ချယ်ဆီးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်မယ့် ၂၄ ဦး လူစာရင်း ထုတ်ပြန် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။ ပွဲကစားချိန် မိနစ် ရတာ သိသိသာသာ နည်းပါးခဲ့တဲ့ ဗစ်တာ မော့ဆက်နဲ့ ဒန်နီ ဒရင့်ဝါးတားတို့ကတော့ ဒီလူစာရင်းမှာ ချန်လှပ်ခံခဲ့ရပြီး အသင်းပြောင်းဖို့ ရေပန်းစားခဲ့တဲ့ အီမာဆန်တော့ ပါဝင်ခဲ့ပါတယ်။
ချယ်ဆီးရဲ့ ၂၄ ဦး လူစာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ကီပါ၊ ရူဒီဂွ၊ အလွန်ဆို၊ ခရစ္စတန်ဆန် (HG)၊ ဂျော်ဂျင်ဟို၊ သီယေဂိုဆေးလ်ဗား၊ ကန်တေ၊ တမ်မီ အေဗရာဟမ် (HG)
ပူလီဆစ်၊ တီမိုဝါနာ၊ ကာဘယ်လာရို၊ တိုမိုရီ (HG)၊ ဇူးမား၊ မန်ဒီ၊ ကိုဗာဆစ်၊ ဂျီရူး
ဘန်ချေးဝဲလ် (HG)၊ ဇီယက်၊ ကွီတာ၊ ကိုင်ဟာဗက်ဇ်၊ အီမာဆန်။
HG ကတော့ အင်္ဂလန် ငယ်မွေးခြံပေါက် ကစားသမားတွေကို ဆိုလိုတာ ဖြစ်ပါတယ်။
အခြား လူငယ်တွေ ဖြစ်တဲ့ မေဆန်မောင့်၊ အိုဒွိုင်း၊ ဂေးလ်မားနဲ့ ရီစီဂျိမ်းစ်တို့ကိုတော့ လူစာရင်း ဘီ အဖြစ် သီးသန့် တင်သွင်းထားခဲ့ပါတယ်။ ကစားသမား တစ်ယောက်က ၁၉၉၈ ဇန်နဝါရီ ၁ ရကေ်န့ နောက်ပိုင်းဖွား ဖြစ်ပြီး နှစ်နှစ်ဆက်တိုက် ကလပ်အသင်းနဲ့ အတူ ဆက်ရှိနေခဲ့ရင် ဘီ စာရင်းမှာ ပါဝင်နိုင်တာဖြစ်ပါတယ်။
ချယ်ဆီးအသင်းဟာ ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ ဆီဗီလာ၊ ရေးနက်စ်၊ Krasnodar တို့နဲ့ အတူ ကျရောက်နေတာ ဖြစ်လို့ နောက်တစ်ဆင့် တက်ဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။ လမ်းပတ်ရဲ့ အသင်းသားတွေဟာ အောက်တိုဘာ ၂၀ ရက်နေ့မှာ ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ် ဗိုလ်စွဲထားတဲ့ ဆီဗီလာနဲ့ အုပ်စုပွဲ စတင် ရင်ဆိုင် ကစားရတော့မှာ ဖြစ်ပါတယ်။
Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီရာသီ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ၀င္မယ့္ ၂၄ ဦး လူစာရင္း ထုတ္ျပန္ ေၾကျငာသြားခဲ့ျပီ ျဖစ္ပါတယ္။ ပြဲကစားခ်ိန္ မိနစ္ ရတာ သိသိသာသာ နည္းပါးခဲ့တဲ့ ဗစ္တာ ေမာ့ဆက္နဲ႕ ဒန္နီ ဒရင့္၀ါးတားတို႔ကေတာ့ ဒီလူစာရင္းမွာ ခ်န္လွပ္ခံခဲ့ရျပီး အသင္းေျပာင္းဖို႔ ေရပန္းစားခဲ့တဲ့ အီမာဆန္ေတာ့ ပါ၀င္ခဲ့ပါတယ္။
ခ်ယ္ဆီးရဲ႕ ၂၄ ဦး လူစာရင္းကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။
ကီပါ၊ ရူဒီဂြ၊ အလြန္ဆို၊ ခရစၥတန္ဆန္ (HG)၊ ေဂ်ာ္ဂ်င္ဟို၊ သီေယဂိုေဆးလ္ဗား၊ ကန္ေတ၊ တမ္မီ ေအဗရာဟမ္ (HG)
ပူလီဆစ္၊ တီမို၀ါနာ၊ ကာဘယ္လာရို၊ တိုမိုရီ (HG)၊ ဇူးမား၊ မန္ဒီ၊ ကိုဗာဆစ္၊ ဂ်ီရူး
ဘန္ေခ်း၀ဲလ္ (HG)၊ ဇီယက္၊ ကြီတာ၊ ကိုင္ဟာဗက္ဇ္၊ အီမာဆန္။
HG ကေတာ့ အဂၤလန္ ငယ္ေမြးျခံေပါက္ ကစားသမားေတြကို ဆိုလိုတာ ျဖစ္ပါတယ္။
အျခား လူငယ္ေတြ ျဖစ္တဲ့ ေမဆန္ေမာင့္၊ အိုဒြိဳင္း၊ ေဂးလ္မားနဲ႕ ရီစီဂ်ိမ္းစ္တို႔ကိုေတာ့ လူစာရင္း ဘီ အျဖစ္ သီးသန္႔ တင္သြင္းထားခဲ့ပါတယ္။ ကစားသမား တစ္ေယာက္က ၁၉၉၈ ဇန္န၀ါရီ ၁ ရကေ္န႔ ေနာက္ပုိင္းဖြား ျဖစ္ျပီး နွစ္နွစ္ဆက္တိုက္ ကလပ္အသင္းနဲ႕ အတူ ဆက္ရွိေနခဲ့ရင္ ဘီ စာရင္းမွာ ပါ၀င္နုိင္တာျဖစ္ပါတယ္။
ခ်ယ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္ အုပ္စု အဆင့္မွာ ဆီဗီလာ၊ ေရးနက္စ္၊ Krasnodar တို႔နဲ႕ အတူ က်ေရာက္ေနတာ ျဖစ္လို႔ ေနာက္တစ္ဆင့္ တက္ဖို႕ အလားအလာေကာင္းေတြ ရွိေနပါတယ္။ လမ္းပတ္ရဲ႕ အသင္းသားေတြဟာ ေအာက္တိုဘာ ၂၀ ရက္ေန႔မွာ ျပီးခဲ့တဲ့ရာသီ ယူရိုပါလိဂ္ ဗိုလ္စြဲထားတဲ့ ဆီဗီလာနဲ႕ အုပ္စုပြဲ စတင္ ရင္ဆုိင္ ကစားရေတာ့မွာ ျဖစ္ပါတယ္။