ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (09/10/20)

ဘယ်လ်ဂျီယံနဲ့ သရေကျခဲ့တဲ့ ပွဲမှာ လူစားလဲခဲ့ရခြင်းက တံကောက်ကြော ထိခိုက် ဒဏ်ရာ ရသွားလို့ မဟုတ်ဘဲ မောပန်းလို့သာ ဖြစ်ကြောင်း အိုင်ဗရီကို့စ်သား ယူနိုက်တက် ခံစစ်မှူး အဲရစ် ဘိုင်လီက ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကတော့ လက်ရှိ ယူနိုက်တက် အသင်းသားတွေဟာ ယခင်နည်းပြ မော်ရင်ညိုကိုလည်း ဒုက္ခပေးခဲ့သလို ယခုလည်း ဆိုးရှားကို ရာထူးက ပြုတ်အောင် ကျက်သရေကင်းမဲ့စွာ လုပ်နေကြကြောင်း ပေါက်ကွဲစွာ ဝေဖန်ခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ နှစ်ကုန် ဘဏ္ဍာရေး ရှင်းတမ်းဟာ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်တော့မယ်လို့ သိရပါတယ်။ ဇွန်လကုန်နောက်ပိုင်း ကိုဗစ်ကြောင့် စီးပွားရေး ထိခိုက်မှုတွေကို ထိုရှင်းတမ်းမှာ ပိုပြီး သိသာစွာ မြင်ရမယ်လို့လည်း ဆိုပါတယ်။

ဝါရင့် ကွင်းလယ်သမား မာတစ်ကတော့ ယူနိုက်တက်မှာ အသစ်ရောက်လာတဲ့ ကာဗာနီ၊ အဲလက်စ် တဲလက်စ်တို့က တကယ့် ကွာလတီ ကစားသမားတွေ ဖြစ်ပြီး အသင်းရဲ့ အရည်အချင်းကိုပါ တစ်ဆင့် မြှင့်ပေးနိုင်မယ့် သူတွေလို့ ချီးကျူးကာ ကြိုဆိုစကား ဆိုလိုက်ပါတယ်။

အိုးလ်ထရက်ဖို့ဒ်ထံကို ကာဗာနီ ရောက်ရှိလာတဲ့အတွက် ယူနိုက်တက် လူငယ်ကြယ်ပွင့် တူရန်ဇီဘီက ပျော်ရွှင်နေပြီး အတွေ့အကြုံရင့် တိုက်စစ်မှူးထံကနေ သင်ယူလေ့လာနိုင်ဖို့ မျှော်လင့်နေသလို ကာဗာနီက ကလပ်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

စပါးကို ဆိုးဝါးစွာ အရေးနိမ့်တဲ့ ပွဲမှာ ယူနိုက်တက် ကွင်းလယ် ဘရူနို ဖာနန်ဒက်စ်က အစွမ်းကုန် အင်တိုင် အားတိုက် ကစားခဲ့သော်လည်း ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရတဲ့ အတွက် စိတ်ပျက်နေပြီး မကျေမနပ် ဖြစ်စွာ ထွက်ခွာခဲ့တယ်လို့ အင်္ဂလန် သတင်းဌာနတွေက ဖော်ထုတ်ထားပါတယ်။

Zawgyi – ဘယ္လ္ဂ်ီယံနဲ႕ သေရက်ခဲ့တဲ့ ပြဲမွာ လူစားလဲခဲ့ရျခင္းက တံေကာက္ေၾကာ ထိခိုက္ ဒဏ္ရာ ရသြားလို႔ မဟုတ္ဘဲ ေမာပန္းလို႔သာ ျဖစ္ေၾကာင္း အိုင္ဗရီကို႔စ္သား ယူနိုက္တက္ ခံစစ္မွဴး အဲရစ္ ဘိုင္လီက ဖြင့္ဟ ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ အသင္းေခါင္းေဆာင္ေဟာင္း ရြိဳင္ကိန္းကေတာ့ လက္ရွိ ယူနိုက္တက္ အသင္းသားေတြဟာ ယခင္နည္းျပ ေမာ္ရင္ညိဳကိုလည္း ဒုကၡေပးခဲ့သလို ယခုလည္း ဆိုးရွားကို ရာထူးက ျပဳတ္ေအာင္ က်က္သေရကင္းမဲ့စြာ လုပ္ေနၾကေၾကာင္း ေပါက္ကြဲစြာ ေ၀ဖန္ခဲ့ပါတယ္။

ယူနိုက္တက္ရဲ႕ နွစ္ကုန္ ဘ႑ာေရး ရွင္းတမ္းဟာ ေအာက္တိုဘာလ ၂၁ ရက္ေန႔မွာ ထုတ္ျပန္ေတာ့မယ္လို႔ သိရပါတယ္။ ဇြန္လကုန္ေနာက္ပိုင္း ကိုဗစ္ေၾကာင့္ စီးပြားေရး ထိခိုက္မႈေတြကို ထိုရွင္းတမ္းမွာ ပိုျပီး သိသာစြာ ျမင္ရမယ္လို႔လည္း ဆိုပါတယ္။

၀ါရင့္ ကြင္းလယ္သမား မာတစ္ကေတာ့ ယူနိုက္တက္မွာ အသစ္ေရာက္လာတဲ့ ကာဗာနီ၊ အဲလက္စ္ တဲလက္စ္တို႔က တကယ့္ ကြာလတီ ကစားသမားေတြ ျဖစ္ျပီး အသင္းရဲ႕ အရည္အခ်င္းကိုပါ တစ္ဆင့္ ျမွင့္ေပးနုိင္မယ့္ သူေတြလို႔ ခ်ီးက်ဴးကာ ၾကိဳဆိုစကား ဆိုလိုက္ပါတယ္။

အိုးလ္ထရက္ဖို႔ဒ္ထံကို ကာဗာနီ ေရာက္ရွိလာတဲ့အတြက္ ယူႏိုက္တက္ လူငယ္ၾကယ္ပြင့္ တူရန္ဇီဘီက ေပ်ာ္႐ႊင္ေနၿပီး အေတြ႕အႀကဳံရင့္ တိုက္စစ္မႉးထံကေန သင္ယူေလ့လာႏိုင္ဖို႔ ေမွ်ာ္လင့္ေနသလို ကာဗာနီက ကလပ္ရဲ႕ ကံၾကမၼာကို ေျပာင္းလဲေပးႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

စပါးကို ဆိုး၀ါးစြာ အေရးနိမ့္တဲ့ ပြဲမွာ ယူနိုက္တက္ ကြင္းလယ္ ဘရူနို ဖာနန္ဒက္စ္က အစြမ္းကုန္ အင္တိုင္ အားတိုက္ ကစားခဲ့ေသာ္လည္း ဒုတိယပိုင္းမွာ လူစားလဲခံခဲ့ရတဲ့ အတြက္ စိတ္ပ်က္ေနျပီး မေက်မနပ္ ျဖစ္စြာ ထြက္ခြာခဲ့တယ္လို႔ အဂၤလန္ သတင္းဌာနေတြက ေဖာ္ထုတ္ထားပါတယ္။