ယူနိုက်တက်ကြယ်ပွင့် အဲရစ်ဘိုင်လီဟာ အိုင်ဗရီကို့စ် လက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့စဉ်အတွင်း တံကောက်ကြော ဒဏ်ရာရခဲ့ဟန် ရှိပေမယ့် စိုးရိမ်စရာမရှိဘူးလို့ ဖွင့်ဟခဲ့ပြီး နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။
ယူနိုက်တက်ဟာ နွေအပြောင်းအရွှေ့အတွင်း ငြိမ်နေခဲ့ပြီး အပြောင်းအရွှေ့ နောက်ဆုံးရက် မှာမှ ကာဗာနီ၊ အဲလက်စ်တဲလက်စ်၊ ပယ်လစ်စထွီ၊ဒီရယ်လိုတို့ကို ခေါ်ယူခဲ့ပေမယ့် အာဆင်နယ်ရရှိခဲ့တဲ့ ကွင်းလယ်လူ သောမတ်စ်ပါတေးကို ခေါ်ဖို့ ကြိုးစားခဲ့သင့်တယ်လို့ ပေါလ်မာဆွန်က ပြောဆိုခဲ့ပါတယ်။
ကာဗာနီဟာ အက်သလက်တီကို၊ ဘင်ဖီကာ၊ လိဒ်တို့ရဲ့ စိတ်ဝင်စားမှုကို ရခဲ့ပေမယ့် ပီအက်စ်ဂျီ အသင်းဖော်ဖြစ်တဲ့ ယူနိုက်တက် ကွင်းလယ်လူဟောင်း ဟာရဲရားရဲ့ အကြံပေးမှုကြောင့် အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါလို့ ဆိုပါတယ်။
ယူနိုက်တက်ဟာ ဖာကန်ဒို ပယ်လစ်စထွီကို အပြောင်းအရွှေ့ နောက်ဆုံးရက် မှာ ခေါ်ယူခဲ့ပြီးနောက် ဒီရာသီအတွက် ပီနာရိုမှာ အငှား ကစားခွင့်ကို ငြင်းပယ်ခဲ့တာဖြစ်သလို တောင်အမေရိက လူငယ်ကြယ်ပွင့် အနေနနဲ့ ယူနိုက်တက် အသင်းကြီးရဲ့အစီအစဉ်တွေမှာ ပါဝင်လာမှာဖြစ်ပါတယ်။
အမည်မသိရတဲ့ ဆော်ဒီ အာရေးဘီးယန်း ကလပ်တစ်ခုက ဟွမ်မာတာကိုခေါ်ယူဖို့ စိတ်အားထက်သန်နေတာနဲ့အတူ သူ့ကို ယူနိုက်တက်ကနေ ထွက်ခွာဖို့ များပြားတဲ့ပမာဏနဲ့ ကမ်းလှမ်းမှုလုပ်ခဲ့ပြီး မာတာ ကလဲ စာချုပ်မပြည့်ခင် စောစော ထွက်ခွာဖို့ အလိုရှိနေပါတယ်။
အသင်းဟောင်း ပီအက်စ်ဂျီနဲ့ပွဲမှာ ယူနိုက်တက်နဲ့ ပွဲဦးထွက်မယ့် ကာဗာနီက ကလပ်ရဲ့ ဂန္တဝင်ကျောနံပါတ်ကို ဆက်ခံခွင့်ရလို့ ပျော်ရွှင်နေပြီး ယခင်က နံပါတ် ၇ ကို ဝတ်ဆင်ခဲ့တဲ့ ဂန္တဝင်တွေလို သူ့ရဲ့ ထိုက်တန်မှုကို ပြသဖို့ ဆုံးဖြတ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။
ဆိုးလ်ရှား လက်အောက် ပြန်တောက်ပလာတဲ့နောက် ယူနိုက်တက်ဟာ ပေါ့ဘာကို စာချုပ်သစ်ချုပ်ဖို့တောင် စဉ်းစားခဲ့ပေမယ့် ကွင်းလယ်လူကတော့ ရီးရဲလ်မက်ဒရစ်က အိမ်မက် ကလပ်ဖြစ်ကြောင်း ထုတ်ပြော ဆိုခဲ့တဲ့နောက် တကယ်တော့ ပေါ့ဘာ ဟာ ဘာ ဦးဆောင်နိုင်စွမ်းမှ မရှိဘူးလို့ စတိဗ်နီကိုးလ်က ဝေဖန်ခဲ့ပါတယ်။
