ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (08/10/20)

အာဆင်နယ် အသင်းရဲ့ ယူရိုပါလိဂ်အတွက် ၂၅ယောက်လူစာရင်းမှာ အိုဇေးနဲ့ ဆိုကရေးတစ်တို့ ချန်လှပ်ခံခဲ့ရပါတယ်။ အိုဇေးဟာ မြောက်လန်ဒန်မှာ အနာဂတ် ပျောက်နေခဲ့သလို ဆိုကရေးတစ်ဟာလဲ ကလပ် ကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုရှိခဲ့တာပါ။

အာဆင်နယ်ကြယ်ပွင့် အန်ကီတီရာဟာ မနေ့က အန်ဒေါ်ရာနဲ့ပွဲမှာ အင်္ဂလန်ယူ၂၁ အသင်းအတွက် ၁ဂိုးသွင်းခဲ့တဲ့နောက် လူငယ်အသင်းရဲ့ ထာဝရ ထိပ်တန်းဂိုးသွင်းရှင် စာရင်းမှာ ၁၃ဂိုး ရှိလာခဲ့ပြီး အလန်ရှီးယား၊ ဖရန်စစ်ဂျက်ဖားတို့နဲ့အတူ ပူးတွဲဦးဆောင်နိုင်ခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ်ထံ လူးကပ်တော်ရဲရားရဲ့ အငှား အပြောင်းအရွှေ့မှာ အပြီးသတ် ဝယ်ယူခွင့် မပါဘူးလို့ အေးဂျင့် ဖြစ်သူ ပါဘလိုက အတည်ပြု ပြောဆိုခဲ့ပါတယ်။ ပါတေးကို ဈေးညှိနှိုင်း ပေးရင် တော်ရဲရားကို အပြီးဝယ်ယူခွင့် ထည့်ပေးမှာ ဖြစ်ပေမယ့် တီကိုဘက်က မလျှော့ခဲ့တာကြောင့် အခုလို အငှားသက်သက်သာ လွှတ်ခဲ့တာလို့ သိရပါတယ်။

အာဆင်နယ်က ဝန်ထမ်း တစ်ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ရတဲ့နောက် ကလပ်ဟာ သူတို့ရဲ့ Hale End Academy ကို ပိတ်ခဲ့ရပါတယ်။ ဓာတ်ခွဲရလဒ် သိရတာနဲ့တပြိုင်နက် အဲ့ဒီ့လူကို သီးသန့် ခွဲထားခဲ့ပြီး တခြား ၆ယောက်ကိုလဲ ကွာရန်တင်း ဝင်စေခဲ့တာပါ။

နွေအပြောင်းအရွှေ့အတွင်း အာဆင်နယ်ဟာ အူဘာမီးယန်းရဲ့အနာဂတ်နဲ့ ပတ်သက်လို့ စိုးရိမ်စရာဖြစ်ခဲ့ပြီး ဘာစီလိုနာက သူ့ကို တကယ် စိတ်ဝင်စားခဲ့ပေမယ့် အာတီတာက ပိတ်ပင်ခဲ့တာဖြစ်ပြီး အမ်းမရိတ်စ်မှာ ကာလရှည်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

အီမီလီယာနို မာတီနက်ဇ်က သူဟာ ဒီရာသီ အာဆင်နယ်မှာ ကလပ်ရဲ့ ပွဲထွက်ဂိုသမားဖြစ်လာဖို့ ၉၅% အခွင့်အရေးရှိတယ်လို့ မက်လုံးပေးခံခဲ့ရပေမယ့် တကယ်ဖြစ်မလာခဲ့တဲ့နောက် ဗီလာကို ပေါင်သန်း၂၀နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် အသင်းခေါင်းဆောင် အူဘာမီးယန်းဟာ ရှက်ဖီးနဲ့ ပွဲက ရခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် နိုင်ငံတကာ သီတင်းပတ်မှာ ဂါဘွန် လက်ရွေးစင် အသင်းနဲ့ သွားရောက် မပူးပေါင်း ဖြစ်ခဲ့ပါဘူး။

ဒမ်ဘီလီဟာ ဒီနွေမှာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ငြင်းပယ်ခဲ့ပေမယ့် ဘာစီလိုနာက ဇန်နဝါရီမှာ သူ့ကို သေချာပေါက် ရောင်းထုတ်ဖို့ အလိုရှိနေပြီး အဲ့ဒီ့အခါကျရင်တော့ အာဆင်နယ်အတွက် သူ့ကို လျှော့ဈေးနဲ့ခေါ်ယူနိုင်ဖို့ အခွင့်အရေး ရှိလာမှာပဲ ဖြစ်ပါတယ်။

သောမတ်စ်ပါတေးဟာ အက်သလက်တီကိုမှာ ဥရောပအတွေ့အကြုံ ကောင်းကောင်းရှိခဲ့တာကြောင့် အာဆင်နယ်အတွက် နောက်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ကူညီပေးလိမ့်မယ်လို့ ၎င်းရဲ့ဖခင် ဂျေကော့ဘ် ပါတေးက ယုံကြည်နေပါတယ်။

Zawgyi – အာဆင္နယ္ အသင္းရဲ႕ ယူ႐ိုပါလိဂ္အတြက္ ၂၅ေယာက္လူစာရင္းမွာ အိုေဇးနဲ႔ ဆိုကေရးတစ္တို႔ ခ်န္လွပ္ခံခဲ့ရပါတယ္။ အိုေဇးဟာ ေျမာက္လန္ဒန္မွာ အနာဂတ္ ေပ်ာက္ေနခဲ့သလို ဆိုကေရးတစ္ဟာလဲ ကလပ္ ကေန ထြက္ခြာဖို႔ ခ်ိတ္ဆက္မႈရွိခဲ့တာပါ။

