်တက် တိုက်စစ်သမား လင်ဂတ်ကို ပေါ်တို အသင်းက အငှား ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ယူနိုက်တက် အသင်းခေါင်းဆောင် အဖြစ် မက်ဂွဲရား ကို မမြင်ချင်တော့တဲ့ အသင်း ပရိသတ်တွေ များပြားလာနေပြီး အထူးသဖြင့် စပါးနဲ့ ပွဲက အနီကတ်အတွက် ရက်ဖို့ဒ်နဲ့ အပြန်အလှန် ပြောဆိုနေတဲ့ မက်ဂွဲရားရဲ့ ဗီဒီယို ထွက်ပေါ်လာအပြီးမှာ ပိုမို ဆိုးဝါးလာနေပါတယ်။
ကာဗာနီဟာ လေ့ကျင့်ရေးကို အရင်ဆုံးလာ၊ နောက်ဆုံးမှ ပြန်တတ်သူဖြစ်သလို ခရစ္စတီယာနို ရော်နယ်ဒိုလို အလုပ် အရမ်း ကြိုးစားတဲ့အပြင် ကွင်းထဲမှာ သူချည်းပဲကို အစွမ်းပြချင်နေတာပါလို့ နာပိုလီ နည်းပြဟောင်း ဝေါ်တာ မက်ဇာရီက ချီးကျူးပြောဆိုခဲ့ပါတယ်။
ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ ဝင်မယ့် ယူနိုက်တက် အသင်း လူစာရင်းကို နည်းပြ ဆိုးရှားက တင်သွင်းခံပြီ ဖြစ်ရာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဂိုး – ဒီဂီယာ၊ ဒင်း ဟန်ဒါဆန်၊ လီဂရန့်။
ခံစစ် – အဲရစ် ဘိုင်လီ၊ ဖိုဆုမန်ဆာ၊ လင်ဒီလော့ဖ်၊ မက်ဂွဲရား၊ လုခ်ရှော၊ တဲလက်စ်၊ တူရမ်ဇီဘီ၊ ဝမ်ဘစ်ဆာကာ။
ကွင်းလယ် – ဘရူနိုဖာနန်ဒက်စ်၊ ဖရက်၊ ဒန်နီရယ် ဂျိမ်းစ်၊ လင်ဂတ်၊ မာတာ၊ မာတစ်၊ တော်မီနေး၊ ပယ်လစ္စတရီ၊ ပေါ့ဘာ၊ ဗန်ဒီဘိခ်။
တိုက်စစ် – ကာဗာနီ၊ အစ်ဟာလို၊ မာရှယ်၊ မားကပ် ရက်ဖို့ဒ်။
Zawgyi – ယူနိုက်တက်ဟာ ၄င်းတို့ အသည်းအသန် ကြိုးစားခဲ့တဲ့ ဒေါ့မွန် ကြယ်ပွင့် ဆန်ချို ကို မခေါ်ယူနိုင်ခဲ့တဲ့နောက် ယူနိုက်တက်မှာ ဒန်နီရယ် ဂျိမ်းစ် အနေနဲ့ တစ်ဆင့်တက်လာနိုင်အောင် အားထုတ် ကြိုးစားပြဖို့ ရိုင်ယန်ဂစ် က တိုက်တွန်းလိုက်ပါတယ်။
ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ဥရောပမှ ကစားသမားများ ကို ခေါ်ယူခွင့် မရှိတော့ပေမယ့် ဥရောပကလပ်တွေကတော့ ၄င်းတို့ အပြောင်းအရွှေ့ မပိတ်သေးတာကြောင့် ဆက်လက် လှုပ်ရှားနေဆဲ ဖြစ်ကာ ယူနိုက်တက် တိုက်စစ်သမား လင်ဂတ်ကို ပေါ်တို အသင်းက အငှား ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။