Zawgyi – ယူႏိုက္တက္ၾကယ္ပြင့္ အဲရစ္ဘိုင္လီဟာ အိုင္ဗရီကို႔စ္ လက္ေ႐ြးစင္အသင္းအတြက္ ကစားေပးခဲ့စဥ္အတြင္း တံေကာက္ေၾကာ ဒဏ္ရာရခဲ့ဟန္ ရွိေပမယ့္ စိုးရိမ္စရာမရွိဘူးလို႔ ဖြင့္ဟခဲ့ၿပီး နယူးကာဆယ္နဲ႔ပြဲမွာ ပါဝင္လာႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။
ယူႏိုက္တက္ဟာ ေႏြအေျပာင္းအေ႐ႊ႕အတြင္း ၿငိမ္ေနခဲ့ၿပီး အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္ မွာမွ ကာဗာနီ၊ အဲလက္စ္တဲလက္စ္၊ ပယ္လစ္စထြီ၊ဒီရယ္လိုတို႔ကို ေခၚယူခဲ့ေပမယ့္ အာဆင္နယ္ရရွိခဲ့တဲ့ ကြင္းလယ္လူ ေသာမတ္စ္ပါေတးကို ေခၚဖို႔ ႀကိဳးစားခဲ့သင့္တယ္လို႔ ေပါလ္မာဆြန္က ေျပာဆိုခဲ့ပါတယ္။
ကာဗာနီဟာ အက္သလက္တီကို၊ ဘင္ဖီကာ၊ လိဒ္တို႔ရဲ႕ စိတ္ဝင္စားမႈကို ရခဲ့ေပမယ့္ ပီအက္စ္ဂ်ီ အသင္းေဖာ္ျဖစ္တဲ့ ယူႏိုက္တက္ ကြင္းလယ္လူေဟာင္း ဟာရဲရားရဲ႕ အႀကံေပးမႈေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္ကို ေျပာင္းဖို႔ ဆုံးျဖတ္ခဲ့တာပါလို႔ ဆိုပါတယ္။
ယူႏိုက္တက္ဟာ ဖာကန္ဒို ပယ္လစ္စထြီကို အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္ မွာ ေခၚယူခဲ့ၿပီးေနာက္ ဒီရာသီအတြက္ ပီနာ႐ိုမွာ အငွား ကစားခြင့္ကို ျငင္းပယ္ခဲ့တာျဖစ္သလို ေတာင္အေမရိက လူငယ္ၾကယ္ပြင့္ အေနနနဲ႔ ယူႏိုက္တက္ အသင္းႀကီးရဲ႕အစီအစဥ္ေတြမွာ ပါဝင္လာမွာျဖစ္ပါတယ္။
အမည္မသိရတဲ့ ေဆာ္ဒီ အာေရးဘီးယန္း ကလပ္တစ္ခုက ဟြမ္မာတာကိုေခၚယူဖို႔ စိတ္အားထက္သန္ေနတာနဲ႔အတူ သူ႔ကို ယူႏိုက္တက္ကေန ထြက္ခြာဖို႔ မ်ားျပားတဲ့ပမာဏနဲ႔ ကမ္းလွမ္းမႈလုပ္ခဲ့ၿပီး မာတာ ကလဲ စာခ်ဳပ္မျပည့္ခင္ ေစာေစာ ထြက္ခြာဖို႔ အလိုရွိေနပါတယ္။
အသင္းေဟာင္း ပီအက္စ္ဂ်ီနဲ႔ပြဲမွာ ယူႏိုက္တက္နဲ႔ ပြဲဦးထြက္မယ့္ ကာဗာနီက ကလပ္ရဲ႕ ဂႏၲဝင္ေက်ာနံပါတ္ကို ဆက္ခံခြင့္ရလို႔ ေပ်ာ္႐ႊင္ေနၿပီး ယခင္က နံပါတ္ ၇ ကို ဝတ္ဆင္ခဲ့တဲ့ ဂႏၲဝင္ေတြလို သူ႔ရဲ႕ ထိုက္တန္မႈကို ျပသဖို႔ ဆုံးျဖတ္ထားေၾကာင္း ေျပာဆိုခဲ့ပါတယ္။
ဆိုးလ္ရွား လက္ေအာက္ ျပန္ေတာက္ပလာတဲ့ေနာက္ ယူႏိုက္တက္ဟာ ေပါ့ဘာကို စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ေတာင္ စဥ္းစားခဲ့ေပမယ့္ ကြင္းလယ္လူကေတာ့ ရီးရဲလ္မက္ဒရစ္က အိမ္မက္ ကလပ္ျဖစ္ေၾကာင္း ထုတ္ေျပာ ဆိုခဲ့တဲ့ေနာက္ တကယ္ေတာ့ ေပါ့ဘာ ဟာ ဘာ ဦးေဆာင္ႏိုင္စြမ္းမွ မရွိဘူးလို႔ စတိဗ္နီကိုးလ္က ေဝဖန္ခဲ့ပါတယ္။