ယူနိုက်တက် အမှားကြီးလုပ်ခဲ့ပြီလို့ ရွန်းနီ စိတ်ပျက်ခဲ့ရတဲ့ နည်းပြ အပြောင်းအလဲ

ယူနိုက်တက် တိုက်စစ်မှူး ဝိန်း ရွန်းနီက သူ့အသင်းဟောင်းဟာ လူးဝစ် ဗန်ဟားလ်ကို ထုတ်ပယ်ပြီး မော်ရင်ညိုကို နည်းပြသစ် အဖြစ် ခန့်အပ်လိုက်စဉ်က စိတ်အပျက်ကြီး ပျက်ခဲ့ရကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပြီး ယူနိုက်တက်ဟာ အမှားကြီး တစ်ရပ် ကျူးလွန်ခဲ့တယ်လို့ ပြောဆိုလာခဲ့ပါတယ်။

ဗန်ဟားလ်က အိုးထရက်ဖို့ဒ်မှာ နှစ်ရာသီတာ နည်းပြ အဖြစ် တာဝန်ယူခဲ့ပြီး သူ့ရဲ့ ဒုတိယ ရာသီမှာ အက်ဖ်အေဖလား တစ်လုံး ရယူပေးခဲ့ပေမယ့် အမှတ်ပေးလိဂ်မှာတော့ အဆင့် ၄ အပြင် ရောက်ခဲ့ရပါတယ်။ ဒါကြောင့် ယူနိုက်တက် တာဝန်ရှိသူတွေက ဗန်ဟားလ်ကို ထုတ်ပယ်ကာ မော်ရင်ညိုကို နည်းပြ တာဝန်ပေးအပ်ခဲ့ပါတယ်။

နည်းပြ အပြောင်းအလဲလုပ်ခဲ့တာက အချိန်မတန်သေးဘဲ လုပ်ခဲ့တာလို့ ရွန်းနီက ယုံကြည်နေပြီး ဗန်ဟားလ် က တတိယ ရာသီ အတွက် အခွင့်အရေး ရသင့်ကြောင်း အင်္ဂလန်သားက သုံးသပ်ခဲ့ပါတယ်။

” လူးဝစ် (ဗန်ဟားလ်) ထုတ်ခံရပြီ သတင်းကြားတော့ ကျနော် အတော် စိတ်ပျက်သွားခဲ့တယ်။ ကျနော့် အတွက်တော့ သူနဲ့ အလုပ်တွဲလုပ်ရတာ တော်တော် ပျော်ခဲ့တာ။ ကျနေ်ာတို့ သူ့ကို တတိယရာသီ ကိုင်တွယ်ခင့် ပေးသင့်တယ်။ ဒါဆို အသင်းက ပို အင်အား တောင့်လာမှာ။

အသင်းမှာ ကစားသမားတွေကြားမှာ တိုးတက်မှုတွေ ရှိနေတယ်လို့ ကျနော် ခံစားမိနေခဲ့တယ်။ သူ့ အမြင်တွေကိုလည်း နားလည်တယ်။ အဲဒီ နှစ်နှစ် အတွင်းမှာ သူ့ဆီက သင်ယူခဲ့ရတာ တခြား မန်နေဂျာတွေထက် များပါတယ်။ ဒါကြောင့်လည်း သူ့ကို ထာဝရ ကျေးဇူး တင်နေတော့မှာပါ။

ကျနော့်ကို အသင်းခေါင်းဆောင် အဖြစ် တာဝန်ပေးခဲ့လို့ ကျေးဇူးတင်တာ မဟုတ်ဘူး။ ယုံကြည်မှု အားထားမှုတွေ ကျနော့် အပေါ် ထားခဲ့တာကြောင့်ပါ။ အဲဒီ အချိန်မှာ ကျနေ်ာတို့က လိဂ်မှာ အကောင်းဆုံး အသင်းတော့ မဟုတ်ဘူး။ ဒါပေမယ့် ကစားသမား ၁၂ ယောက်လောက် ဒဏ်ရာ ရနေတဲ့ အသင်းကလည်း အဲဒီလို မဖြစ်နိုင်ဘူးလေ။