အာဆင္နယ္ၾကယ္ပြင့္ အန္ကီတီရာဟာ မေန႔က အန္ေဒၚရာနဲ႔ပြဲမွာ အဂၤလန္ယူ၂၁ အသင္းအတြက္ ၁ဂိုးသြင္းခဲ့တဲ့ေနာက္ လူငယ္အသင္းရဲ႕ ထာဝရ ထိပ္တန္းဂိုးသြင္းရွင္ စာရင္းမွာ ၁၃ဂိုး ရွိလာခဲ့ၿပီး အလန္ရွီးယား၊ ဖရန္စစ္ဂ်က္ဖားတို႔နဲ႔အတူ ပူးတြဲဦးေဆာင္ႏိုင္ခဲ့ပါတယ္။

အက္သလက္တီကို မက္ဒရစ္ထံ လူးကပ္ေတာ္ရဲရားရဲ႕ အငွား အေျပာင္းအေ႐ႊ႕မွာ အျပီးသတ္ ၀ယ္ယူခြင့္ မပါဘူးလို႔ ေအးဂ်င့္ ျဖစ္သူ ပါဘလိုက အတည္ျပဳ ေျပာဆိုခဲ့ပါတယ္။ ပါေတးကို ေစ်းညွိနိႈင္းေပးရင္ ေတာ္ရဲရားကို အျပီး၀ယ္ယူခြင့္ ထည့္ေပးမွာ ျဖစ္ေပမယ့္ တီကိုဘက္က မေလွ်ာ့ခဲ့တာေၾကာင့္ အခုလို အငွားသက္သက္သာ လႊတ္ခဲ့တာလို႔ သိရပါတယ္။

အာဆင္နယ္က ဝန္ထမ္း တစ္ေယာက္မွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိခဲ့ရတဲ့ေနာက္ ကလပ္ဟာ သူတို႔ရဲ႕ Hale End Academy ကို ပိတ္ခဲ့ရပါတယ္။ ဓာတ္ခြဲရလဒ္ သိရတာနဲ႔တၿပိဳင္နက္ အဲ့ဒီ့လူကို သီးသန္႔ ခြဲထားခဲ့ၿပီး တျခား ၆ေယာက္ကိုလဲ ကြာရန္တင္း ဝင္ေစခဲ့တာပါ။

ေႏြအေျပာင္းအေ႐ႊ႕အတြင္း အာဆင္နယ္ဟာ အူဘာမီးယန္းရဲ႕အနာဂတ္နဲ႔ ပတ္သက္လို႔ စိုးရိမ္စရာျဖစ္ခဲ့ၿပီး ဘာစီလိုနာက သူ႔ကို တကယ္ စိတ္ဝင္စားခဲ့ေပမယ့္ အာတီတာက ပိတ္ပင္ခဲ့တာျဖစ္ၿပီး အမ္းမရိတ္စ္မွာ ကာလရွည္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

အီမီလီယာႏို မာတီနက္ဇ္က သူဟာ ဒီရာသီ အာဆင္နယ္မွာ ကလပ္ရဲ႕ ပြဲထြက္ဂိုသမားျဖစ္လာဖို႔ ၉၅% အခြင့္အေရးရွိတယ္လို႔ မက္လုံးေပးခံခဲ့ရေပမယ့္ တကယ္ျဖစ္မလာခဲ့တဲ့ေနာက္ ဗီလာကို ေပါင္သန္း၂၀နဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

အာဆင္နယ္ အသင္းေခါင္းေဆာင္ အူဘာမီးယန္းဟာ ရွက္ဖီးနဲ႕ ပြဲက ရခဲ့တဲ့ ေျခက်င္း၀တ္ ဒဏ္ရာေၾကာင့္ နုိင္ငံတကာ သီတင္းပတ္မွာ ဂါဘြန္ လက္ေရြးစင္ အသင္းနဲ႕ သြားေရာက္ မပူးေပါင္း ျဖစ္ခဲ့ပါဘူး။

ဒမ္ဘီလီဟာ ဒီေႏြမွာ ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ဖို႔ ျငင္းပယ္ခဲ့ေပမယ့္ ဘာစီလိုနာက ဇန္နဝါရီမွာ သူ႔ကို ေသခ်ာေပါက္ ေရာင္းထုတ္ဖို႔ အလိုရွိေနၿပီး အဲ့ဒီ့အခါက်ရင္ေတာ့ အာဆင္နယ္အတြက္ သူ႔ကို ေလွ်ာ့ေဈးနဲ႔ေခၚယူႏိုင္ဖို႔ အခြင့္အေရး ရွိလာမွာပဲ ျဖစ္ပါတယ္။

ေသာမတ္စ္ပါေတးဟာ အက္သလက္တီကိုမွာ ဥေရာပအေတြ႕အႀကဳံ ေကာင္းေကာင္းရွိခဲ့တာေၾကာင့္ အာဆင္နယ္အတြက္ ေနာက္ရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေအာင္ ကူညီေပးလိမ့္မယ္လို႔ ၎ရဲ႕ဖခင္ ေဂ်ေကာ့ဘ္ ပါေတးက ယုံၾကည္ေနပါတယ္။