ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (09/10/20)

အဲရစ်ဘိုင်လီဟာ ဘယ်လ်ဂျီယမ်နဲ့ အိုင်ဗရီကို့စ်အသင်း ၁ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ တံကောက်ကြော ဒဏ်ရာကြောင့် ကွင်းထဲကနေ ထွက်ခွာခဲ့ရသလို ယူနိုက်တက်အနေနဲ့ နောက် တစ်ပတ် နယူးကာဆယ်နဲ့ပွဲမှာ သူ မပါဘဲ ကစားရတော့မှာဖြစ်ပါတယ်။

ကစားသမားတိုင်းဟာ ရီးရဲမက်ဒရစ်အတွက် ကစားပေးချင်သလို မိမိအတွက်လဲ မက်ဒရစ်က အိမ်မက်တစ်ခု ဖြစ်နိုင်တယ်လို့ ပေါ့ဘာက မနေ့က ပြောဆိုခဲ့တဲ့နောက် စပိန်ကလပ်နဲ့ အပြောင်းအရွှေ့ ကောလဟာလတွေက ပိုကြီးမားလာခဲ့ပါတယ်။

ဒီနွေမှာ ကစားသမားခေါ်ယူမှု လုံးဝ မရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဇီဒန်းအကြိုက်ဖြစ်တဲ့ ပေါ့ဘာကို ခေါ်ယူဖို့အလိုရှိနေသလို ပြင်သစ်ကြယ်ပွင့်တွေဖြစ်တဲ့ အမ်ဘတ်ပီနဲ့ ကာဗာမင်ဂါ တို့ကိုလဲ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ပြည်တွင်း အပြောင်းအရွှေ့ ဈေးကွက်မပိတ်ခင် ဝက်ဖို့ဒ်ကြယ်ပွင့် အစ္စမာလီယာ ဆားကို ခေါ်ယူဖို့အတွက် ဆက် မကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယူနိုက်တက် ဟာ နွေဈေးကွက်အတွင်း သူ့ကို တစ်ရာသီအငှားခေါ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရဖူးပါတယ်။

အင်္ဂလန် အပြောင်းအရွှေ့ရာသီက ပိတ်သွားပြီဖြစ်ပေမယ့် ပေါ်တူဂီမှာတော့ ဖွင့်လှစ်ထားဆဲဖြစ်တာနဲ့အတူ ပေါ်တူဂီအင်အားကြီးကလပ်ဖြစ်တဲ့ ပေါ်တိုဟာ ယူနိုက်တက်ကြယ်ပွင့် ဂျက်ဆီလင်ဂတ်ကို အငှားခေါ်ယူဖို့ ကြိုးစားလာနိုင်ဖွယ် ရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းမှာ တကယ်အလုပ်မလုပ်ပဲ ငဖြီးတွေသာ များနေတာကြောင့် ပုံမှန်ခြေစွမ်းအောက် ကျဆင်းနေတဲ့ အသင်းဟာ ဆိုးလ်ရှားရဲ့ နည်းပြအလုပ်ကိုတောင် ထိခိုက်စေလိမ့်မယ် လို့ ရွိုင်ကိန်းက ဝေဖန်ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီနွေမှာ ဗဟိုနောက်တန်းနေရာအတွက် အားဖြည့်မှု မလုပ်နိုင်ခဲ့ပေမယ့် နောက်နွေရာသီမှာ အူပါမီကာနိုကို ခေါ်ယူဖို့စဉ်းစားထားပြီး သူက ယူရိုသန်း၄၀နဲ့ ရနိုင်မှာဖြစ်သလို လီဗာပူး၊ မန်စီးတီးတို့ကလဲ စောင့်ကြည့်နေကြပါတယ်။