ယူနိုက်တက်ရဲ့ အကောင်းဆုံး ၁၁ ယောက်က ထိပ်သီး လေးသင်းဝင်ဖို့ တိုက်ပွဲဝင်ရာမှာ ပါဝင် ကစားနိုင်တဲ့ အနေအထား မရှိဘူး။ ပွဲထွက် စာရင်းက ကစားသမား တစ်ယောက်ယောက် ဒဏ်ရာ ရတာနဲ့ ဒုက္ခရောက်တာပဲ။ အသင်း လူစာရင်းကလည်း ဟိုး အရင်တုန်းကလို တောင့်တင်းမှု မရှိဘူးလေ။ အဲဒီ အချိန်က အနေအထားက ကျနော့် အနေနဲ့တော့ လုံလောက် ကောင်းမွန်မှု ရှိတယ်။ အဲဒီကာလတွေကြောင့်ပဲ ကျနော် မန်နေဂျာ တစ်ယောက် ဖြစ်လာချင်ခဲ့တယ်။ လူးဝစ် နဲ့ အလုပ်လုပ်ရတာ လုံး၀ တန်ဖိုး မဖြတ်နိုင်အောင်ပဲ။ သူ့ဆီက အများကြီးကို သင်ယူခဲ့ရတာပါ။ ” လို့ ရွန်းနီက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဗန်ဟားလ်ကို မထုတ်ပယ်ခင် လိဂ်ဖလား ဗိုလ်မစွဲခင်တည်းက မော်ရင်ညိုကို နည်းပြ အဖြစ် ခန့်အပ်ဖို့ ချိတ်ဆက်ထားပြီး ဖြစ်ခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ တိုက္စစ္မွဴး ၀ိန္း ရြန္းနီက သူ႔အသင္းေဟာင္းဟာ လူး၀စ္ ဗန္ဟားလ္ကို ထုတ္ပယ္ျပီး ေမာ္ရင္ညိဳကို နည္းျပသစ္ အျဖစ္ ခန္႔အပ္လိုက္စဥ္က စိတ္အပ်က္ၾကီး ပ်က္ခဲ့ရေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ျပီး ယူနိုက္တက္ဟာ အမွားၾကီး တစ္ရပ္ က်ဴးလြန္ခဲ့တယ္လုိ႔ ေျပာဆိုလာခဲ့ပါတယ္။

ဗန္ဟားလ္က အိုးထရက္ဖို႔ဒ္မွာ နွစ္ရာသီတာ နည္းျပ အျဖစ္ တာ၀န္ယူခဲ့ျပီး သူ႔ရဲ႕ ဒုတိယ ရာသီမွာ အက္ဖ္ေအဖလား တစ္လံုး ရယူေပးခဲ့ေပမယ့္ အမွတ္ေပးလိဂ္မွာေတာ့ အဆင့္ ၄ အျပင္ ေရာက္ခဲ့ရပါတယ္။ ဒါေၾကာင့္ ယူနုိက္တက္ တာ၀န္ရွိသူေတြက ဗန္ဟားလ္ကို ထုတ္ပယ္ကာ ေမာ္ရင္ညိဳကို နည္းျပ တာ၀န္ေပးအပ္ခဲ့ပါတယ္။

နည္းျပ အေျပာင္းအလဲလုပ္ခဲ့တာက အခ်ိန္မတန္ေသးဘဲ လုပ္ခဲ့တာလို႔ ရြန္းနီက ယံုၾကည္ေနျပီး ဗန္ဟားလ္ က တတိယ ရာသီ အတြက္ အခြင့္အေရး ရသင့္ေၾကာင္း အဂၤလန္သားက သံုးသပ္ခဲ့ပါတယ္။

