ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (08/10/20)

ဂျီရူးဟာ ယူကရိန်းကို ၇-၁နဲ့နို င်ခဲ့တဲ့ ခြေစမ်းပွဲမှာ ၂ဂိုးသွင်းနိုင်ခဲ့တဲ့နောက် နိုင်ငံအသင်း ကစားသမားဘဝ သွင်းဂိုး ၄၂ဂိုးရှိခဲ့ပြီဖြစ်ပြီး ပလာတီနီကိုကျော်ကာ ပြင်သစ်ရဲ့ ထာဝရ ထိပ်တန်း ဂိုးသွင်းရှင် စာရင်းမှာ ဒုတိယ နေရာ ရခဲ့ပါတယ်။

ကီပါဟာ ပေါ်တူဂီနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲမှာ စပိန်အသင်းဂိုးပေါက်ကို တာဝန်ယူခဲ့တာဖြစ်ပြီး လက်စွမ်းကောင်းတွေ ပြသခဲ့သလို တည်ကန်ဘောအနည်းငယ်နဲ့ ထရင်ကာအိုရဲ့ နောက်ကျကန်ချက်ကို ကာကွယ်နိုင်ခဲ့ကာ ယုံကြည်မှုတွေ ပြန်ရလာခဲ့ပါတယ်။

ချယ်ဆီးကြယ်ပွင့် ကိုင်ဟားဗတ်ဟာ ကနဦးမှာ ရုန်းကန်ခဲ့ရပေမယ့် တစ်ပွဲပြီးတစ်ပွဲ ပိုကောင်းလာခဲ့သလို တူရကီနဲ့ ၃ဂိုးစီ သရေကျခဲ့တဲ့ ခြေစမ်းပွဲမှာလဲ ဂျာမနီအသင်းအတွက် ၂ဂိုး ဖန်တီးပေးခဲ့သလို ချယ်ဆီး ပရိသတ်တွေကတော့ သဘောကျနေကြပါတယ်။

လမ်းပတ်ဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်အတွက် ၂၅ယောက် လူစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ဗစ်တာမော့ဆက်နဲ့ ဒရင့်ဝါးတားတို့ကို ချန်လှပ်ထားခဲ့ပါတယ်။ ၎င်းတို့နှစ်ယောက်ဟာ ဒီနွေမှာ အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်ခဲ့ပေမယ့် မအောင်မြင်ခဲ့သလို ချယ်ဆီးမှာလဲ နေရာမရဘဲ ဖြစ်နေပါတယ်။

အန်တိုနီယို ရူဒီဂါဟာ ဒီနွေမှာ ချယ်ဆီးကိုစွန့်ခွာဖို့ အစွမ်းကုန်ကြိုးစားခဲ့တယ်လို့ ဂျာမနီနည်းပြ ဂျိုအာချင်လိုက ဆိုပါတယ်။ နောက်ခံလူဟာ ရာသီအဖွင့်ပွဲကစလို့ တစ်ပွဲမှ မပါဝင်ခဲ့သလို စပါး၊ ပီအက်စ်ဂျီ၊ ဝက်စ်ဟမ်းတို့ရဲ့ စိတ်ဝင်စားမှုကိုရခဲ့ပြီး ဇန်နဝါရီမှာတော့ အသင်းပြောင်းရွှေ့နိုင်ဖို့ ဂျိုအာချင်လိုက မျှော်လင့်နေပါတယ်။

ရူဒီဂါလိုပဲ တိုမိုရီဟာလဲ လမ်းပတ်လက်အောက် နေရာရဖို့ တိုက်ပွဲဝင်ချင်တာကြောင့် ဒီနွေမှာ အဲဗာတန်ကိုပြောင်းရွှေ့ဖို့ ငြင်းခဲ့ပေမယ့် ချယ်ဆီးမှာ ပုံမှန်ကစားချိန်မရရင် ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားတော့မှာ ဖြစ်ပါတယ်။