Zawgyi – အဲရစ္ဘိုင္လီဟာ ဘယ္လ္ဂ်ီယမ္နဲ႔ အိုင္ဗရီကို႔စ္အသင္း ၁ဂိုးစီ သေရက်ခဲ့တဲ့ပြဲမွာ တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ ကြင္းထဲကေန ထြက္ခြာခဲ့ရသလို ယူႏိုက္တက္အေနနဲ႔ ေနာက္ တစ္ပတ္ နယူးကာဆယ္နဲ႔ပြဲမွာ သူ မပါဘဲ ကစားရေတာ့မွာျဖစ္ပါတယ္။

ကစားသမားတိုင္းဟာ ရီးရဲမက္ဒရစ္အတြက္ ကစားေပးခ်င္သလို မိမိအတြက္လဲ မက္ဒရစ္က အိမ္မက္တစ္ခု ျဖစ္ႏိုင္တယ္လို႔ ေပါ့ဘာက မေန႔က ေျပာဆိုခဲ့တဲ့ေနာက္ စပိန္ကလပ္နဲ႔ အေျပာင္းအေ႐ႊ႕ ေကာလဟာလေတြက ပိုႀကီးမားလာခဲ့ပါတယ္။

ဒီေႏြမွာ ကစားသမားေခၚယူမႈ လုံးဝ မရွိခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ဟာ ဇီဒန္းအႀကိဳက္ျဖစ္တဲ့ ေပါ့ဘာကို ေခၚယူဖို႔အလိုရွိေနသလို ျပင္သစ္ၾကယ္ပြင့္ေတြျဖစ္တဲ့ အမ္ဘတ္ပီနဲ႔ ကာဗာမင္ဂါ တို႔ကိုလဲ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

ယူႏိုက္တက္ဟာ ျပည္တြင္း အေျပာင္းအေ႐ႊ႕ ေဈးကြက္မပိတ္ခင္ ဝက္ဖို႔ဒ္ၾကယ္ပြင့္ အစၥမာလီယာ ဆားကို ေခၚယူဖို႔အတြက္ ဆက္ မႀကိဳးစားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ယူနိုက္တက္ ဟာ ေႏြေဈးကြက္အတြင္း သူ႔ကို တစ္ရာသီအငွားေခၚဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ရဖူးပါတယ္။

အဂၤလန္ အေျပာင္းအေ႐ႊ႕ရာသီက ပိတ္သြားၿပီျဖစ္ေပမယ့္ ေပၚတူဂီမွာေတာ့ ဖြင့္လွစ္ထားဆဲျဖစ္တာနဲ႔အတူ ေပၚတူဂီအင္အားႀကီးကလပ္ျဖစ္တဲ့ ေပၚတိုဟာ ယူႏိုက္တက္ၾကယ္ပြင့္ ဂ်က္ဆီလင္ဂတ္ကို အငွားေခၚယူဖို႔ ႀကိဳးစားလာႏိုင္ဖြယ္ ရွိပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္အသင္းမွာ တကယ္အလုပ္မလုပ္ပဲ ငၿဖီးေတြသာ မ်ားေနတာေၾကာင့္ ပုံမွန္ေျခစြမ္းေအာက္ က်ဆင္းေနတဲ့ အသင္းဟာ ဆိုးလ္ရွားရဲ႕ နည္းျပအလုပ္ကိုေတာင္ ထိခိုက္ေစလိမ့္မယ္ လို႔ ႐ြိဳင္ကိန္းက ေဝဖန္ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ဒီေႏြမွာ ဗဟိုေနာက္တန္းေနရာအတြက္ အားျဖည့္မႈ မလုပ္ႏိုင္ခဲ့ေပမယ့္ ေနာက္ေႏြရာသီမွာ အူပါမီကာႏိုကို ေခၚယူဖို႔စဥ္းစားထားၿပီး သူက ယူ႐ိုသန္း၄၀နဲ႔ ရႏိုင္မွာျဖစ္သလို လီဗာပူး၊ မန္စီးတီးတို႔ကလဲ ေစာင့္ၾကည့္ေနၾကပါတယ္။