အာဆင်နယ် နည်းပြ အာတီတာက ဒီနွေမှာ ကလပ်ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ကျေနပ်ခဲ့ပေမယ့် ဇန်နဝါရီမှာတော့ အနည်းဆုံး နောက်ထပ် ကစားသမား ၂ယောက် ခေါ်ယူဖို့ စိတ်အားထက်သန်နေဆဲ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဘူကာယို ဆာကာဟာ ဝေးလ်ကို ၃-ဝနဲ့ နိုင်ခဲ့တဲ့ပွဲမှာ အင်္ဂလန်အသင်းအတွက် ပွဲဦးထွက် ကစားခွင့်ရခဲ့ပါတယ်။ အသက်၁၉နှစ်အရွယ် အာဆင်နယ် ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နိုင်ငံတကာ သီတင်းပတ်မှာတော့ ယူ၂၁အသင်းမှာ ပထမဆုံးအကြိမ် ပါဝင်ခွင့်ရခဲ့တာပါ။
အာဆင်နယ်ဟာ အိုဇေးကို မကစားခိုင်းပဲ တစ်ပတ်လုပ်ခ ပေါင်၃သိန်းခွဲ ပေးနေရပြီး နောက်နွေရာသီအထိ စာချုပ်ရှိနေသေးတာနဲ့အတူ အချိ န်မပြည့်ခင် စာချုပ်စောစော ဖျက်သိမ်းပြီး သူ့ကို မြောက်လန်ဒန်ကနေ ထွက်ခွာခွင့်ပေးဖို့ မျှော်လင့်နေပါတယ်။
အက်သလက်တီကို မက်ဒရစ်နဲ့ တော်ရဲရားရဲ့ အငှားစာချုပ်မှာ ယူရို၂၂သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့် ပါရှိတယ်ဆိုတဲ့ သတင်းတွေကို အေးဂျင့်ဖြစ်သူက ဘန်တန်ကာက ငြင်းပယ်ခဲ့ပြီး ရိုးရိုးတန်းတန်း တစ်နှစ် အငှားအပြောင်းအရွှေ့သာဖြစ်တယ်လို့ ဆိုပါတယ်။
ဇာခါ နဲ့အတူ တွဲကစားနိုင်တာကြောင့် ပါတေးဟာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သူဟာ ဗဟို ကွင်းလယ် နှစ်နေရာမှာ ကစားချင်တာဖြစ်ပေမယ့် ဇာခါ၊ ဆီဘယ်လော့၊ အယ်နီနီတို့နဲ့ ပြိုင်ဆိုင်ရမှာပါ။
တီရာနေးဟာ တစ်ယောက်ထဲသီးသန့် ၁၄ရက် နေရမှာဖြစ်ကြောင်း အတည်ပြုခဲ့တဲ့နောက် အာဆင်နယ် အသင်း တာဝန်ရှိသူတွေက ဒေါသထွက် နေခဲ့ပြီး စီးတီးနဲ့ပွဲမှာ ပါဝင်နိုင်အောင် သူ့ကို အရခေါ်ထုတ်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။
အာဆင်နယ် ပရိသတ်တွေ အတွက် နောက်တစ်ပတ် မန်စီးတီးနဲ့ အရေးကြီးတဲ့ပွဲကို လာကြည့်ဖို့ အမ်းမရိတ်စ်ကွင်းထဲ ဝင်ခွင့် ပေးသွားမှာ ဖြစ်ပေမယ့် ကွင်းထဲရှိ စားသောက်ဆိုင်တွေထဲက ပရိုဂျက်တာထဲကနေသာ ကြည့်ရှုခွင့်ရမှာဖြစ်ပြီး ၃၆၈ ယောက်သာ လက်ခံမှာဖြစ်ပါတယ်။
အူဘာမီးယန်းဟာ ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာရခဲ့တာကြောင့် ဂါဘွန် လက်ရွေးစင်အသင်းကနေ ချန်လှပ်ခံခဲ့ရပေမယ့် အသေးစား အဆစ်လွဲမှုသာဖြစ်လို့ အာဆင်နယ်အသင်းနဲ့တော့ လေ့ကျင့်ရေး ဆင်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။