ချယ်ဆီးနဲ့ ဂျူဗင်တပ်တို့ဟာ ဒီနွေမှာ ဂျော်ဂျင်ဟိုနဲ့ ပီယာနစ်ကို အလဲအထပ် လုပ်ဖို့ နီးစပ်ခဲ့တယ်လို့သိရပါတယ်။ အီတလီသားက ဒီအပြောင်းအရွှေ့ကို လက်ခံခဲ့ပေမယ့် အဆုံးသတ်မှာတော့ ပီယာနစ်က ဘာစီလိုနာကို ရွေးချယ်ခဲ့တာကြောင့် ဂျူဗီက အာသာနဲ့ လဲလှယ်ခဲ့ရတာပါ။

ချယ်ဆီးက အိုဒွိုင်းကို ဘိုင်ယန်ထံ အငှားချမယ့် စာချုပ်မှာ သတ်မှတ်ချက်များစွာ ထည့်သွင်းဖို့ အလိုရှိခဲ့ပြီး သူ့အနေနဲ့ ဂျာမန်မှာ လုံလောက်တဲ့ ပွဲကစားချိန်မရရင် ပြစ်ဒဏ်ကြေး ပေးရမှာဖြစ်သလို သတ်မှတ်ထားတဲ့ ပွဲအရေအတွက် ရောက်ခဲ့ရင်လဲ ပေါင် သန်း ၇၀နဲ့ ဝယ်ယူဖို့ တောင်းဆိုခဲ့တာကြောင့် ဘိုင်ယန်က လက်လျှော့ခဲ့တာပါ။

Zawgyi – ဂ်ီ႐ူးဟာ ယူကရိန္းကို ၇-၁နဲ႔ႏို င္ခဲ့တဲ့ ေျခစမ္းပြဲမွာ ၂ဂိုးသြင္းႏိုင္ခဲ့တဲ့ေနာက္ ႏိုင္ငံအသင္း ကစားသမားဘဝ သြင္းဂိုး ၄၂ဂိုးရွိခဲ့ၿပီျဖစ္ၿပီး ပလာတီနီကိုေက်ာ္ကာ ျပင္သစ္ရဲ႕ ထာဝရ ထိပ္တန္း ဂိုးသြင္းရွင္ စာရင္းမွာ ဒုတိယ ေနရာ ရခဲ့ပါတယ္။

ကီပါဟာ ေပၚတူဂီနဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ပြဲမွာ စပိန္အသင္းဂိုးေပါက္ကို တာဝန္ယူခဲ့တာျဖစ္ၿပီး လက္စြမ္းေကာင္းေတြ ျပသခဲ့သလို တည္ကန္ေဘာအနည္းငယ္နဲ႔ ထရင္ကာအိုရဲ႕ ေနာက္က်ကန္ခ်က္ကို ကာကြယ္ႏိုင္ခဲ့ကာ ယုံၾကည္မႈေတြ ျပန္ရလာခဲ့ပါတယ္။

ခ်ယ္ဆီးၾကယ္ပြင့္ ကိုင္ဟားဗတ္ဟာ ကနဦးမွာ ႐ုန္းကန္ခဲ့ရေပမယ့္ တစ္ပြဲၿပီးတစ္ပြဲ ပိုေကာင္းလာခဲ့သလို တူရကီနဲ႔ ၃ဂိုးစီ သေရက်ခဲ့တဲ့ ေျခစမ္းပြဲမွာလဲ ဂ်ာမနီအသင္းအတြက္ ၂ဂိုး ဖန္တီးေပးခဲ့သလို ခ်ယ္ဆီး ပရိသတ္ေတြကေတာ့ သေဘာက်ေနၾကပါတယ္။

