ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (09/10/20)

ဂိုးသမားသစ် မန်ဒီဟာ ဆီနီဂေါအတွက် ကစားပေးစဉ်မှာ ဒဏ်ရာရခဲ့တဲ့နောက် လမ်းပတ်အနေနဲ့ ချယ်ဆီးရဲ့ ပွဲထွက်စာရင်းထဲ ကီပါကိုပြန်ခေါ်ရဖို့ ရှိနေပါတယ်။ မန်ဒီ ဟာ ချယ်ဆီးထံရောက်လာပြီးထဲက ၂ပွဲသာ ပွဲထွက် ကစားခဲ့ရသေးတာပါ။

ကိုဗစ် စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့ အင်္ဂလန်ကြယ်ပွင့်တွေဖြစ်တဲ့ ဂျေဒန်ဆန်ချိုနဲ့ တန်မီအေဗရာဟမ် တို့ဟာ တနင်္ဂနွေနေ့ ဘယ်လ်ဂျီယမ်နဲ့ပွဲအတွက် ပြန်ပါလာနိုင်မှာ ဖြစ်ပေမယ့် ဘင်ချီဝဲကတော့ သံသယဖြစ်စရာ ရှိနေဆဲပါလို့ ဆောက်ဂိတ်က သတင်းပေးခဲ့ပါတယ်။

အင်တာမီလန်ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ မားကို့စ်အလွန်ဆိုကို အငှားခေါ်ယူဖို့ ကြိုးစားနိုင်ပါတယ်။ ဗဟိုနောက်တန်းမှာ နံပါတ်တစ်မဟုတ်တော့တဲ့ အလွန်ဆိုက ချယ်ဆီးကနေ ထွက်ခွာလိုနေသလို ကွန်တီကလဲ သူ့ကို ခေါ်ယူလိုနေတာပါ။

ချယ်ဆီး လူငယ်ကစားသမား ဂျိတ်ကလက်ဆဲလ်တာဟာ ပြည်ပကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပြီးနောက် ချန်ပီယံရှစ်ကို ပြန်သွားလိုနေပြီး အသင်းဟောင်း ဘာမင်ဂမ်နဲ့ အတူ ဒါဘီ၊ ဟက်ဒါဖီးနဲ့ ရှက်ဖီးဝမ်းနက်စ်ဒေးတို့က သူ့ကို အငှားခေါ်ယူလိုနေပါတယ်။

လိဒ်ယူနိုက်တက်ဟာ ဘာဘာရာမန်ကို ခေါ်ယူဖို့အတွက် ချယ်ဆီးနဲ့ ဆွေးနွေးမှု မအောင်မြင်ခဲ့တဲ့နောက် ပြည်တွင်းဈေးကွက် ဖွင့်လှစ်နေဆဲဖြစ်သလို ဒါဘီကောင်တီနဲ့ မစ်ဒယ်ဘရော့ တို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အက်ဇ်ပီလီကွီတာ ဟာ ညာနောက်တန်းမှာ ပွဲထွက်နေရာအတွက် ရိစ်ဂျိမ်းစ်နဲ့ ယှဉ်ပြိုင်နေရတဲ့အပေါ် သူ့သဘောထားကို ဖွင့်ဟလာခဲ့ပြီး နေရာရဖို့ ပြိုင်ဆိုင်မှုတွေဟာ ချယ်ဆီးရဲ့ တိုးတက်မှုအတွက် အဓိက ကျတယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ ကစားသမားသစ်များစွာ ခေါ်ယူခဲ့ပေမယ့် ပထမဦးစားပေးနောက်တန်းကို မဆုံးဖြတ်ရသေးသလို ကွင်းလယ်ပိုင်းကလဲ မေးခွန်းထုတ်စရာရှိနေပြီး လာမယ့် အပြောင်းအရွှေ့ ရာသီမှာ ထပ်မံ အင်အားဖြည့်တင်းမှုတွေ လုပ်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။

ရူဘန်လော့ဖ်တပ်ချိခ် ဟာ ချယ်ဆီး ကစားသမားဘဝမှာ ဒဏ်ရာပြဿနာရဲ့နှောင့်ယှက်မှု ခံခဲ့ရသလို ဖူလ်ဟမ်ကို အငှားချခံခဲ့ရတဲ့နောက် နိုင်ငံအသင်းမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်နိုင်စရာ နည်းပါးပေမယ့် ဆောက်ဂိတ်ကတော့ သူ ပုံမှန်ကစားနိုင်ရင် ယူရို ၂၀၂၁မှာ ပါဝင်ရနိုင်တယ်လို့ အားပေးစကားဆိုခဲ့ပါတယ်။

Zawgyi – ဂိုးသမားသစ္ မန္ဒီဟာ ဆီနီေဂါအတြက္ ကစားေပးစဥ္မွာ ဒဏ္ရာရခဲ့တဲ့ေနာက္ လမ္းပတ္အေနနဲ႔ ခ်ယ္ဆီးရဲ႕ ပြဲထြက္စာရင္းထဲ ကီပါကိုျပန္ေခၚရဖို႔ ရွိေနပါတယ္။ မန္ဒီ ဟာ ခ်ယ္ဆီးထံေရာက္လာၿပီးထဲက ၂ပြဲသာ ပြဲထြက္ ကစားခဲ့ရေသးတာပါ။