Zawgyi – အာဆင္နယ္ နည္းျပ အာတီတာက ဒီေႏြမွာ ကလပ္ရဲ႕ အေျပာင္းအေ႐ႊ႕ လႈပ္ရွားမႈေတြနဲ႔ ပတ္သက္လို႔ ေက်နပ္ခဲ့ေပမယ့္ ဇန္နဝါရီမွာေတာ့ အနည္းဆုံး ေနာက္ထပ္ ကစားသမား ၂ေယာက္ ေခၚယူဖို႔ စိတ္အားထက္သန္ေနဆဲ ျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ဘူကာယို ဆာကာဟာ ေဝးလ္ကို ၃-၀နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ အဂၤလန္အသင္းအတြက္ ပြဲဦးထြက္ ကစားခြင့္ရခဲ့ပါတယ္။ အသက္၁၉ႏွစ္အ႐ြယ္ အာဆင္နယ္ ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ႏိုင္ငံတကာ သီတင္းပတ္မွာေတာ့ ယူ၂၁အသင္းမွာ ပထမဆုံးအႀကိမ္ ပါဝင္ခြင့္ရခဲ့တာပါ။
အာဆင္နယ္ဟာ အိုေဇးကို မကစားခိုင္းပဲ တစ္ပတ္လုပ္ခ ေပါင္၃သိန္းခြဲ ေပးေနရၿပီး ေနာက္ေႏြရာသီအထိ စာခ်ဳပ္ရွိေနေသးတာနဲ႔အတူ အခ်ိ န္မျပည့္ခင္ စာခ်ဳပ္ေစာေစာ ဖ်က္သိမ္းၿပီး သူ႔ကို ေျမာက္လန္ဒန္ကေန ထြက္ခြာခြင့္ေပးဖို႔ ေမွ်ာ္လင့္ေနပါတယ္။
အက္သလက္တီကို မက္ဒရစ္နဲ႔ ေတာ္ရဲရားရဲ႕ အငွားစာခ်ဳပ္မွာ ယူ႐ို၂၂သန္းနဲ႔ အၿပီးသတ္ဝယ္ယူခြင့္ ပါရွိတယ္ဆိုတဲ့ သတင္းေတြကို ေအးဂ်င့္ျဖစ္သူက ဘန္တန္ကာက ျငင္းပယ္ခဲ့ၿပီး ႐ိုး႐ိုးတန္းတန္း တစ္ႏွစ္ အငွားအေျပာင္းအေ႐ႊ႕သာျဖစ္တယ္လို႔ ဆိုပါတယ္။
ဇာခါ နဲ႔အတူ တြဲကစားႏိုင္တာေၾကာင့္ ပါေတးဟာ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ သူဟာ ဗဟို ကြင္းလယ္ ႏွစ္ေနရာမွာ ကစားခ်င္တာျဖစ္ေပမယ့္ ဇာခါ၊ ဆီဘယ္ေလာ့၊ အယ္နီနီတို႔နဲ႔ ၿပိဳင္ဆိုင္ရမွာပါ။
တီရာေနးဟာ တစ္ေယာက္ထဲသီးသန္႔ ၁၄ရက္ ေနရမွာျဖစ္ေၾကာင္း အတည္ျပဳခဲ့တဲ့ေနာက္ အာဆင္နယ္ အသင္း တာဝန္ရွိသူေတြက ေဒါသထြက္ ေနခဲ့ၿပီး စီးတီးနဲ႔ပြဲမွာ ပါဝင္ႏိုင္ေအာင္ သူ႔ကို အရေခၚထုတ္ဖို႔ ၾကိဳးစားသြားမွာ ျဖစ္ပါတယ္။
အာဆင္နယ္ ပရိသတ္ေတြ အတြက္ ေနာက္တစ္ပတ္ မန္စီးတီးနဲ႔ အေရးႀကီးတဲ့ပြဲကို လာၾကည့္ဖို႔ အမ္းမရိတ္စ္ကြင္းထဲ ဝင္ခြင့္ ေပးသြားမွာ ျဖစ္ေပမယ့္ ကြင္းထဲရွိ စားေသာက္ဆိုင္ေတြထဲက ပ႐ိုဂ်က္တာထဲကေနသာ ၾကည့္ရႈခြင့္ရမွာျဖစ္ၿပီး ၃၆၈ ေယာက္သာ လက္ခံမွာျဖစ္ပါတယ္။
အူဘာမီးယန္းဟာ ရွက္ဖီးယူႏိုက္တက္နဲ႔ပြဲမွာ ေျခက်င္းဝတ္ ဒဏ္ရာရခဲ့တာေၾကာင့္ ဂါဘြန္ လက္ေ႐ြးစင္အသင္းကေန ခ်န္လွပ္ခံခဲ့ရေပမယ့္ အေသးစား အဆစ္လြဲမႈသာျဖစ္လို႔ အာဆင္နယ္အသင္းနဲ႔ေတာ့ ေလ့က်င့္ေရး ဆင္းႏိုင္ခဲ့တာပဲျဖစ္ပါတယ္။