လမ္းပတ္ဟာ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္အတြက္ ၂၅ေယာက္ လူစာရင္းကို ထုတ္ျပန္ခဲ့ရာမွာ ဗစ္တာေမာ့ဆက္နဲ႔ ဒရင့္ဝါးတားတို႔ကို ခ်န္လွပ္ထားခဲ့ပါတယ္။ ၄င္းတို႔ႏွစ္ေယာက္ဟာ ဒီေႏြမွာ အသင္းကေန ထြက္ခြာဖို႔ ခ်ိတ္ဆက္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့သလို ခ်ယ္ဆီးမွာလဲ ေနရာမရဘဲ ျဖစ္ေနပါတယ္။

အန္တိုနီယို ႐ူဒီဂါဟာ ဒီေႏြမွာ ခ်ယ္ဆီးကိုစြန႔္ခြာဖို႔ အစြမ္းကုန္ႀကိဳးစားခဲ့တယ္လို႔ ဂ်ာမနီနည္းျပ ဂ်ိဳအာခ်င္လိုက ဆိုပါတယ္။ ေနာက္ခံလူဟာ ရာသီအဖြင့္ပြဲကစလို႔ တစ္ပြဲမွ မပါဝင္ခဲ့သလို စပါး၊ ပီအက္စ္ဂ်ီ၊ ဝက္စ္ဟမ္းတို႔ရဲ႕ စိတ္ဝင္စားမႈကိုရခဲ့ၿပီး ဇန္နဝါရီမွာေတာ့ အသင္းေျပာင္းေ႐ႊ႕ႏိုင္ဖို႔ ဂ်ိဳအာခ်င္လိုက ေမွ်ာ္လင့္ေနပါတယ္။

႐ူဒီဂါလိုပဲ တိုမိုရီဟာလဲ လမ္းပတ္လက္ေအာက္ ေနရာရဖို႔ တိုက္ပြဲဝင္ခ်င္တာေၾကာင့္ ဒီေႏြမွာ အဲဗာတန္ကိုေျပာင္းေ႐ႊ႕ဖို႔ ျငင္းခဲ့ေပမယ့္ ခ်ယ္ဆီးမွာ ပုံမွန္ကစားခ်ိန္မရရင္ ဇန္နဝါရီမွာ အသင္းကေန ထြက္ခြာဖို႔ စဥ္းစားေတာ့မွာ ျဖစ္ပါတယ္။

ခ်ယ္ဆီးနဲ႔ ဂ်ဴဗင္တပ္တို႔ဟာ ဒီေႏြမွာ ေဂ်ာ္ဂ်င္ဟိုနဲ႔ ပီယာနစ္ကို အလဲအထပ္ လုပ္ဖို႔ နီးစပ္ခဲ့တယ္လို႔သိရပါတယ္။ အီတလီသားက ဒီအေျပာင္းအေ႐ႊ႕ကို လက္ခံခဲ့ေပမယ့္ အဆုံးသတ္မွာေတာ့ ပီယာနစ္က ဘာစီလိုနာကို ေ႐ြးခ်ယ္ခဲ့တာေၾကာင့္ ဂ်ဴဗီက အာသာနဲ႔ လဲလွယ္ခဲ့ရတာပါ။

ခ်ယ္ဆီးက အိုဒြိဳင္းကို ဘိုင္ယန္ထံ အငွားခ်မယ့္ စာခ်ဳပ္မွာ သတ္မွတ္ခ်က္မ်ားစြာ ထည့္သြင္းဖို႔ အလိုရွိခဲ့ၿပီး သူ႔အေနနဲ႔ ဂ်ာမန္မွာ လုံေလာက္တဲ့ ပြဲကစားခ်ိန္မရရင္ ျပစ္ဒဏ္ေၾကး ေပးရမွာျဖစ္သလို သတ္မွတ္ထားတဲ့ ပြဲအေရအတြက္ ေရာက္ခဲ့ရင္လဲ ေပါင္ သန္း ၇၀နဲ႔ ဝယ္ယူဖို႔ ေတာင္းဆိုခဲ့တာေၾကာင့္ ဘိုင္ယန္က လက္ေလွ်ာ့ခဲ့တာပါ။