ကိုဗစ္ စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ခဲ့တဲ့ အဂၤလန္ၾကယ္ပြင့္ေတြျဖစ္တဲ့ ေဂ်ဒန္ဆန္ခ်ိဳနဲ႔ တန္မီေအဗရာဟမ္ တို႔ဟာ တနဂၤေႏြေန႔ ဘယ္လ္ဂ်ီယမ္နဲ႔ပြဲအတြက္ ျပန္ပါလာႏိုင္မွာ ျဖစ္ေပမယ့္ ဘင္ခ်ီဝဲကေတာ့ သံသယျဖစ္စရာ ရွိေနဆဲပါလို႔ ေဆာက္ဂိတ္က သတင္းေပးခဲ့ပါတယ္။

အင္တာမီလန္ဟာ လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ မားကို႔စ္အလြန္ဆိုကို အငွားေခၚယူဖို႔ ႀကိဳးစားႏိုင္ပါတယ္။ ဗဟိုေနာက္တန္းမွာ နံပါတ္တစ္မဟုတ္ေတာ့တဲ့ အလြန္ဆိုက ခ်ယ္ဆီးကေန ထြက္ခြာလိုေနသလို ကြန္တီကလဲ သူ႔ကို ေခၚယူလိုေနတာပါ။

ခ်ယ္ဆီး လူငယ္ကစားသမား ဂ်ိတ္ကလက္ဆဲလ္တာဟာ ျပည္ပကလပ္ေတြရဲ႕ ကမ္းလွမ္းမႈေတြကို ပယ္ခ်ခဲ့ၿပီးေနာက္ ခ်န္ပီယံရွစ္ကို ျပန္သြားလိုေနၿပီး အသင္းေဟာင္း ဘာမင္ဂမ္နဲ႔ အတူ ဒါဘီ၊ ဟက္ဒါဖီးနဲ႔ ရွက္ဖီးဝမ္းနက္စ္ေဒးတို႔က သူ႔ကို အငွားေခၚယူလိုေနပါတယ္။

လိဒ္ယူႏိုက္တက္ဟာ ဘာဘာရာမန္ကို ေခၚယူဖို႔အတြက္ ခ်ယ္ဆီးနဲ႔ ေဆြးေႏြးမႈ မေအာင္ျမင္ခဲ့တဲ့ေနာက္ ျပည္တြင္းေဈးကြက္ ဖြင့္လွစ္ေနဆဲျဖစ္သလို ဒါဘီေကာင္တီနဲ႔ မစ္ဒယ္ဘေရာ့ တို႔က သူ႔ကို ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။

အက္ဇ္ပီလီကြီတာ ဟာ ညာေနာက္တန္းမွာ ပြဲထြက္ေနရာအတြက္ ရိစ္ဂ်ိမ္းစ္နဲ႔ ယွဥ္ၿပိဳင္ေနရတဲ့အေပၚ သူ႔သေဘာထားကို ဖြင့္ဟလာခဲ့ၿပီး ေနရာရဖို႔ ၿပိဳင္ဆိုင္မႈေတြဟာ ခ်ယ္ဆီးရဲ႕ တိုးတက္မႈအတြက္ အဓိက က်တယ္လို႔ ယုံၾကည္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးဟာ ကစားသမားသစ္မ်ားစြာ ေခၚယူခဲ့ေပမယ့္ ပထမဦးစားေပးေနာက္တန္းကို မဆုံးျဖတ္ရေသးသလို ကြင္းလယ္ပိုင္းကလဲ ေမးခြန္းထုတ္စရာရွိေနၿပီး လာမယ့္ အေျပာင္းအေ႐ႊ႕ ရာသီမွာ ထပ္မံ အင္အားျဖည့္တင္းမႈေတြ လုပ္ဖို႔ အဆင္သင့္ျဖစ္ေနပါတယ္။

႐ူဘန္ေလာ့ဖ္တပ္ခ်ိခ္ ဟာ ခ်ယ္ဆီး ကစားသမားဘဝမွာ ဒဏ္ရာျပႆနာရဲ႕ေႏွာင့္ယွက္မႈ ခံခဲ့ရသလို ဖူလ္ဟမ္ကို အငွားခ်ခံခဲ့ရတဲ့ေနာက္ ႏိုင္ငံအသင္းမွာ ပါဝင္ခြင့္ရဖို႔ ေမွ်ာ္လင့္ႏိုင္စရာ နည္းပါးေပမယ့္ ေဆာက္ဂိတ္ကေတာ့ သူ ပုံမွန္ကစားႏိုင္ရင္ ယူ႐ို ၂၀၂၁မွာ ပါဝင္ရႏိုင္တယ္လို႔ အားေပးစကားဆိုခဲ့ပါတယ္။