” လူး၀စ္ (ဗန္ဟားလ္) ထုတ္ခံရျပီ သတင္းၾကားေတာ့ က်ေနာ္ အေတာ္ စိတ္ပ်က္သြားခဲ့တယ္။ က်ေနာ့္ အတြက္ေတာ့ သူနဲ႕ အလုပ္တြဲလုပ္ရတာ ေတာ္ေတာ္ ေပ်ာ္ခဲ့တာ။ က်ေန္ာတို႔ သူ႔ကို တတိယရာသီ ကိုင္တြယ္ခင့္ ေပးသင့္တယ္။ ဒါဆို အသင္းက ပို အင္အား ေတာင့္လာမွာ။

အသင္းမွာ ကစားသမားေတြၾကားမွာ တိုးတက္မႈေတြ ရွိေနတယ္လို႔ က်ေနာ္ ခံစားမိေနခဲ့တယ္။ သူ႔ အျမင္ေတြကိုလည္း နားလည္တယ္။ အဲဒီ နွစ္နွစ္ အတြင္းမွာ သူ႔ဆီက သင္ယူခဲ့ရတာ တျခား မန္ေနဂ်ာေတြထက္ မ်ားပါတယ္။ ဒါေၾကာင့္လည္း သူ႔ကို ထာ၀ရ ေက်းဇူး တင္ေနေတာ့မွာပါ။

က်ေနာ့္ကို အသင္းေခါင္းေဆာင္ အျဖစ္ တာ၀န္ေပးခ့ဲလို႔ ေက်းဇူးတင္တာ မဟုတ္ဘူး။ ယံုၾကည္မႈ အားထားမႈေတြ က်ေနာ့္ အေပၚ ထားခဲ့တာေၾကာင့္ပါ။ အဲဒီ အခ်ိန္မွာ က်ေန္ာတို႔က လိဂ္မွာ အေကာင္းဆံုး အသင္းေတာ့ မဟုတ္ဘူး။ ဒါေပမယ့္ ကစားသမား ၁၂ ေယာက္ေလာက္ ဒဏ္ရာ ရေနတဲ့ အသင္းကလည္း အဲဒီလို မျဖစ္နုိင္ဘူးေလ။

ယူနိုက္တက္ရဲ႕ အေကာင္းဆံုး ၁၁ ေယာက္က ထိပ္သီး ေလးသင္း၀င္ဖို႔ တိုက္ပြဲ၀င္ရာမွာ ပါ၀င္ ကစားနိုင္တဲ့ အေနအထား မရွိဘူး။ ပြဲထြက္ စာရင္းက ကစားသမား တစ္ေယာက္ေယာက္ ဒဏ္ရာ ရတာနဲ႕ ဒုကၡေရာက္တာပဲ။ အသင္း လူစာရင္းကလည္း ဟိုး အရင္တုန္းကလို ေတာင့္တင္းမႈ မရွိဘူးေလ။ အဲဒီ အခ်ိန္က အေနအထားက က်ေနာ့္ အေနနဲ႕ေတာ့ လံုေလာက္ ေကာင္းမြန္မႈ ရွိတယ္။ အဲဒီကာလေတြေၾကာင့္ပဲ က်ေနာ္ မန္ေနဂ်ာ တစ္ေယာက္ ျဖစ္လာခ်င္ခဲ့တယ္။ လူး၀စ္ နဲ႕ အလုပ္လုပ္ရတာ လံုး၀ တန္ဖိုး မျဖတ္နုိင္ေအာင္ပဲ။ သူ႔ဆီက အမ်ားၾကီးကို သင္ယူခဲ့ရတာပါ။ ” လို႔ ရြန္းနီက ေျပာဆိုခဲ့ပါတယ္။

ယူနုိက္တက္ဟာ ဗန္ဟားလ္ကို မထုတ္ပယ္ခင္ လိဂ္ဖလား ဗိုလ္မစြဲခင္တည္းက ေမာ္ရင္ညိဳကို နည္းျပ အျဖစ္ ခန္႔အပ္ဖို႔ ခ်ိတ္ဆက္ထားျပီး ျဖစ္ခဲ့ပါတယ္။